ကယားျပည္နယ္ရွိ ဘုန္းေတာ္ႀကီးသင္ပညာေရး ေက်ာင္း(၈)ေက်ာင္းမွ ဆရာဆရာမမ်ားအတြက္ ျပည္နယ္အစိုးရက ေထာက္ပံ့ေငြေပးအပ္

ကယားျပည္နယ္ရွိ ဘုန္းေတာ္ႀကီးသင္ပညာေရး ေက်ာင္း(၈)ေက်ာင္းမွ ဆရာဆရာမမ်ားအတြက္ ျပည္နယ္အစိုးရက ေထာက္ပံ့ေငြေပးအပ္
ဒီဇင်ဘာ 3, 2018
By 🌸
ကယားျပည္နယ္အတြင္းရိွ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္း(၈)ေက်ာင္းမွ ေထာက္ပံ့ေငြမရသသည့္ ဆရာ၊ဆရာမ (၂၃)ဦးအတြက္ ျပည္နယ္အစိုးရက ေထာက္ပံ့သည့္ တစ္ေက်ာင္းလွ်င္ က်ပ္(၁၀)သိန္းစီကို ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၃)ရက္ေန႔တြင္ ေပးအပ္လုိက္ေၾကာင္း သိရသည္။
ျပည္နယ္တြင္း ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္း(၈)ေက်ာင္းမွ ဆရာ၊ဆရာမ (၅၂)ဦးရိွသည့္အနက္ သာသနာေတာ္ထြန္းကားျပန္႔ပြားေရးဦးစီးဌာနက ဆရာဆရာမ(၂၉)ဦးကိုသာ ေထာက္ပံ့ေငြေပးအပ္ႏိုင္သျဖင့္  က်န္ဆရာဆရာမ (၂၃)ဦးအတြက္ ျပည္နယ္အစိုးရအဖြဲ႕က ေထာက္ပံ့ေပးျခင္းျဖစ္ေၾကာင္း သိရသည္။
 ျပည္နယ္တြင္းမွ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းမ်ားျဖစ္သည့္ လြိဳင္ေကာ္ၿမိဳ႕နယ္ရွိ ရတနာသီရိ (မူလြန္)ေက်ာင္း၊ ေတာင္ေမာ့ (မူလတန္း)ေက်ာင္း၊ ေရႊလက္ဝါး(မူလတန္း)ေက်ာင္း၊ မဟာပုညကာရီ (မူလြန္)ေက်ာင္း၊ မဟာဓမၼဝိဟာရီ(မူလြန္)ေက်ာင္းႏွင့္ ဒီးေမာ့ဆိုၿမိဳ႕နယ္ရွိ ၿမိဳ႕မဗဟို(မူလတန္း)ေက်ာင္း၊ ေဒါဘိုးစီ (မူလြန္)ေက်ာင္း၊ ထီးပြင့္ကန္(မူလတန္း) ေက်ာင္းတို႔မွ တာဝန္ရိွသူမ်ားကို ျပည္နယ္အစိုးရရံုးတြင္ ေထာက္ပံ့ေငြမ်ား ေပးအပ္လုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။ 
ကယားျပည္နယ္တြင္ သာသနာေတာ္ထြန္းကား ျပန္႔ပြားေရးဦးစီးဌာနမွ အသိအမွတ္ျပဳ ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္း(၈)ေက်ာင္းတြင္ ဆရာ/ဆရာမ(၅၂)ဦးႏွင့္ ေက်ာင္းသားေက်ာင္းသူ (၁၁၃၅)ဦး ရွိေနေၾကာင္း သိရသည္။ 
သတင္း #ဆန္းၿဖိဳးထြန္း
ဓါတ္ပံု - ၾဆာခ်စ္

~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်ရှိ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း(၈)ကျောင်းမှ ဆရာဆရာမများအတွက် ပြည်နယ်အစိုးရက ထောက်ပံ့ငွေပေးအပ်
*************
ကယားပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၈)ကျောင်းမှ ထောက်ပံ့ငွေမရသသည့် ဆရာ၊ဆရာမ (၂၃)ဦးအတွက် ပြည်နယ်အစိုးရက ထောက်ပံ့သည့် တစ်ကျောင်းလျှင် ကျပ်(၁၀)သိန်းစီကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၃)ရက်နေ့တွင် ပေးအပ်လိုက်ကြောင်း သိရသည်။

ပြည်နယ်တွင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၈)ကျောင်းမှ ဆရာ၊ဆရာမ (၅၂)ဦးရှိသည့်အနက် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနက ဆရာဆရာမ(၂၉)ဦးကိုသာ ထောက်ပံ့ငွေပေးအပ်နိုင်သဖြင့်  ကျန်ဆရာဆရာမ (၂၃)ဦးအတွက် ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။

 ပြည်နယ်တွင်းမှ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများဖြစ်သည့် လွိုင်ကော်မြို့နယ်ရှိ ရတနာသီရိ (မူလွန်)ကျောင်း၊ တောင်မော့ (မူလတန်း)ကျောင်း၊ ရွှေလက်ဝါး(မူလတန်း)ကျောင်း၊ မဟာပုညကာရီ (မူလွန်)ကျောင်း၊ မဟာဓမ္မဝိဟာရီ(မူလွန်)ကျောင်းနှင့် ဒီးမော့ဆိုမြို့နယ်ရှိ မြို့မဗဟို(မူလတန်း)ကျောင်း၊ ဒေါဘိုးစီ (မူလွန်)ကျောင်း၊ ထီးပွင့်ကန်(မူလတန်း) ကျောင်းတို့မှ တာဝန်ရှိသူများကို ပြည်နယ်အစိုးရရုံးတွင် ထောက်ပံ့ငွေများ ပေးအပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်တွင် သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာနမှ အသိအမှတ်ပြု ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၈)ကျောင်းတွင် ဆရာ/ဆရာမ(၅၂)ဦးနှင့် ကျောင်းသားကျောင်းသူ (၁၁၃၅)ဦး ရှိနေကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း
ဓါတ်ပုံ - ဆြာချစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~