မိုင္းျဖတ္ - တာခ်ီလိတ္လမ္းေဘးေခ်ာက္အတြင္း အသတ္ခံထားရသည့္ လူငယ္အေလာင္းေတြ႔ရိွ

မိုင္းျဖတ္ - တာခ်ီလိတ္လမ္းေဘးေခ်ာက္အတြင္း အသတ္ခံထားရသည့္ လူငယ္အေလာင္းေတြ႔ရိွ
ဒီဇင်ဘာ 1, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္ မိုင္းျဖတ္ၿမိဳ႕နယ္၊ ဝမ္လံုးေက်းရြာအုပ္စု၊ နမ့္ခမ္းေတာင္ေက်းရြာအနီး မုိင္းျဖတ္ - တာခ်ီလိတ္လမ္းမႀကီးေဘးတြင္ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၃၀)ရက္ေန႔ ည(၇)နာရီ (၄၅)မိနစ္ဝန္းက်င္က အသတ္ခံထားရသည့္ အမ်ိဳးသားအေလာင္းကိုေတြ႔ရေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕က သက္ေသမ်ားပါဝင္သည့္အဖြဲ႕ျဖင့္ အေလာင္းေတြ႔ရိွထားေၾကာင္း သတင္းရေနရာအား သြားေရာက္စစ္ေဆးရာ လမ္းေဘး အနက္ေပ (၃၀)ခန္႔ရိွ ေခ်ာက္အတြင္း၌ အသက္(၃၀)အရြယ္ အမ်ိဳးသားတစ္ဦးကို မ်က္ႏွာႏွင့္ လည္ပင္းတို႔တြင္ ထိုးသြင္း၊ ျပတ္ရွဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသည္ကို ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါအမ်ိဳးသားမွာ ေခါင္းစြပ္ပါသည့္ အနက္ေရာင္အေႏြးထည္၊ ဂ်င္းမိႈတက္ေဘာင္းဘီရွည္၊ Adidas တံဆိပ္ အနက္ေရာင္ရႈးဖိနပ္တို႔ ဝတ္ဆင္ထားသည္ကိုေတြ႔ရၿပီး အေလာင္းအား မိုင္းျဖတ္ျပည္သူ႔ေဆးရံုပို႔ေဆာင္ထားၿပီး မည္သူမည္ဝါျဖစ္သည္ကို အတည္ျပဳဆဲျဖစ္ေၾကာင္း သိရသည္။

အဆိုပါ လူသတ္မႈကို မိုင္းျဖတ္ၿမိဳ႕ရဲစခန္းတြင္ (ပ) ၂၄/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္အမႈဖြင့္ထားၿပီး က်ဴးလြန္သူအား ေဖၚထုတ္ႏုိင္ရန္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု -ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းဖြတ် - တာချီလိတ်လမ်းဘေးချောက်အတွင်း အသတ်ခံထားရသည့် လူငယ်အလောင်းတွေ့ရှိ
*************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ နမ့်ခမ်းတောင်ကျေးရွာအနီး မိုင်းဖြတ် - တာချီလိတ်လမ်းမကြီးဘေးတွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်နေ့ ည(၇)နာရီ (၄၅)မိနစ်ဝန်းကျင်က အသတ်ခံထားရသည့် အမျိုးသားအလောင်းကိုတွေ့ရကြောင်း သိရသည်။

ရဲတပ်ဖွဲ့က သက်သေများပါဝင်သည့်အဖွဲ့ဖြင့် အလောင်းတွေ့ရှိထားကြောင်း သတင်းရနေရာအား သွားရောက်စစ်ဆေးရာ လမ်းဘေး အနက်ပေ (၃၀)ခန့်ရှိ ချောက်အတွင်း၌ အသက်(၃၀)အရွယ် အမျိုးသားတစ်ဦးကို မျက်နှာနှင့် လည်ပင်းတို့တွင် ထိုးသွင်း၊ ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအမျိုးသားမှာ ခေါင်းစွပ်ပါသည့် အနက်ရောင်အနွေးထည်၊ ဂျင်းမှိုတက်ဘောင်းဘီရှည်၊ Adidas တံဆိပ် အနက်ရောင်ရှုးဖိနပ်တို့ ဝတ်ဆင်ထားသည်ကိုတွေ့ရပြီး အလောင်းအား မိုင်းဖြတ်ပြည်သူ့ဆေးရုံပို့ဆောင်ထားပြီး မည်သူမည်ဝါဖြစ်သည်ကို အတည်ပြုဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ လူသတ်မှုကို မိုင်းဖြတ်မြို့ရဲစခန်းတွင် (ပ) ၂၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ထားပြီး ကျူးလွန်သူအား ဖေါ်ထုတ်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ -ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~