သီေပါ နမၼတူေခ်ာင္းအတြင္းမွ ဆယ္ယူရရိွသည့္ အေလာင္းကို DNA စစ္ေဆးေနဆဲ

သီေပါ နမၼတူေခ်ာင္းအတြင္းမွ ဆယ္ယူရရိွသည့္ အေလာင္းကို DNA စစ္ေဆးေနဆဲ
ဒီဇင်ဘာ 2, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕နယ္ နမၼတူေခ်ာင္းအတြင္း ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၂ )ရက္ေန႔ ေန႔လယ္ပိုင္းက ေတြ႔ရွိရသည့္ အေလာင္းအား DNA စစ္ေဆး အတည္ျပဳခ်က္ရယူရန္ စီအိုင္ဒီသို႔ ပို႔ေဆာင္ထားဆဲျဖစ္ၿပီး ေပ်ာက္ဆံုးေနသည့္ ကိုရီးယားခရီးသြားျဖစ္သည္ဟု အတည္မျပဳႏိုင္ေသးေၾကာင္း သီေပါၿမိဳ႕မရဲတပ္ဖြဲ႔ထံမွ သိရသည္။

နမၼတူေခ်ာင္းအတြင္း ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၂၃) ရက္ေန႔က ေတာင္ကိုရီးယားႏိုင္ငံသူ Ms.Heo အပါအဝင္ ႏိုင္ငံျခားသားခရီးသြား(၅)ဦး ပါဝင္သည့္အဖြဲ႕က နမၼတူေခ်ာင္းအတြင္း ေဘာကြင္းငယ္ျဖင့္ ေရကူးေနစဥ္ Ms.Heo မွာ ေရထဲသို႔ ျပဳတ္က်ေပ်ာက္ဆံုးေနခဲ့ျခင္းျဖစ္သည္။

"အဖြဲ႔က (၅)ဦးပါတယ္။ ေဒသခံ စကားျပန္ (၂) ဦးလည္း ပါတယ္။ အဲဒီလိုသြားလာေနရင္းနဲ႔ ေရေၾကာင္းခရီး အေပ်ာ္သြားေနတုန္း ေရထဲျပဳတ္က်ေပ်ာက္ဆံုးသြားတာ။ ဒီဇင္ဘာလ (၂)ရက္ေန႔မွာ အဲဒီေခ်ာင္းထဲမွာပဲ လူေသအေလာင္းတစ္ခုေတြ႔တယ္။ အေလာင္းက အရိုးေတြပဲ က်န္တဲ့အထိျဖစ္ေနေတာ့ က်ား/ မ ခြဲျခားရ ခက္တယ္။ စီအိုင္ဒီဌာနကိုပို႔ၿပီး စစ္ေဆးဖို႔ လုပ္ေနပါတယ္။ ေပ်ာက္ဆံုးေနသူေတာ့ မဟုတ္ဘူးလို႔ ယူဆထား တယ္" ဟု သီေပါၿမိဳ႕မစခန္းမွဴး ဒုရဲမွဴး ဝင္းတင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ခရီးသြားအဖြဲ႔သည္ သီေပါၿမိဳ႕ရွိ Mr.Bike ခရီးသြားဝန္ေဆာင္မႈအဖြဲ႔မွ ဝန္ေဆာင္မႈျဖင့္ အေပ်ာ္ေလ့လာေရး ခရီးသြားၾကသူမ်ားျဖစ္ၿပီး သီေပါၿမိဳ႕မွ (၂၅) မိုင္ခန္႔ေဝးကြာသည့္ ေနရာအထိ သြားေရာက္ လည္ပတ္စဥ္ ေရထဲျပဳတ္က် ေပ်ာက္ဆံုးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သီေပါေဒသရွိ ရဲတပ္ဖြဲ႔ဝင္မ်ား၊ လူမႈကူညီေရးအဖြဲ႔မ်ား၊ ခရီးသြားဝန္ေဆာင္မႈအဖြဲ႔အခ်ိဳ႕ႏွင့္ ေဒသခံ ဘာသာျပန္မ်ား အပါအဝင္ လူဦးေရ (၁၀၀) ေက်ာ္သည္ ေပ်ာက္ဆံုးမႈျဖစ္ပြားခဲ့သည့္ ေနရာအနီးတစ္ဝိုက္မွ စတင္၍ ရွာေဖြမႈမ်ားျပဳလုပ္ေနျခင္းျဖစ္ၿပီး (၉) ရက္ေျမာက္ေန႔ျဖစ္သည့္ ဒီဇင္ဘာလ (၂)ရက္ေန႔တြင္ လူေသအေလာင္းတစ္ခုကို ေတြ႔ရွိဆယ္ယူႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဒီဇင္ဘာလ (၁) ရက္ေန႔က သီေပါၿမိဳ႕ႏွင့္ (၁၂) မိုင္ခန္႔ေဝးကြာသည့္ နမၼတူေခ်ာင္းရိုးအတြင္း လူေသအေလာင္း ေတြ႔ရေၾကာင္း သတင္းရသျဖင့္ သစ္ကိုင္းတြင္ညိႇေနသည့္ အရိုးစုအား သြားေရာက္ ဆယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း -  ေနၿဖိဳးျမင့္
ဓါတ္ပံု - နယ္စည္းမျခားပရဟိတ(သီေပါ)

