တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီ (၁၅)ဦးကို ခေါ်ဆောင်လာသူများနှင့်အတူ နောင်ချိုတွင် ဖမ်းမိ

တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီ (၁၅)ဦးကို ခေါ်ဆောင်လာသူများနှင့်အတူ နောင်ချိုတွင် ဖမ်းမိ
ဒီဇင်ဘာ 13, 2018
By 🌸
ဘင်္ဂါလီ (၁၅)ဦးကို ၎င်းတို့အား တရားမဝင်ခေါ်ဆောင်လာသူများနှင့်အတူ မန္တလေးဘက်မှ မူဆယ်ဘက်သို့ မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၁၂)ရက်နေ့ နံနက် (၁၀)နာရီခွဲဝန်းကျင်၌ ရဲတပ်ဖွဲ့က နောင်ချိုမြို့ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ဖမ်းမိလိုက်ကြောင်း သိရသည်။

ဘင်္ဂါလီများကို ခိုးသွင်းလာကြောင်း သတင်းအရ ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်သေများပါဝင်သည့်ပူးပေါင်းအဖွဲ့ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ပိတ်ဆို့စစ်ဆေးရာ မန္တလေးဘက်မှ မူဆယ်ဘက်သို့ မောင်းနှင်လာသည့် Hiace မော်တော်ယာဉ်တွင် ယာဉ်မောင်းအပါအဝင် မြန်မာနိုင်ငံသား (၂)ဦးနှင့်အတူ မြန်မာစကားမပြောတတ်သည့် ဘင်္ဂါလီ အမျိုးသား (၁၃)ဦး၊ အမျိုးသမီး (၂)ဦးတို့ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသူများကို နောင်ချိုမြို့မရဲစခန်းတွင် ဘင်္ဂါလီစကားပြောတတ်သူများဖြင့် စစ်ဆေးနေပြီး ဥပဒေအရ အရေးယူနိုင်ရေးဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်

~~~~~~~~⊰❂ unicode ~~~~~~~~
တရားမဝင် ဝင်ရောက်လာသည့် ဘဂင်ဿါလီ (၁၅)ဦးကို ခေါ်ဆောင်လာသူများနှင့်အတူ နောင်ချိုတွင် ဖမ်းမိ
******
ဘဂင်ဿါလီ (၁၅)ဦးကို ၎င်းတို့အား တရားမဝင်ခေါ်ဆောင်လာသူများနှင့်အတူ မနဿတလေးဘက်မှ မူဆယ်ဘက်သို့ မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၁၂)ရက်နေ့ နံနက် (၁၀)နာရီခွဲဝန်းကျင်၌ ရဲတပ်ဖွဲ့က နောင်ချိုမြို့ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ဖမ်းမိလိုက်ကြောင်း သိရသည်။

ဘဂင်ဿါလီများကို ခိုးသွင်းလာကြောင်း သတင်းအရ ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်သေများပါဝင်သည့်ပူးပေါင်းအဖွဲ့ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ပိတ်ဆို့စစ်ဆေးရာ မနဿတလေးဘက်မှ မူဆယ်ဘက်သို့ မောင်းနှင်လာသည့် Hiace မော်တော်ယာဉ်တွင် ယာဉ်မောင်းအပါအဝင် မြန်မာနိုင်ငံသား (၂)ဦးနှင့်အတူ မြန်မာစကားမပြောတတ်သည့် ဘဂင်ဿါလီ အမျိုးသား (၁၃)ဦး၊ အမျိုးသမီး (၂)ဦးတို့ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသူများကို နောင်ချိုမြို့မရဲစခန်းတွင် ဘဂင်ဿါလီစကားပြောတတ်သူများဖြင့် စစ်ဆေးနေပြီး ဥပဒေအရ အရေးယူနိုင်ရေးဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~