လူမႈကူညီေရးအသင္းမ်ား၏ တရားမဝင္လိုင္စင္မဲ့ယာဥ္မ်ားကို လိုင္စင္ထုတ္ေပးရန္ အစီအစဥ္မရိွ

လူမႈကူညီေရးအသင္းမ်ား၏ တရားမဝင္လိုင္စင္မဲ့ယာဥ္မ်ားကို လိုင္စင္ထုတ္ေပးရန္ အစီအစဥ္မရိွ
ဒီဇင်ဘာ 1, 2018
By 🌸
လူမႈကူညီေရးအသင္းမ်ားအေနျဖင့္ အသံုးျပဳေနသည့္ တရားမဝင္ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ားကို လိုင္စင္ထုတ္ေပးရန္အစီအစဥ္မရိွေၾကာင္း သိရသည္။

မွတ္ပုံတင္မဲ့ လူမႈကူညီေရးယာဥ္မ်ားကို OSS စီမံခ်က္ျဖင့္ တရားဝင္ မွတ္ပုံတင္ေပးရန္မွာ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ ေရးဝန္ႀကီးဌာနတစ္ခုတည္း ေဆာင္႐ြက္၍ ရသည့္ကိစၥမဟုတ္ဘဲ အျခားသက္ဆိုင္ေသာ ဝန္ႀကီးဌာနမ်ားအပါအဝင္ တိုင္းေဒသႀကီး/ ျပည္နယ္အစိုးရ အဖြဲ႔မ်ားႏွင့္ ေပါင္းစပ္ၫွိႏႈိင္းၿပီး လုပ္ငန္းစီမံခ်က္ေရးဆြဲလ်က္ ျပည္ေထာင္စုအစိုးရ အဖြဲ႔၏မူဝါဒ လမ္းၫႊန္အတည္ျပဳခ်က္ ျဖင့္ေဆာင္႐ြက္ရမည့္ ကိစၥရပ္ျဖစ္သျဖင့္ လက္ရိွတြင္ လုပ္ေဆာင္ေပးရန္အစီအစဥ္မရိွေသးေၾကာင္း ပို႔ေဆာင္ေရးနွင့္ဆက္သြယ္ေရး ဒုတိယဝန္ႀကီး ဦးေက်ာ္မိ်ဳးက ျပန္လည္ေျဖၾကားထားျခင္းျဖစ္သည္။

လူမႈကူညီေရး အသင္းအဖြဲ႔မ်ား အမွန္တကယ္ အသုံးျပဳေနသည့္ ေမာ္ေတာ္ယာဥ္မ်ား တရားဝင္အသုံးျပဳခြင့္ ရရွိေရးအတြက္ ေျဖေလ်ာ့ေပးမည့္အစီအစဥ္ႏွင့္ နိဗၺာန္ယာဥ္ (HSE)ကဲ့သို႔ လိုင္စင္ခြင့္ျပဳေပးႏိုင္ေရးအတြက္ မည္သည့္ ကန္႔သတ္ခ်က္မ်ား သတ္မွတ္ထားသည္ကို သိလိုေၾကာင္း ၂၀၁၈ ခုနွစ္၊ နိုဝင္ဘာလ (၃၀) ရက္ေန႔တြင္ က်င္းပေသာ ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးတြင္ ေမာက္မယ္မဲဆႏၵနယ္မွ ဦးစိုင္းေငါင္းဆိုင္ဟိန္းက ေမးျမန္းခဲ့ျခင္းျဖစ္သည္။

