တရုတ္ႏုိင္ငံတြင္ လူသတ္မႈက်ဴးလြန္သည္ဟု သံသယရိွသည့္ ျမန္မာႏုိင္ငံသား (၆)ဦးကို မူဆယ္ရဲစခန္း၌ အမႈဖြင့္

တရုတ္ႏုိင္ငံတြင္ လူသတ္မႈက်ဴးလြန္သည္ဟု သံသယရိွသည့္ ျမန္မာႏုိင္ငံသား (၆)ဦးကို မူဆယ္ရဲစခန္း၌ အမႈဖြင့္
ဒီဇင်ဘာ 1, 2018
By 🌸
တရုတ္ႏုိင္ငံ၊ ေရႊလီၿမိဳ႕ မံုးလွ်ိဳရြာတြင္ အသက္(၆၄)ႏွစ္အရြယ္ႏွင့္ အသက္(၄၃)ႏွစ္အရြယ္ အမ်ိဳးသား(၂)ဦး အသတ္ခံရမႈကို က်ဴးလြန္သြားသည့္ ျမန္မာႏုိင္ငံသား (၆)ဦးကို အေရးယူေပးရန္ တရုတ္ႏုိင္ငံ၊ ေရႊလီမႈခင္းဌာနက ျမန္မာႏိုင္ငံ မူဆယ္ရဲတပ္ဖြဲ႕သို႔ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ(၃၀)ရက္ေန႔တြင္ ဆက္သြယ္အေၾကာင္းၾကားလာေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၂၄)ရက္ေန႔တြင္ျဖစ္ပြားသည့္ အဆိုပါလူသတ္မႈႏွင့္ပတ္သက္၍ ေရႊလီမႈခင္းဌာန၏ စံုစမ္းခ်က္အရ ျပစ္မႈက်ဴးလြန္သူမ်ားမွာ ျမန္မာႏုိင္ငံသား အမ်ိဳးသား (၄)ဦးႏွင့္ အမ်ိဳးသမီး (၂)ဦးတို႔ျဖစ္ေၾကာင္းသိရသျဖင့္ ႏွစ္ႏုိင္ငံခ်စ္ၾကည္ေရးကို ေရွးရႈ၍ စံုစမ္းေဖၚထုတ္ ဖမ္းဆီးေပးပါရန္ ေရႊလီမႈခင္းဌာနက အေၾကာင္းၾကားစာေပးပို႔လာျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါအေၾကာင္းၾကားစာႏွင့္ပတ္သက္၍ မူဆယ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၆၇၃/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၁၁၄အရ အမႈေရးဖြင့္ထားေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
တရုတ်နိုင်ငံတွင် လူသတ်မှုကျူးလွန်သည်ဟု သံသယရှိသည့် မြန်မာနိုင်ငံသား (၆)ဦးကို မူဆယ်ရဲစခန်း၌ အမှုဖွင့်
**************
တရုတ်နိုင်ငံ၊ ရွှေလီမြို့ မုံးလျှိုရွာတွင် အသက်(၆၄)နှစ်အရွယ်နှင့် အသက်(၄၃)နှစ်အရွယ် အမျိုးသား(၂)ဦး အသတ်ခံရမှုကို ကျူးလွန်သွားသည့် မြန်မာနိုင်ငံသား (၆)ဦးကို အရေးယူပေးရန် တရုတ်နိုင်ငံ၊ ရွှေလီမှုခင်းဌာနက မြန်မာနိုင်ငံ မူဆယ်ရဲတပ်ဖွဲ့သို့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၃၀)ရက်နေ့တွင် ဆက်သွယ်အကြောင်းကြားလာကြောင်း သိရသည်။

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၄)ရက်နေ့တွင်ဖြစ်ပွားသည့် အဆိုပါလူသတ်မှုနှင့်ပတ်သက်၍ ရွှေလီမှုခင်းဌာန၏ စုံစမ်းချက်အရ ပြစ်မှုကျူးလွန်သူများမှာ မြန်မာနိုင်ငံသား အမျိုးသား (၄)ဦးနှင့် အမျိုးသမီး (၂)ဦးတို့ဖြစ်ကြောင်းသိရသဖြင့် နှစ်နိုင်ငံချစ်ကြည်ရေးကို ရှေးရှု၍ စုံစမ်းဖေါ်ထုတ် ဖမ်းဆီးပေးပါရန် ရွှေလီမှုခင်းဌာနက အကြောင်းကြားစာပေးပို့လာခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအကြောင်းကြားစာနှင့်ပတ်သက်၍ မူဆယ်မြို့မရဲစခန်းတွင် (ပ)၆၇၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄အရ အမှုရေးဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~