ပို႔ကုန္/သြင္းကုန္၏ Invoice သို႔မဟုတ္ Sale Contract ပါ ေဈးႏႈန္းမ်ား မမွန္မကန္ေဖာ္ျပျခင္းမ်ားကို စိစစ္အေရးယူေတာ့မည္

ပို႔ကုန္/သြင္းကုန္၏ Invoice သို႔မဟုတ္ Sale Contract ပါ ေဈးႏႈန္းမ်ား မမွန္မကန္ေဖာ္ျပျခင္းမ်ားကို စိစစ္အေရးယူေတာ့မည္
ဒီဇင်ဘာ 1, 2018
By 🌸
စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ပို႔ကုန္/သြင္းကုန္၏ Invoice သို႔မဟုတ္ Sale Contract ပါ ေဈးႏႈန္းမ်ား မမွန္မကန္ေဖာ္ျပျခင္းကို ေစ်းႏႈန္းမွန္ကန္ေရးစိစစ္မႈအဖြဲ႕ျဖင့္ စိစစ္အေရးယူေတာ့မည္ျဖစ္ေၾကာင္း ထုတ္ျပန္လုိက္သည္။

ကုမၸဏီမ်ားအေနျဖင့္ တင္ပို႔ျခင္း/တင္သြင္းျခင္းကိစၥရပ္မ်ားတြင္ Invoice ႏွင့္ Sale Contract မ်ားကို အတုအပျပဳလုပ္ျခင္း၊ အခ်က္အလက္မ်ား မမွန္မကန္ေဖၚျပျခင္း၊  အခြန္ေရွာင္တိမ္းရန္အတြက္ ေစ်းႏႈန္းနွင့္ တန္ဖိုးမ်ားကို မမွန္မကန္ေဆာင္ရြက္ထားျခင္းမ်ားကို စိစစ္ေတြ႔ရိွပါက လုိင္စင္ခြင့္ျပဳမႈအတြက္ တင္ပို႔/တင္သြင္းခဲ့သည့္ေစ်းႏႈန္းမ်ားအား ျပန္လည္စိစစ္မည့္ လုပ္ထံုးလုပ္နည္းမ်ားအတုိင္း ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းကို ၂၀၁၇ ခုႏွစ္ ဇြန္လ (၂၀)ရက္ေန႔က ထုတ္ျပန္ေၾကညာခဲ့သည့္အတုိင္း စိစစ္အေရးယူေဆာင္ရြက္မႈမ်ားကို ေစ်းႏႈန္းမွန္ကန္ေရးစိစစ္မႈအဖြဲ႕က လုပ္ေဆာင္သြားေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

ယင္းကဲ့သို႔စိစစ္ၿပီး မမွန္မကန္ေဖၚျပမႈမ်ားအား ေတြ႔ရိွပါက ရာဇသတ္ႀကီးပုဒ္မ ၄၆၃၊ ပုဒ္မ ၄၆၄၊ ပုဒ္မ ၄၆၈တို႔ျဖင့္ အေရးယူျခင္း သို႔မဟုတ္ ပို႔ကုန္သြင္းကုန္ဥပေဒအရ အေရးယူျခင္းအျပင္ အခြန္တိမ္းေရွာင္မႈအတြက္ ျပည္တြင္းအခြန္မ်ားဦးစီးဌာန၏ ကုန္သြယ္လုပ္ငန္းခြန္ဥပေဒ၊ ပုဒ္မ ၂၂(ခ)ႏွင့္ ပုဒ္မ ၂၇(က)မ်ားျဖင့္လည္း အေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