နိဗၺာန္ယာဥ္ကိုျဖစ္ေစ၊ လူနာတင္ယာဥ္ကိုျဖစ္ေစ တရားဝင္တင္သြင္းလာပါက ႏိုင္ငံေတာ္မွ အေကာက္ခြန္ႏွင့္ ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာန၏ မွတ္ပုံတင္ခမ်ား ကင္းလြတ္ခြင့္ျဖင့္ သက္သာေအာင္ ေျဖေလွ်ာ့ေဆာင္႐ြက္ေပးထားၿပီးျဖစ္ရာ  တရားမဝင္လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ားကို လူမႈကူညီေရးအသင္း အဖြဲ႔မ်ားအတြက္ တရားဝင္လိုင္စင္ရရွိေအာင္ ေဆာင္႐ြက္ေပးမည္ဆိုပါက တည္ဆဲဥပေဒ၊ နည္းဥပေဒ မ်ားကို ေဖာက္ဖ်က္ေက်ာ္ လြန္ေဆာင္႐ြက္ရာေရာက္မည္ျဖစ္ျခင္း၊ ေနာင္တြင္လည္း အလားတူ ထပ္မံ၍ ေဖာက္ဖ်က္ရန္အေလ့အထ သဖြယ္က်င့္သုံးလာၾကမည္ျဖစ္ျခင္း၊ တရားမဝင္တင္သြင္းမႈကို အားေပးရာ ေရာက္ေစမည္ျဖစ္ျခင္း၊ အိမ္နီးခ်င္းႏိုင္ငံမ်ားမွ ခိုးသြင္း လာေသာယာဥ္မ်ားျဖစ္ပါကလည္း ကန္႔ကြက္ တားျမစ္ျခင္း မ်ားေၾကာင့္ အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ မလိုလားအပ္ေသာကိစၥမ်ား ႐ႈပ္ေထြးလာႏိုင္ျခင္း စသည့္မလိုလားအပ္ေသာ အေျခအေနမ်ားႏွင့္ ရင္ဆိုင္ရမည္ျဖစ္ေၾကာင္း ဒုတိယဝန္ႀကီးက လႊတ္ေတာ္တြင္ ရွင္းလင္းေျပာၾကားခဲ့သည္။

အသင္းအဖြဲ႔မ်ားအေနျဖင့္ ျပည္သူမ်ား၏ အမွန္လက္ေတြ႔ဘဝလိုအပ္ခ်က္မ်ားေၾကာင့္ မွတ္ပုံတင္မဲ့ ယာဥ္မ်ားကို လူမႈကူညီေရးကိစၥရပ္မ်ားတြင္ အသုံးျပဳေနရျခင္းျဖစ္သည့္အတြက္ ၄င္းမွတ္ပုံတင္မဲ့ ယာဥ္မ်ားကို တရားဝင္ျဖစ္ေစေရး၊ ဥပေဒႏွင့္အညီျဖစ္ေစေရးတို႔အတြက္ ႏိုင္ငံေတာ္မွ အသိအမွတ္ျပဳ မွတ္ပုံတင္ေပးေစ လိုေသာဆႏၵရွိၾကေၾကာင္းကိုလည္း ေလ့လာသိရိွရၿပီး လူမႈကူညီေရးယာဥ္မ်ား မလုံမေလာက္ျဖစ္ကာ မွတ္ပုံတင္မဲ့ယာဥ္မ်ားကို အလ်ဥ္းသင့္ သလို သုံးစြဲေဆာင္႐ြက္ေနၾကျခင္းမွာလည္း ႏိုင္ငံ၏စနစ္တက်ရွိမႈႏွင့္ တရားဥပေဒစိုးမိုးမႈကို ထိခိုက္ေစလ်က္ ရွိသည္ဟု သုံးသပ္သိရိွရပါသည္ဟု ဒုတိယဝန္ႀကီးကဆိုသည္။

ႏိုင္ငံေတာ္အေနျဖင့္ ျပည္သူမ်ား သက္သက္သာသာျဖင့္ ကားစီးႏိုင္ေစရန္ ေျဖေလၽွာ႔မႈမ်ားျဖင့္ တရားဝင္တင္သြင္းခြင့္မ်ားကို ခြင့္ျပဳေဆာင္႐ြက္ေပးလ်က္ရွိရာ တစ္ဖက္မွ တရားမဝင္တင္သြင္း သုံးစြဲမႈမ်ား ပေပ်ာက္ေရးကိုလည္း အေလးထားဦးတည္ေဆာင္႐ြက္ေနရျခင္းျဖစ္သျဖင့္ တရားမဝင္ယာဥ္ တင္သြင္းသုံးစြဲမႈမ်ားကို တိုက္ဖ်က္ရာ၌  တာဝန္သိျပည္သူမ်ားအျဖစ္ ဝိုင္းဝန္းပူးေပါင္း ေဆာင္႐ြက္ရန္ လိုအပ္သည္ဟုဆိုသည္။
နာေရးကိစၥရပ္မ်ားတြင္ အသုံးျပဳရန္အတြက္ တရားမဝင္ နိဗၺာန္ယာဥ္ကို ၂၀၁၄ ခုႏွစ္တြင္ OSS ျဖင့္ HSE အျဖစ္ မွတ္ပုံတင္ ေဆာင္႐ြက္ေပးခဲ့ၿပီးျဖစ္သည္။