 


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် နမ္မတူချောင်းအတွင်း ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂ )ရက်နေ့ နေ့လယ်ပိုင်းက တွေ့ရှိရသည့် အလောင်းအား DNA စစ်ဆေး အတည်ပြုချက်ရယူရန် စီအိုင်ဒီသို့ ပို့ဆောင်ထားဆဲဖြစ်ပြီး ပျောက်ဆုံးနေသည့် ကိုရီးယားခရီးသွားဖြစ်သည်ဟု အတည်မပြုနိုင်သေးကြောင်း သီပေါမြို့မရဲတပ်ဖွဲ့ထံမှ သိရသည်။

နမ္မတူချောင်းအတွင်း ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်နေ့က တောင်ကိုရီးယားနိုင်ငံသူ Ms.Heo အပါအဝင် နိုင်ငံခြားသားခရီးသွား(၅)ဦး ပါဝင်သည့်အဖွဲ့က နမ္မတူချောင်းအတွင်း ဘောကွင်းငယ်ဖြင့် ရေကူးနေစဉ် Ms.Heo မှာ ရေထဲသို့ ပြုတ်ကျပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။

"အဖွဲ့က (၅)ဦးပါတယ်။ ဒေသခံ စကားပြန် (၂) ဦးလည်း ပါတယ်။ အဲဒီလိုသွားလာနေရင်းနဲ့ ရေကြောင်းခရီး အပျော်သွားနေတုန်း ရေထဲပြုတ်ကျပျောက်ဆုံးသွားတာ။ ဒီဇင်ဘာလ (၂)ရက်နေ့မှာ အဲဒီချောင်းထဲမှာပဲ လူသေအလောင်းတစ်ခုတွေ့တယ်။ အလောင်းက အရိုးတွေပဲ ကျန်တဲ့အထိဖြစ်နေတော့ ကျား/ မ ခွဲခြားရ ခက်တယ်။ စီအိုင်ဒီဌာနကိုပို့ပြီး စစ်ဆေးဖို့ လုပ်နေပါတယ်။ ပျောက်ဆုံးနေသူတော့ မဟုတ်ဘူးလို့ ယူဆထား တယ်" ဟု သီပေါမြို့မစခန်းမှူး ဒုရဲမှူး ဝင်းတင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ခရီးသွားအဖွဲ့သည် သီပေါမြို့ရှိ Mr.Bike ခရီးသွားဝန်ဆောင်မှုအဖွဲ့မှ ဝန်ဆောင်မှုဖြင့် အပျော်လေ့လာရေး ခရီးသွားကြသူများဖြစ်ပြီး သီပေါမြို့မှ (၂၅) မိုင်ခန့်ဝေးကွာသည့် နေရာအထိ သွားရောက် လည်ပတ်စဉ် ရေထဲပြုတ်ကျ ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သီပေါဒေသရှိ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ခရီးသွားဝန်ဆောင်မှုအဖွဲ့အချို့နှင့် ဒေသခံ ဘာသာပြန်များ အပါအဝင် လူဦးရေ (၁၀၀) ကျော်သည် ပျောက်ဆုံးမှုဖြစ်ပွားခဲ့သည့် နေရာအနီးတစ်ဝိုက်မှ စတင်၍ ရှာဖွေမှုများပြုလုပ်နခြေင်းဖြစ်ပြီး (၉) ရက်မြောက်နေ့ဖြစ်သည့် ဒီဇင်ဘာလ (၂)ရက်နေ့တွင် လူသေအလောင်းတစ်ခုကို တွေ့ရှိဆယ်ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာလ (၁) ရက်နေ့က သီပေါမြို့နှင့် (၁၂) မိုင်ခန့်ဝေးကွာသည့် နမ္မတူချောင်းရိုးအတွင်း လူသေအလောင်း တွေ့ရကြောင်း သတင်းရသဖြင့် သစ်ကိုင်းတွင်ညှိနေသည့် အရိုးစုအား သွားရောက် ဆယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - နယ်စည်းမခြားပရဟိတ(သီပေါ)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~