ေမာင္ေတာၿမိဳ႕နယ္၌ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ လံုၿခံဳေရးေဆာင္ရြက္စဥ္ မသကၤာဖြယ္အမ်ိဳးသားမ်ား ထြက္ေျပးလြတ္ေျမာက္သြားၿပီး တိုက္ခိုက္ေရးသံုးဖိနပ္မ်ား သိမ္းဆည္းရမိ

ေမာင္ေတာၿမိဳ႕နယ္၌ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ လံုၿခံဳေရးေဆာင္ရြက္စဥ္ မသကၤာဖြယ္အမ်ိဳးသားမ်ား ထြက္ေျပးလြတ္ေျမာက္သြားၿပီး တိုက္ခိုက္ေရးသံုးဖိနပ္မ်ား သိမ္းဆည္းရမိ
ဒီဇင်ဘာ 29, 2018
By 🌸
ျမန္မာ - ဘဂၤလားေဒ့ရွ္နယ္စပ္၊ ရခုိင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္၊ ဖက္လိပ္ျပင္ေက်းရြာအနီး လွ်ိဳအတြင္း၌ တုိက္ခိုက္ေရးသံုးဖိနပ္၊ ဓါတ္ခဲႏွင့္ ဝါယာႀကိဳးမ်ားကို ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၂၈)ရက္ေန႔ ေန႔လယ္ (၁)နာရီခြဲဝန္းက်င္က သိမ္းဆည္းရမိေၾကာင္း သိရသည္။

အမွတ္(၆) နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ခြဲမွ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ လံုၿခံဳေရးစစ္ေဆးစဥ္ ေမာင္ေတာၿမိဳ႕နယ္၊ ဖက္လိပ္ျပင္ေက်း႐ြာအနီးလွ်ိဳအတြင္း၌ မသကၤာဖြယ္အမ်ိဳးသား (၃) ဦး ထြက္ေျပးသြားသည္ကိုေတြ႕ရွိရၿပီး ၎တို႔အားေတြ႕ရွိသည့္ေနရာႏွင့္ ကိုက္ (၅၀) ခန္႔အကြာ၌ ဆာလာအိတ္ (၃) အိတ္ျဖင့္ထည့္ထားသည့္ တိုက္ခိုက္ေရးသံုးဖိနပ္ (၁၅) ရံ(အသုံးျပဳၿပီး)၊ Power Bank (၁) လုံး၊ ဓာတ္ခဲေျခာက္ (၁) လုံး၊ Capacitor (၂) လုံးႏွင့္ ခ်ိတ္ဆက္ထားေသာ ျဖဴးစ္ဟုယူဆရသည့္ အရွည္တစ္လက္မခန္႔ နီ/ နက္ ဝါယာႀကိဳးတစ္ေခ်ာင္းႏွင့္ တစ္ေပခန္႔ အဝါေရာင္ဝါယာႀကိဳး တစ္ေခ်ာင္းတို႔အား သိမ္းဆည္းရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာ - ဘဂၤလားေဒ့ရွ္နယ္စပ္တြင္ ႏွစ္ႏုိင္ငံတပ္ဖြဲ႕မ်ားညိႇႏိႈင္း၍ ေျမျပင္၊ ေရျပင္ကင္းလွည့္ျခင္းကိုလည္း ေဆာင္ရြက္ေနၾကျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု -MOHA

~~~~~~~~⊰❂Unicode Version ~~~~~~~~
မောင်တောမြို့နယ်၌ နယ်ခြားစောင့်ရဲတပ်ဖွဲ့ လုံခြုံရေးဆောင်ရွက်စဉ် မသင်္ကာဖွယ်အမျိုးသားများ ထွက်ပြေးလွတ်မြောက်သွားပြီး တိုက်ခိုက်ရေးသုံးဖိနပ်များ သိမ်းဆည်းရမိ
**********
မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဖက်လိပ်ပြင်ကျေးရွာအနီး လျှိုအတွင်း၌ တိုက်ခိုက်ရေးသုံးဖိနပ်၊ ဓါတ်ခဲနှင့် ဝါယာကြိုးများကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့ နေ့လယ် (၁)နာရီခွဲဝန်းကျင်က သိမ်းဆည်းရမိကြောင်း သိရသည်။

အမှတ်(၆) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင်များသည် လုံခြုံရေးစစ်ဆေးစဉ် မောင်တောမြို့နယ်၊ ဖက်လိပ်ပြင်ကျေးရွာအနီးလျှိုအတွင်း၌ မသင်္ကာဖွယ်အမျိုးသား (၃) ဦး ထွက်ပြေးသွားသည်ကိုတွေ့ရှိရပြီး ၎င်းတို့အားတွေ့ရှိသည့်နေရာနှင့် ကိုက် (၅၀) ခန့်အကွာ၌ ဆာလာအိတ် (၃) အိတ်ဖြင့်ထည့်ထားသည့် တိုက်ခိုက်ရေးသုံးဖိနပ် (၁၅) ရံ(အသုံးပြုပြီး)၊ Power Bank (၁) လုံး၊ ဓာတ်ခဲခြောက် (၁) လုံး၊ Capacitor (၂) လုံးနှင့် ချိတ်ဆက်ထားသော ဖြူးစ်ဟုယူဆရသည့် အရှည်တစ်လက်မခန့် နီ/ နက် ဝါယာကြိုးတစ်ချောင်းနှင့် တစ်ပေခန့် အဝါရောင်ဝါယာကြိုး တစ်ချောင်းတို့အား သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် နှစ်နိုင်ငံတပ်ဖွဲ့များညှိနှိုင်း၍ မြေပြင်၊ ရေပြင်ကင်းလှည့်ခြင်းကိုလည်း ဆောင်ရွက်နေကြခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ -MOHA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~