တာခ်ီလိတ္တြင္ Ethnic Youth Tachileik က ဖြင့္လွစ္မည့္ သက္ေမြးဝမ္းေၾကာင္း အခမဲ့သင္တန္းသို႔ ဒီဇင္ဘာလ (၇)ရက္ေန႔ ေနာက္ဆံုးေလွ်ာက္ထားႏုိင္

တာခ်ီလိတ္တြင္ Ethnic Youth Tachileik က ဖြင့္လွစ္မည့္ သက္ေမြးဝမ္းေၾကာင္း အခမဲ့သင္တန္းသို႔ ဒီဇင္ဘာလ (၇)ရက္ေန႔ ေနာက္ဆံုးေလွ်ာက္ထားႏုိင္
ဒီဇင်ဘာ 1, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ Ethnic Youth Tachileik မွဖြင့္လွစ္သည့္ ဟိုတယ္ပိုင္းဆိုင္ရာ ဝန္ေဆာင္မႈ (၄)လသင္တန္းဆင္း သင္တန္းသား၊သင္တန္းသူ (၂၀)ဦးကို ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၁)ရက္ေန႔တြင္ သင္တန္းဆင္းဂုဏ္ျပဳပြဲက်င္းပသည္။

တိုင္းရင္းသားလူငယ္ရပ္ရြာအက်ိဳးျပဳလူမႈကူညီေရးအဖြဲ႔(Ethnic Youth Tachileik )က ေက်ာင္းမေနေတာ့သည့္ သူမ်ားႏွင့္ အလုပ္လက္မဲ့ျဖစ္ေနသည့္ အသက္(၁၇)ႏွစ္မွ (၂၂)ႏွစ္ၾကားလူငယ္မ်ားကို (၄)လၾကာျမင့္သည့္ အခ်ိန္ျပည့္အသက္ေမြးဝမ္းေၾကာင္းသင္တန္းမ်ားကို တစ္ႏွစ္လွ်င္ (၂)ႀကိမ္ဖြင့္လွစ္ေပးေနရာ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလတြင္ ျပန္လည္စတင္မည့္ (၄)လၾကာသင္တန္းအတြက္ ဒီဇင္ဘာလ (၇)ရက္ေန႔ ေနာက္ဆံုးထား၍ ေလွ်ာက္ထားႏုိင္ေၾကာင္း သိရသည္။

သင္တန္းသားဦးေရ (၂၀)ဦးလက္ခံသြားမည့္ အဆိုပါအခမဲ့သင္တန္းကို ေဒသမေရြးေလွ်ာက္ထားႏုိင္ၿပီး ရပ္ေဝးမွသင္တန္းသား၊ သင္တန္းသူမ်ားအတြက္ အေဆာင္စီစဥ္ေပးမည္ျဖစ္ေသာ္လည္း ေနထိုင္စားေသာက္စရိတ္ ေပးရမည္ျဖစ္ေၾကာင္း သိရသည္။

အေသးစိတ္သိရိွလိုပါက Ethnic Youth Tachileik ျမန္မာဖုန္း 09 450480077 ႏွင့္ ထုိင္းဖုန္း 0808432855 တို႔သို႔ ဆက္သြယ္စံုစမ္းေမးျမန္းႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု -Ethnic Youth Tachileik

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် Ethnic Youth Tachileik ကဖွင့်လှစ်မည့် သက်မွေးဝမ်းကြောင်း အခမဲ့သင်တန်းသို့ ဒီဇင်ဘာလ (၇)ရက်နေ့ နောက်ဆုံးလျှောက်ထားနိုင်
*********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ Ethnic Youth Tachileik မှဖွင့်လှစ်သည့် ဟိုတယ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှု (၄)လသင်တန်းဆင်း သင်တန်းသား၊သင်တန်းသူ (၂၀)ဦးကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့တွင် သင်တန်းဆင်းဂုဏ်ပြုပွဲကျင်းပသည်။

တိုင်းရင်းသားလူငယ်ရပ်ရွာအကျိုးပြုလူမှုကူညီရေးအဖွဲ့(Ethnic Youth Tachileik )က ကျောင်းမနေတော့သည့် သူများနှင့် အလုပ်လက်မဲ့ဖြစ်နေသည့် အသက်(၁၇)နှစ်မှ (၂၂)နှစ်ကြားလူငယ်များကို (၄)လကြာမြင့်သည့် အချိန်ပြည့်အသက်မွေးဝမ်းကြောင်းသင်တန်းများကို တစ်နှစ်လျှင် (၂)ကြိမ်ဖွင့်လှစ်ပေးနေရာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် ပြန်လည်စတင်မည့် (၄)လကြာသင်တန်းအတွက် ဒီဇင်ဘာလ (၇)ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း သိရသည်။

သင်တန်းသားဦးရေ (၂၀)ဦးလက်ခံသွားမည့် အဆိုပါအခမဲ့သင်တန်းကို ဒေသမရွေးလျှောက်ထားနိုင်ပြီး ရပ်ဝေးမှသင်တန်းသား၊ သင်တန်းသူများအတွက် အဆောင်စီစဉ်ပေးမည်ဖြစ်သော်လည်း နေထိုင်စားသောက်စရိတ် ပေးရမည်ဖြစ်ကြောင်း သိရသည်။

အသေးစိတ်သိရှိလိုပါက Ethnic Youth Tachileik မြန်မာဖုန်း 09 450480077 နှင့် ထိုင်းဖုန်း 0808432855 တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ -Ethnic Youth Tachileik

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~