အရည်အသွေးမပြည့်မီဘဲ မျိုးစေ့ဖြန့်ဖြူးခဲ့သည့် Great Wall Tomorrow Hi-Tech Agriculture Co.Ltd ကို အရေးယူထား

အရည်အသွေးမပြည့်မီဘဲ မျိုးစေ့ဖြန့်ဖြူးခဲ့သည့် Great Wall Tomorrow Hi-Tech Agriculture Co.Ltd ကို အရေးယူထား
ဒီဇငျဘာ 9, 2018
By Tachileik News Agency

Great Wall Tomorrow Hi-Tech Agriculture Co.Ltd မှ ရောင်းချခဲ့သည့် စပါးမျိုးစေ့ အရည်အသွေး မှန်ကန်မှု မရှိသဖြင့် တောင်သူများနစ်နာခဲ့ရသဖြင့် ကုမ္ပဏီကို ကနဦး ဒဏ်ကြေးငွေ ကျပ် (၁၀) သိန်း ပေးဆောင်စေခြင်း၊ ပြင်းထန်စွာ သတိပေးခြင်းနှင့် မျိုးစေ့ထုတ်လုပ်မှုအပိုင်းကို ရပ်ဆိုင်းထားစေခြင်းတို့ဖြင့် ပြစ်ဒဏ်ပေးထားကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီအနေဖြင့် မျိုးစေ့ထုတ်လုပ် ဖြန့်ဖြူးမှုအပိုင်းကို ဌာန၏ စစ်ဆေးမှု ခံယူပြီးနောက်မှသာ ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် နွေစပါးစိုက်ပျိုးရာသီတွင် Great Wall Tomorrow Hi-Tech Agriculture Co.Ltd ၏ (GW-1 Hybrid Pearl Rice Seed) စပ်မျိုးစပါးမျိုးစေ့ အရည်အသွေး မှန်ကန်မှုမရှိသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ သရက်ကန်ကျေးရွာရှိ တောင်သူလယ်သမားများ နစ်နာဆုံးရှုံးမှုကို မည်သို့ ကုစားပေးမည်ကို သိလိုကြောင်း ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒီပဲယင်း မဲဆန္ဒနယ်မှ ဦးဝင်းမြင့်အောင်က မေးမြန်းရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

မျိုးစေ့ထုပ်ပိုးထားသော (သို့မဟုတ်) ထည့်သွင်းထားသောပစ္စည်းပေါ်တွင် ကုန်အမှတ်တံဆိပ်၊ မျိုးစေ့အမည်၊ မျိုးစေ့အလေးအချိန်/ပမာဏ၊ မျိုးစေ့အရည်အသွေး၊ သုံးစွဲရန်အညွှန်းစာ၊ သက်တမ်း ကုန်ဆုံးမည့်ရက်စွဲ၊ လိုင်စင်အမှတ်နှင့်ရက်စွဲ၊ မျိုးစေ့အရည်အသွေးနှင့်စပ်လျဉ်းပြီး အာမခံကြောင်း ဖော်ပြချက်၊ အမျိုးသားမျိုးစေ့ကော်မတီက အခါအားလျော်စွာသတ်မှတ်သည့် အခြားအချက်အလက်များ မှန်ကန်စွာထည့် သွင်းဖော်ပြရမည်ဟု မျိုးစေ့ဥပဒေ ပုဒ်မ ၁၈ ပုဒ်မခွဲ(ဃ)တွင် တိကျစွာပြဋ္ဌာန်း ထားသော်လည်း အဆိုပါ ကုမ္ပဏီအနေဖြင့် ယင်းပြဋ္ဌာန်းချက်ကို ချိုးဖောက်ခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါဖြစ်စဉ်ပေါ်ပေါက်ပြီးနောက်ပိုင်းတွင် စိုက်ပျိုးရေးဦးစီးဌာနအနေနှင့် ကုမ္ပဏီ၏ မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်သည့် စိုက်ကွင်းကို ကွင်းဆင်းစစ်ဆေးခြင်း(Field Inspection) ဆောင်ရွက်ခဲ့ကာ စတင် စိုက်ပျိုးသည်မှ ရိတ်သိမ်း၊ သန့်စင်၊ သိုလှောင်ဖြန့်ဖြူးမှု အဆင့်ဆင့်အထိ လိုအပ်ချက်များကို စစ်ဆေး ပြုပြင်စေခြင်း၊ ကြီးကြပ်မှုပိုင်းဆိုင်ရာ အားနည်းမှုအတွက် စစ်ဆေးနိုင်မည့် ပညာရှင်တိုးချဲ့ ခန့်ထားရေး ညွှန်ကြားထားခြင်းနှင့် ညွှန်ကြားသည့်အတိုင်း လိုက်နာဆောင်ရွက်ပြီး ထုတ်လုပ် ထွက်ရှိလာသည့် မျိုးစေ့ကို ဌာန၏ မျိုးစေ့အရည်အသွေး စစ်ဆေးသည့် ဓာတ်ခွဲခန်းတွင် စစ်ဆေး အတည်ပြုပြီးမှသာ မျိုးစေ့ထုတ် လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းကို ဆက်လက် ဆောင်ရွက်ခွင့် ပေးမည်ဖြစ်ကြောင်း သိရသည်။

မျိုးစေ့ထုတ်ကုမ္ပဏီများအနေနှင့် အရည်အသွေးပြည့်မီသည့် မျိုးစေ့များထုတ်လုပ်ရေး၊ အရည်အသွေးပြည့် မီမှုရှိ/မရှိ စစ်ဆေးအတည်ပြုချက်ရရှိမှသာ ဖြန့်ဖြူးရောင်းချစေရေးကို ဝန်ကြီးဌာနအနေနှင့် မျိုးစေ့ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နေကြောင်း ဒုတိယဝန်ကြီးက ဖြေကြားသည်။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