ေဒသအသီးသီးတြင္ မေတာ္တဆမႈမ်ားအပါအဝင္ ေဒသခံမ်ား၏က်န္းမာေရးအေရးေပၚလိုအပ္ခ်က္မ်ားအတြက္ အေရးေပၚလူနာတင္ယာဥ္မ်ားကို လူမႈကူညီေရးအသင္းမ်ားထံမွ အမ်ားဆံုး အကူအညီရယူေနၾကရျခင္း ျဖစ္ၿပီး ေဒသတြင္း လူမႈကူညီေရးအသင္းမ်ားအေနျဖင့္ ေစ်းႏႈန္းသက္သာသည့္ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ားကို အသံုးျပဳေနၾကရျခင္းျဖစ္သည္။

Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
လူမှုကူညီရေးအသင်းများ၏ တရားမဝင်လိုင်စင်မဲ့ယာဉ်များကို လိုင်စင်ထုတ်ပေးရန် အစီအစဉ်မရှိ
**************
လူမှုကူညီရေးအသင်းများအနေဖြင့် အသုံးပြုနေသည့် တရားမဝင် လိုင်စင်မဲ့မော်တော်ယာဉ်များကို လိုင်စင်ထုတ်ပေးရန်အစီအစဉ်မရှိကြောင်း သိရသည်။

မှတ်ပုံတင်မဲ့ လူမှုကူညီရေးယာဉ်များကို OSS စီမံချက်ဖြင့် တရားဝင် မှတ်ပုံတင်ပေးရန်မှာ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာနတစ်ခုတည်း ဆောင်ရွက်၍ ရသည့်ကိစ္စမဟုတ်ဘဲ အခြားသက်ဆိုင်သော ဝန်ကြီးဌာနများအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းပြီး လုပ်ငန်းစီမံချက်ရေးဆွဲလျက် ပြည်ထောင်စုအစိုးရ အဖွဲ့၏မူဝါဒ လမ်းညွှန်အတည်ပြုချက် ဖြင့်ဆောင်ရွက်ရမည့် ကိစ္စရပ်ဖြစ်သဖြင့် လက်ရှိတွင် လုပ်ဆောင်ပေးရန်အစီအစဉ်မရှိသေးကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြန်လည်ဖြေကြားထားခြင်းဖြစ်သည်။

လူမှုကူညီရေး အသင်းအဖွဲ့များ အမှန်တကယ် အသုံးပြုနေသည့် မော်တော်ယာဉ်များ တရားဝင်အသုံးပြုခွင့် ရရှိရေးအတွက် ဖြေလျော့ပေးမည့်အစီအစဉ်နှင့် နိဗ္ဗာန်ယာဉ် (HSE)ကဲ့သို့ လိုင်စင်ခွင့်ပြုပေးနိုင်ရေးအတွက် မည်သည့် ကန့်သတ်ချက်များ သတ်မှတ်ထားသည်ကို သိလိုကြောင်း ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်းက မေးမြန်းခဲ့ခြင်းဖြစ်သည်။

