တာခ်ီလိတ္တြင္ စိတ္ႂကြေဆးျပား (၂၀၀၀)ေက်ာ္သယ္လာသည့္ လူငယ္ (၂)ဦးကိုဖမ္းမိၿပီး ဆက္စပ္သူ (၁)ဦးကို ထပ္မံဖမ္းမိ

တာခ်ီလိတ္တြင္ စိတ္ႂကြေဆးျပား (၂၀၀၀)ေက်ာ္သယ္လာသည့္ လူငယ္ (၂)ဦးကိုဖမ္းမိၿပီး ဆက္စပ္သူ (၁)ဦးကို ထပ္မံဖမ္းမိ
ဒီဇင်ဘာ 7, 2018
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၂၀၀၀)ျပား သယ္လာသူ (၂)ဦးကို ဖမ္းမိၿပီးေနာက္ ဆက္စပ္သူတစ္ဦးကို စိတ္ႂကြေဆးျပား (၁၃)ျပားႏွင့္အတူ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ(၇)ရက္ေန႔က ဖမ္းဆီးရမိေၾကာင္း သိရသည္။

ရန္ေအာင္ေျမရပ္ကြက္၊ ဗိုလ္ခ်ဳပ္လမ္းမေပၚတြင္ တူးတူးေမာင္းႏွင္ၿပီး နာပိုရွီးလိုက္ပါလာသည့္ ဆိုင္ကယ္အား စစ္ေဆးရာ WY စာတမ္းပါ စိတ္ႂကြရႈးသြပ္ေဆးျပား (၂၀၀၀) ျပားႏွင့္ ထိုင္းဘတ္ေငြ (၅၀၀၀)တို႔ကို သိမ္းဆည္းရမိခဲ့ျခင္းျဖစ္ၿပီး တူးတူးေနထိုင္သည့္ မယ္ေခါင္ရပ္ကြက္ရွိေနအိမ္အား ဝင္ေရာက္စစ္ေဆးရာ ၎၏သူငယ္ခ်င္းျဖစ္သူ ရဲမင္းထြန္းအား စိတ္ႂကြေဆးျပား (၁၃)ျပားႏွင့္အတူ ထပ္မံဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ အသက္ (၂၂)ႏွစ္အရြယ္ တူးတူး၊ အသက္ (၂၀)အရြယ္ နာပိုရွီးတို႔ကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၁၂၄/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/ ၂၀(က)/၂၁အရ အမႈဖြင့္ထားၿပီး တူးတူးႏွင့္ အသက္(၂၀)အရြယ္ ရဲမင္းထြန္းတို႔အား မယ(ပ) ၁၂၅/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၆(၈)/၂၁ အရ အမႈဖြင့္ထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပုံ - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် စိတ်ကြွဆေးပြား (၂၀၀၀)ကျော်သယ်လာသည့် လူငယ် (၂)ဦးကိုဖမ်းမိပြီး ဆက်စပ်သူ (၁)ဦးကို ထပ်မံဖမ်းမိ
******
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား (၂၀၀၀)ပြား သယ်လာသူ (၂)ဦးကို ဖမ်းမိပြီးနောက် ဆက်စပ်သူတစ်ဦးကို စိတ်ကြွဆေးပြား (၁၃)ပြားနှင့်အတူ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။

ရန်အောင်မြေရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်တွင် တူးတူးမောင်းနှင်ပြီး နာပိုရှီးလိုက်ပါလာသည့် ဆိုင်ကယ်အား စစ်ဆေးရာ WY စာတမ်းပါ စိတ်ကြွရှုးသွပ်ဆေးပြား (၂၀၀၀) ပြားနှင့် ထိုင်းဘတ်ငွေ (၅၀၀၀)တို့ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ပြီး တူးတူးနေထိုင်သည့် မယ်ခေါင်ရပ်ကွက်ရှိနေအိမ်အား ဝင်ရောက်စစ်ဆေးရာ ၎င်း၏သူငယ်ချင်းဖြစ်သူ ရဲမင်းထွန်းအား စိတ်ကြွဆေးပြား (၁၃)ပြားနှင့်အတူ ထပ်မံဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အသက် (၂၂)နှစ်အရွယ် တူးတူး၊ အသက် (၂၀)အရွယ် နာပိုရှီးတို့ကို တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၁၂၄/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/ ၂၀(က)/၂၁အရ အမှုဖွင့်ထားပြီး တူးတူးနှင့် အသက်(၂၀)အရွယ် ရဲမင်းထွန်းတို့အား မယ(ပ) ၁၂၅/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(၈)/၂၁ အရ အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~