ရွမ္းျပည္နယ္ေတာင္ပိုင္ ႏွင့္ အေရွ႕ပိုင္းအတြင္းရွိ (၈)ၿမိဳ႕နယ္တြင္ ဒီဇင္ဘာလအတြင္း ဘိန္းစိုက္ခင္းဧက (၅၀၀)ေက်ာ္ ရွာေဖြဖ်က္ဆီး

ရွမ္းျပည္နယ္ေတာင္ပိုင္ ႏွင့္ အေရွ႕ပိုင္းအတြင္းရွိ (၈)ၿမိဳ႕နယ္တြင္ ဒီဇင္ဘာလအတြင္း ဘိန္းစိုက္ခင္းဧက (၅၀၀)ေက်ာ္ ရွာေဖြဖ်က္ဆီး
ဒီဇင်ဘာ 28, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း ပင္ေလာင္း၊ ဟိုပုံး၊ ဆီဆိုင္၊ ပင္လုံ၊ လဲခ်ား၊ မိုင္းရွဴး၊ ဖယ္ခံုႏွင့္ ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းပ်ဥ္းၿမိဳ႕နယ္မ်ားတြင္ ဘိန္းခင္းရွာေဖြ ဖ်က္ဆီးသည့္ အဖြဲ႔က ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၁)ရက္ေန႔မွ (၂၇)ရက္ေန႔အထိ စုစုေပါင္း (၅၈၈.၅)ဧကကို ရွာေဖြ ဖ်က္ဆီးထားၿပီး ျဖစ္ေၾကာင္း ဒီဇင္ဘာလအတြင္း ျပည္ထဲေရး၏ သတင္းထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

ဘိန္းစိုက္ခင္းမ်ား ရွာေဖြဖ်က္ဆီးျခင္းကို ပူးေပါင္းအဖြဲ႕ျဖင့္ ေဆာင္ရြက္ေနရာ ဒီဇင္ဘာလ (၂၇) ရက္ေန႔က ဟိုပုံုးၿမိဳ႕နယ္၊ ဗန္းေစာက္ေက်း႐ြာအနီးတြင္ အျမင့္ (၃) ေပခန္႔ရွိ ဘိန္းစိုက္ခင္း (၂၆) ဧကခန္႔ကို လည္းေကာင္း၊ ဆီဆိုင္ၿမိဳ႕နယ္၊ ထီေဒးေက်း႐ြာ၌ ဘိန္းစိုက္ခင္း (၁၂) ဧကခန္႔အား လည္းေကာင္း၊ ပင္ေလာင္းၿမိဳ႕နယ္ ေက်းရြာ(၂)ရြာမွ ဘိန္းစိုက္ခင္း (၂၅) ဧကခန္႔အား လည္းေကာင္း ေတြ႔ရိွခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ဘိန္းစိုက္ပ်ိဳးရာသီတြင္ ဘိန္းခင္းမ်ားကို ရွာေဖြ ဖ်က္ဆီးျခင္းအား ေဒသအလုိက္ သက္ဆုိင္ရာ ဌာနမ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕မ်ားျဖင့္ လုပ္ေဆာင္ေနၾကျခင္းျဖစ္ၿပီး ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလအတြင္း ဘိန္းစိုက္ခင္းမ်ား ရွာေဖြ ဖ်က္ဆီးႏုိင္မႈမွာ ပင္ေလာင္း၊ ဟိုပုံး၊ ဆီဆိုင္၊ ပင္လုံ၊ လဲခ်ား၊ မိုင္းရွဴးၿမိဳ႕နယ္မ်ားတြင္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၁၃) ရက္ေန႔က (၇၉)ဧက၊ ဟိုပံုး၊ ပင္ေလာင္းၿမိဳ႕နယ္မ်ား၌ ဒီဇင္ဘာလ (၁၆) ရက္ေန႔က (၃၁)ဧက၊ ဒီဇင္ဘာလ (၁၇) ရက္ေန႔က (၃၃)ဧက၊ ဒီဇင္ဘာလ (၁၈) ရက္ေန႔က (၄၀)ဧက၊ ဟိုပုံး၊ ပင္ေလာင္းႏွင့္ ဆီဆိုင္ၿမိဳ႕နယ္မ်ား၌   ဒီဇင္ဘာလ (၁၉) ရက္ေန႔က (၄၃)ဧက၊ ဒီဇင္ဘာလ (၂၀) ရက္ေန႔က (၅၀)ဧက ရွာေဖြဖ်က္ဆီးခဲ့ၾကေၾကာင္း သိရသည္။