Great Wall Tomorrow Hi-Tech Agriculture Co.Ltd မှ ရောင်းချခဲ့သည့် စပါးမျိုးစေ့ အရည်အသွေးမှန်ကန်မှု မရှိသဖြင့် တောင်သူများနစ်နာခဲ့ရသဖြင့် ကုမ္ပဏီကို ကနဦး ဒဏ်ကြေးငွေ ကျပ် (၁၀) သိန်း ပေးဆောင်စခြေင်း၊ ပြင်းထန်စွာ သတိပေးခြင်းနှင့် မျိုးစေ့ထုတ်လုပ်မှုအပိုင်းကို ရပ်ဆိုင်းထားစခြေင်းတို့ဖြင့် ပြစ်ဒဏ်ပေးထားကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီအနဖြေင့် မျိုးစေ့ထုတ်လုပ် ဖြန့်ဖြူးမှုအပိုင်းကို ဌာန၏ စစ်ဆေးမှု ခံယူပြီးနောက်မှသာ ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် နွေစပါးစိုက်ပျိုးရာသီတွင် Great Wall Tomorrow Hi-Tech Agriculture Co.Ltd၏ (GW-1 Hybrid Pearl Rice Seed) စပ်မျိုးစပါးမျိုးစေ့ အရည်အသွေး မှန်ကန်မှုမရှိသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ သရက်ကန်ကျေးရွာရှိ တောင်သူလယ်သမားများ နစ်နာဆုံးရှုံးမှုကို မည်သို့ ကုစားပေးမည်ကို သိလိုကြောင်း ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒီပဲယင်း မဲဆန္ဒနယ်မှ ဦးဝင်းမြင့်အောင်က မေးမြန်းရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည်ဖြကြေားခဲ့ခြင်းဖြစ်သည်။

မျိုးစေ့ထုပ်ပိုးထားသော (သို့မဟုတ်) ထည့်သွင်းထားသောပစ္စည်းပေါ်တွင် ကုန်အမှတ်တံဆိပ်၊ မျိုးစေ့အမည်၊ မျိုးစေ့အလေးအချိန်/ပမာဏ၊ မျိုးစေ့အရည်အသွေး၊ သုံးစွဲရန်အညွှန်းစာ၊ သက်တမ်း ကုန်ဆုံးမည့်ရက်စွဲ၊ လိုင်စင်အမှတ်နှင့်ရက်စွဲ၊ မျိုးစေ့အရည်အသွေးနှင့်စပ်လျဉ်းပြီး အာမခံကြောင်း ဖော်ပြချက်၊ အမျိုးသားမျိုးစေ့ကော်မတီက အခါအားလျော်စွာသတ်မှတ်သည့် အခြားအချက်အလက်များ မှန်ကန်စွာထည့် သွင်းဖော်ပြရမည်ဟု မျိုးစေ့ဥပဒေ ပုဒ်မ ၁၈ ပုဒ်မခွဲ(ဃ)တွင် တိကျစွာပြဋ္ဌာန်း ထားသော်လည်း အဆိုပါ ကုမ္ပဏီအနဖြေင့် ယင်းပြဋ္ဌာန်းချက်ကို ချိုးဖောက်ခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြန်လည်ဖြကြေားခဲ့သည်။

အဆိုပါဖြစ်စဉ်ပေါ်ပေါက်ပြီးနောက်ပိုင်းတွင် စိုက်ပျိုးရေးဦးစီးဌာနအနေနှင့် ကုမ္ပဏီ၏ မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်သည့် စိုက်ကွင်းကို ကွင်းဆင်းစစ်ဆေးခြင်း(Field Inspection) ဆောင်ရွက်ခဲ့ကာ စတင် စိုက်ပျိုးသည်မှ ရိတ်သိမ်း၊ သန့်စင်၊ သိုလှောင်ဖြန့်ဖြူးမှု အဆင့်ဆင့်အထိ လိုအပ်ချက်များကို စစ်ဆေး ပြုပြင်စခြေင်း၊ ကြီးကြပ်မှုပိုင်းဆိုင်ရာ အားနည်းမှုအတွက် စစ်ဆေးနိုင်မည့် ပညာရှင်တိုးချဲ့ ခန့်ထားရေး ညွှန်ကြားထားခြင်းနှင့် ညွှန်ကြားသည့်အတိုင်း လိုက်နာဆောင်ရွက်ပြီး ထုတ်လုပ် ထွက်ရှိလာသည့် မျိုးစေ့ကို ဌာန၏ မျိုးစေ့အရည်အသွေး စစ်ဆေးသည့် ဓာတ်ခွဲခန်းတွင် စစ်ဆေး အတည်ပြုပြီးမှသာ မျိုးစေ့ထုတ် လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းကို ဆက်လက် ဆောင်ရွက်ခွင့် ပေးမည်ဖြစ်ကြောင်း သိရသည်။

မျိုးစေ့ထုတ်ကုမ္ပဏီများအနေနှင့် အရည်အသွေးပြည့်မီသည့် မျိုးစေ့များထုတ်လုပ်ရေး၊ အရည်အသွေးပြည့် မီမှုရှိ/မရှိ စစ်ဆေးအတည်ပြုချက်ရရှိမှသာ ဖြန့်ဖြူးရောင်းချစေရေးကို ဝန်ကြီးဌာနအနေနှင့် မျိုးစေ့ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နေကြောင်း ဒုတိယဝန်ကြီးက ဖြကြေားသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~