ပုိ႔ကုန္သြင္းကုန္ လုပ္ငန္းရွင္မ်ား အတြက္ လုိအပ္ေသာ ပုိ႔ကုန္လုိင္စင္နွင့္ သြင္းကုန္လုိင္စင္ ေလွ်ာက္ထားမႈမ်ားကုိ ၂၀၁၆ ခုႏွစ္၊ ဇြန္လ (၇) ရက္ေန႔မွစ၍ ကုန္သြယ္ေရးဦးစီးဌာနရံုးမ်ားသို႔  သြားေရာက္ရန္မလိုဘဲ အြန္လုိင္းမွတစ္ဆင့္ ေလွ်ာက္ထားႏိုင္သည့္စနစ္သို႔ေျပာင္းလဲေပးခဲ့ၿပီး စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရးဝန္ႀကီးဌာနတြင္ လုိင္စင္လုပ္ရန္လုိအပ္ေသာ ကုန္စည္ေပါင္း (၄၀၀၀)ေက်ာ္အနက္ ကုန္ပစၥည္း (၄၃)မ်ိဳးကို  အြန္လိုင္းမွေလွ်ာက္ထားခြင့္ျပဳခဲ့ျခင္းျဖစ္သည္။

အဆိုပါ အြန္လုိင္းလုိင္စင္ေလွ်ာက္ထားမႈကို www.myanmartradenet.com မွ တစ္ဆင့္ လုိင္စင္လုပ္ထုံး လုပ္နည္းမ်ား အတုိင္း ျဖည့္၍ ေလွ်ာက္ထားျခင္း၊ CMP လုပ္ငန္းမ်ားအေနျဖင့္ www.myanmartradenet.com သုိ႔ တုိက္႐ုိက္ ေလွ်ာက္ထားစရာမလုိဘဲ ျမန္မာႏုိင္ငံ အထည္ခ်ဳပ္ လုပ္ငန္းရွင္မ်ား အသင္းတြင္ ေလွ်ာက္ထားျခင္းတို႔ကို ခြင့္ျပဳေပးခဲ့ၿပီး  ပုံမွန္လမ္းေၾကာင္း သေဘၤာတင္ပုိ႔မႈလုိင္စင္ျဖစ္သည့္ Oversea လုိင္စင္ႏွင့္ နယ္စပ္ ပုိ႔ကုန္ သြင္းကုန္ လုိင္စင္အတြက္ ျမဝတီႏွင့္ မူဆယ္ထြက္ေပါက္တို႔တြင္ ခြင့္ျပဳခဲ့ျခင္းျဖစ္သည္။

အြန္လိုင္းမွ ပို႔ကုန္သြင္းကုန္ေလွ်ာက္ထားႏုိင္သည့္ ပစၥည္းအမယ္(၈၁)မ်ိဳးကိုလည္း ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၂)ရက္ေန႔တြင္ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ထပ္မံခြင့္ျပဳထားရာ လက္ရိွတြင္ Fully Online Licensing ျဖင့္ေလွ်ာက္ထားႏိုင္မည့္ ကုန္ပစၥည္းအမယ္ (၁၂၄)မ်ိဳးရိွေနျခင္းျဖစ္သည္။

Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
ပို့ကုန်/သွင်းကုန်၏ Invoice သို့မဟုတ် Sale Contract ပါ ဈေးနှုန်းများ မမှန်မကန်ဖော်ပြခြင်းများကို စိစစ်အရေးယူတော့မည်
*************
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပို့ကုန်/သွင်းကုန်၏ Invoice သို့မဟုတ် Sale Contract ပါ ဈေးနှုန်းများ မမှန်မကန်ဖော်ပြခြင်းကို ဈေးနှုန်းမှန်ကန်ရေးစိစစ်မှုအဖွဲ့ဖြင့် စိစစ်အရေးယူတော့မည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။