ဆက္လက္၍ ဆီဆိုင္၊ ပင္ေလာင္း၊ ဟိုပုံးႏွင့္ ဖယ္ခုံၿမိဳ႕နယ္မ်ား၌  ဒီဇင္ဘာလ ၂၁ ရက္ေန႔က (၄၄.၅)ဧက၊ ဟိုပုံး၊ ပင္ေလာင္းႏွင့္ မိုင္းပ်ဥ္းၿမိဳ႕နယ္တို႔၌ ဒီဇင္ဘာလ(၂၂)ရက္ေန႔က (၆၅)ဧက၊ ဟိုပုံး၊ ပင္ေလာင္းႏွင့္ မိုင္းပ်ဥ္းၿမိဳ႕နယ္တို႔၌ ဒီဇင္ဘာလ (၂၃)ရက္ေန႔က (၆၁)ဧက၊ ဟိုပုံး၊ ပင္ေလာင္းႏွင့္ ဆီဆိုင္ၿမိဳ႕နယ္တို႔၌ ဒီဇင္ဘာလ (၂၆)ရက္ေန႔က (၇၉)ဧကႏွင့္ ဟိုပုံး၊ ဆီဆိုင္ႏွင့္ ပင္ေလာင္းၿမိဳ႕နယ္တို႔၌ ဒီဇင္ဘာလ (၂၇)ရက္ေန႔က (၆၃)ဧကအသီးသီးကို ေတြ႔ရိွဖ်က္ဆီးႏုိင္ခဲ့ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂Unicode Version ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း၊ ဟိုပုံး၊ ဆီဆိုင်၊ ပင်လုံ၊ လဲချား၊ မိုင်းရှူး၊ ဖယ်ခုံနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်များတွင် ဘိန်းခင်းရှာဖွေ ဖျက်ဆီးသည့် အဖွဲ့က ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့မှ (၂၇)ရက်နေ့အထိ စုစုပေါင်း (၅၈၈.၅)ဧကကို ရှာဖွေ ဖျက်ဆီးထားပြီး ဖြစ်ကြောင်း ဒီဇင်ဘာလအတွင်း ပြည်ထဲရေး၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ဘိန်းစိုက်ခင်းများ ရှာဖွေဖျက်ဆီးခြင်းကို ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်နေရာ ဒီဇင်ဘာလ (၂၇) ရက်နေ့က ဟိုပုံးမြို့နယ်၊ ဗန်းစောက်ကျေးရွာအနီးတွင် အမြင့် (၃) ပေခန့်ရှိ ဘိန်းစိုက်ခင်း (၂၆) ဧကခန့်ကို လည်းကောင်း၊ ဆီဆိုင်မြို့နယ်၊ ထီဒေးကျေးရွာ၌ ဘိန်းစိုက်ခင်း (၁၂) ဧကခန့်အား လည်းကောင်း၊ ပင်လောင်းမြို့နယ် ကျေးရွာ(၂)ရွာမှ ဘိန်းစိုက်ခင်း (၂၅) ဧကခန့်အား လည်းကောင်း တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဘိန်းစိုက်ပျိုးရာသီတွင် ဘိန်းခင်းများကို ရှာဖွေ ဖျက်ဆီးခြင်းအား ဒေသအလိုက် သက်ဆိုင်ရာ ဌာနများ ပါဝင်သည့် ပူးပေါင်းအဖွဲ့များဖြင့် လုပ်ဆောင်နကြခြေင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဘိန်းစိုက်ခင်းများ ရှာဖွေ ဖျက်ဆီးနိုင်မှုမှာ ပင်လောင်း၊ ဟိုပုံး၊ ဆီဆိုင်၊ ပင်လုံ၊ လဲချား၊ မိုင်းရှူးမြို့နယ်များတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်နေ့က (၇၉)ဧက၊ ဟိုပုံး၊ ပင်လောင်းမြို့နယ်များ၌ ဒီဇင်ဘာလ (၁၆) ရက်နေ့က (၃၁)ဧက၊ ဒီဇင်ဘာလ (၁၇) ရက်နေ့က (၃၃)ဧက၊ ဒီဇင်ဘာလ (၁၈) ရက်နေ့က (၄၀)ဧက၊ ဟိုပုံး၊ ပင်လောင်းနှင့် ဆီဆိုင်မြို့နယ်များ၌ ဒီဇင်ဘာလ (၁၉) ရက်နေ့က (၄၃)ဧက၊ ဒီဇင်ဘာလ (၂၀) ရက်နေ့က (၅၀)ဧက ရှာဖွေဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံးနှင့် ဖယ်ခုံမြို့နယ်များ၌ ဒီဇင်ဘာလ ၂၁ ရက်နေ့က (၄၄.၅)ဧက၊ ဟိုပုံး၊ ပင်လောင်းနှင့် မိုင်းပျဉ်းမြို့နယ်တို့၌ ဒီဇင်ဘာလ(၂၂)ရက်နေ့က (၆၅)ဧက၊ ဟိုပုံး၊ ပင်လောင်းနှင့် မိုင်းပျဉ်းမြို့နယ်တို့၌ ဒီဇင်ဘာလ (၂၃)ရက်နေ့က (၆၁)ဧက၊ ဟိုပုံး၊ ပင်လောင်းနှင့် ဆီဆိုင်မြို့နယ်တို့၌ ဒီဇင်ဘာလ (၂၆)ရက်နေ့က (၇၉)ဧကနှင့် ဟိုပုံး၊ ဆီဆိုင်နှင့် ပင်လောင်းမြို့နယ်တို့၌ ဒီဇင်ဘာလ (၂၇)ရက်နေ့က (၆၃)ဧကအသီးသီးကို တွေ့ရှိဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~