နိဗ္ဗာန်ယာဉ်ကိုဖြစ်စေ၊ လူနာတင်ယာဉ်ကိုဖြစ်စေ တရားဝင်တင်သွင်းလာပါက နိုင်ငံတော်မှ အကောက်ခွန်နှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ မှတ်ပုံတင်ခများ ကင်းလွတ်ခွင့်ဖြင့် သက်သာအောင် ဖြေလျှော့ဆောင်ရွက်ပေးထားပြီးဖြစ်ရာ  တရားမဝင်လိုင်စင်မဲ့မော်တော်ယာဉ်များကို လူမှုကူညီရေးအသင်း အဖွဲ့များအတွက် တရားဝင်လိုင်စင်ရရှိအောင် ဆောင်ရွက်ပေးမည်ဆိုပါက တည်ဆဲဥပဒေ၊ နည်းဥပဒေ များကို ဖောက်ဖျက်ကျော် လွန်ဆောင်ရွက်ရာရောက်မည်ဖြစ်ခြင်း၊ နောင်တွင်လည်း အလားတူ ထပ်မံ၍ ဖောက်ဖျက်ရန်အလေ့အထ သဖွယ်ကျင့်သုံးလာကြမည်ဖြစ်ခြင်း၊ တရားမဝင်တင်သွင်းမှုကို အားပေးရာ ရောက်စေမည်ဖြစ်ခြင်း၊ အိမ်နီးချင်းနိုင်ငံများမှ ခိုးသွင်း လာသောယာဉ်များဖြစ်ပါကလည်း ကန့်ကွက် တားမြစ်ခြင်း များကြောင့် အိမ်နီးချင်းနိုင်ငံများနှင့် မလိုလားအပ်သောကိစ္စများ ရှုပ်ထွေးလာနိုင်ခြင်း စသည့်မလိုလားအပ်သော အခြေအနေများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက လွှတ်တော်တွင် ရှင်းလင်းပြောကြားခဲ့သည်။

အသင်းအဖွဲ့များအနေဖြင့် ပြည်သူများ၏ အမှန်လက်တွေ့ဘဝလိုအပ်ချက်များကြောင့် မှတ်ပုံတင်မဲ့ ယာဉ်များကို လူမှုကူညီရေးကိစ္စရပ်များတွင် အသုံးပြုနေရခြင်းဖြစ်သည့်အတွက် ၎င်းမှတ်ပုံတင်မဲ့ ယာဉ်များကို တရားဝင်ဖြစ်စေရေး၊ ဥပဒေနှင့်အညီဖြစ်စေရေးတို့အတွက် နိုင်ငံတော်မှ အသိအမှတ်ပြု မှတ်ပုံတင်ပေးစေ လိုသောဆန္ဒရှိကြကြောင်းကိုလည်း လေ့လာသိရှိရပြီး လူမှုကူညီရေးယာဉ်များ မလုံမလောက်ဖြစ်ကာ မှတ်ပုံတင်မဲ့ယာဉ်များကို အလျဉ်းသင့် သလို သုံးစွဲဆောင်ရွက်နေကြခြင်းမှာလည်း နိုင်ငံ၏စနစ်တကျရှိမှုနှင့် တရားဥပဒေစိုးမိုးမှုကို ထိခိုက်စေလျက် ရှိသည်ဟု သုံးသပ်သိရှိရပါသည်ဟု ဒုတိယဝန်ကြီးကဆိုသည်။

နိုင်ငံတော်အနေဖြင့် ပြည်သူများ သက်သက်သာသာဖြင့် ကားစီးနိုင်စေရန် ဖြေလျှော့မှုများဖြင့် တရားဝင်တင်သွင်းခွင့်များကို ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိရာ တစ်ဖက်မှ တရားမဝင်တင်သွင်း သုံးစွဲမှုများ ပပျောက်ရေးကိုလည်း အလေးထားဦးတည်ဆောင်ရွက်နေရခြင်းဖြစ်သဖြင့် တရားမဝင်ယာဉ် တင်သွင်းသုံးစွဲမှုများကို တိုက်ဖျက်ရာ၌  တာဝန်သိပြည်သူများအဖြစ် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် လိုအပ်သည်ဟုဆိုသည်။
နာရေးကိစ္စရပ်များတွင် အသုံးပြုရန်အတွက် တရားမဝင် နိဗ္ဗာန်ယာဉ်ကို ၂၀၁၄ ခုနှစ်တွင် OSS ဖြင့် HSE အဖြစ် မှတ်ပုံတင် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။

ဒေသအသီးသီးတွင် မတော်တဆမှုများအပါအဝင် ဒေသခံများ၏ကျန်းမာရေးအရေးပေါ်လိုအပ်ချက်များအတွက် အရေးပေါ်လူနာတင်ယာဉ်များကို လူမှုကူညီရေးအသင်းများထံမှ အများဆုံး အကူအညီရယူနေကြရခြင်း ဖြစ်ပြီး ဒေသတွင်း လူမှုကူညီရေးအသင်းများအနေဖြင့် ဈေးနှုန်းသက်သာသည့် လိုင်စင်မဲ့မော်တော်ယာဉ်များကို အသုံးပြုနေကြရခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~