ကုမ္ပဏီများအနေဖြင့် တင်ပို့ခြင်း/တင်သွင်းခြင်းကိစ္စရပ်များတွင် Invoice နှင့် Sale Contract များကို အတုအပပြုလုပ်ခြင်း၊ အချက်အလက်များ မမှန်မကန်ဖေါ်ပြခြင်း၊  အခွန်ရှောင်တိမ်းရန်အတွက် ဈေးနှုန်းနှင့် တန်ဖိုးများကို မမှန်မကန်ဆောင်ရွက်ထားခြင်းများကို စိစစ်တွေ့ရှိပါက လိုင်စင်ခွင့်ပြုမှုအတွက် တင်ပို့/တင်သွင်းခဲ့သည့်ဈေးနှုန်းများအား ပြန်လည်စိစစ်မည့် လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ၂၀၁၇ ခုနှစ် ဇွန်လ (၂၀)ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည့်အတိုင်း စိစစ်အရေးယူဆောင်ရွက်မှုများကို ဈေးနှုန်းမှန်ကန်ရေးစိစစ်မှုအဖွဲ့က လုပ်ဆောင်သွားတော့မည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့စိစစ်ပြီး မမှန်မကန်ဖေါ်ပြမှုများအား တွေ့ရှိပါက ရာဇသတ်ကြီးပုဒ်မ ၄၆၃၊ ပုဒ်မ ၄၆၄၊ ပုဒ်မ ၄၆၈တို့ဖြင့် အရေးယူခြင်း သို့မဟုတ် ပို့ကုန်သွင်းကုန်ဥပဒေအရ အရေးယူခြင်းအပြင် အခွန်တိမ်းရှောင်မှုအတွက် ပြည်တွင်းအခွန်များဦးစီးဌာန၏ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ၊ ပုဒ်မ ၂၂(ခ)နှင့် ပုဒ်မ ၂၇(က)များဖြင့်လည်း အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များ အတွက် လိုအပ်သော ပို့ကုန်လိုင်စင်နှင့် သွင်းကုန်လိုင်စင် လျှောက်ထားမှုများကို ၂၀၁၆ ခုနှစ်၊ ဇွန်လ (၇) ရက်နေ့မှစ၍ ကုန်သွယ်ရေးဦးစီးဌာနရုံးများသို့  သွားရောက်ရန်မလိုဘဲ အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်သည့်စနစ်သို့ပြောင်းလဲပေးခဲ့ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် လိုင်စင်လုပ်ရန်လိုအပ်သော ကုန်စည်ပေါင်း (၄၀၀၀)ကျော်အနက် ကုန်ပစ္စည်း (၄၃)မျိုးကို  အွန်လိုင်းမှလျှောက်ထားခွင့်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါ အွန်လိုင်းလိုင်စင်လျှောက်ထားမှုကို www.myanmartradenet.com မှ တစ်ဆင့် လိုင်စင်လုပ်ထုံး လုပ်နည်းများ အတိုင်း ဖြည့်၍ လျှောက်ထားခြင်း၊ CMP လုပ်ငန်းများအနေဖြင့် www.myanmartradenet.com သို့ တိုက်ရိုက် လျှောက်ထားစရာမလိုဘဲ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းတွင် လျှောက်ထားခြင်းတို့ကို ခွင့်ပြုပေးခဲ့ပြီး  ပုံမှန်လမ်းကြောင်း သင်္ဘောတင်ပို့မှုလိုင်စင်ဖြစ်သည့် Oversea လိုင်စင်နှင့် နယ်စပ် ပို့ကုန် သွင်းကုန် လိုင်စင်အတွက် မြဝတီနှင့် မူဆယ်ထွက်ပေါက်တို့တွင် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

အွန်လိုင်းမှ ပို့ကုန်သွင်းကုန်လျှောက်ထားနိုင်သည့် ပစ္စည်းအမယ်(၈၁)မျိုးကိုလည်း ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၂)ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထပ်မံခွင့်ပြုထားရာ လက်ရှိတွင် Fully Online Licensing ဖြင့်လျှောက်ထားနိုင်မည့် ကုန်ပစ္စည်းအမယ် (၁၂၄)မျိုးရှိနေခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~