ရန္ကုန္ၿမိဳ႕တြင္း (၅)ေနရာတြင္ ႏွစ္သစ္ကူးည၌ အေရးေပၚလူနာတင္ယာဥ္မ်ားက ေဆးဘက္အကူအညီမ်ားေပးရန္ အသင့္ရိွေနမည္ျဖစ္၍ အေရးေပၚဆက္သြယ္ႏုိင္

ရန္ကုန္ၿမိဳ႕တြင္း (၅)ေနရာတြင္ ႏွစ္သစ္ကူးည၌ အေရးေပၚလူနာတင္ယာဥ္မ်ားက ေဆးဘက္အကူအညီမ်ားေပးရန္ အသင့္ရိွေနမည္ျဖစ္၍ အေရးေပၚဆက္သြယ္ႏုိင္
ဒီဇင်ဘာ 31, 2018
By 🌸
ႏွစ္သစ္ကူးညျဖစ္သည့္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၃၁)ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕တြင္း (၅) ေနရာ၌ အေရးေပၚ ကူညီမႈမ်ားလုပ္ေဆာင္ႏိုင္ရန္ အေရးေပၚလူနာတင္ယာဥ္မ်ား အသင့္ရိွေနမည္ျဖစ္ၿပီး မေတာ္တဆ ျဖစ္ပြားမႈမ်ားကို ေတြ႔ရွိပါက အခ်ိန္မေရြး ဆက္သြယ္ အကူညီေတာင္းခံႏုိင္ေၾကာင္း သိရသည္။
ယာဥ္မေတာ္တဆမႈမ်ား၊ အျခားေသာမေတာ္တဆမႈမ်ားအား ေတြ႔ရိွသူမ်ားအေနျဖင့္ နာ/ကူ(ရန္ကုန္)၊ အေရးေပၚဌာန #K-Ambulance ဖုန္း- 09 421119566, 09 31333273, 09 777980265 ႏွင့္ 01-706421 တို႔သို႔ အခ်ိန္မေရြးဆက္သြယ္ႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

နာ/ကူ(ရန္ကုန္)/ အေရးေပၚဌာနမွ အေရးေပၚလူနာတင္ယာဥ္မ်ားႏွင့္ ေဆးဘက္ဆိုင္ရာကူညီမႈမ်ား အဆင္သင့္ျဖင့္ ေက်ာက္တံတားၿမိဳ႕နယ္၊ တိုင္းေဒသႀကီး မီးသတ္ဦးစီးမွဴးရုံးေရွ႕၊ ကမၻာေအးဘုရားလမ္းမေပၚ ျမကြ်န္းသာပန္းၿခံေရွ႕၊ ျပည္လမ္းမေပၚ အင္းယားကန္ေရွ႕၊ သုဓမၼာလမ္းမေပၚ (ဃ) အမွတ္(၃)လမ္းဆုံ (ေဇကမာၻ၀င္းေရွ႕)၊ မိုင္ဒါကြင္း(ၿမိဳ႕မကြင္း)တို႔တြင္ လူနာတင္ယာဥ္တစ္စီးစီ ရိွေနမည္ျဖစ္ၿပီး နာ/ကူ(ရန္ကုန္)႐ုံးခ်ဳပ္တြင္လည္း အေရးေပၚလူနာတင္ယာဥ္ (၇)စီးတို႔က ေဆးဘက္ဆိုင္ရာကိစၥရပ္မ်ားတြင္ အခမ့ဲ ကူညီေဖးမေပးႏိုင္ရန္အတြက္ အသင့္ျပင္ဆင္ထားေၾကာင္း သိရသည္။

ဓါတ္ပံု - Ye Thwin Htut


~~~~~~~~⊰❂Unicode Version ~~~~~~~~
ရန်ကုန်မြို့တွင်း (၅)နေရာတွင် နှစ်သစ်ကူးည၌ အရေးပေါ်လူနာတင်ယာဉ်များက ဆေးဘက်အကူအညီများပေးရန် အသင့်ရှိနေမည်ဖြစ်၍ အရေးပေါ်ဆက်သွယ်နိုင်
**********
နှစ်သစ်ကူးညဖြစ်သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်နေ့တွင် ရန်ကုန်မြို့တွင်း (၅) နေရာ၌ အရေးပေါ် ကူညီမှုများလုပ်ဆောင်နိုင်ရန် အရေးပေါ်လူနာတင်ယာဉ်များ အသင့်ရှိနေမည်ဖြစ်ပြီး မတော်တဆ ဖြစ်ပွားမှုများကို တွေ့ရှိပါက အချိန်မရွေး ဆက်သွယ် အကူညီတောင်းခံနိုင်ကြောင်း သိရသည်။

ယာဉ်မတော်တဆမှုများ၊ အခြားသောမတော်တဆမှုများအား တွေ့ရှိသူများအနေဖြင့် နာ/ကူ(ရန်ကုန်)၊ အရေးပေါ်ဌာန #K-Ambulance ဖုန်း- 09 421119566, 09 31333273, 09 777980265 နှင့် 01-706421 တို့သို့ အချိန်မရွေးဆက်သွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

နာ/ကူ(ရန်ကုန်)/ အရေးပေါ်ဌာနမှ အရေးပေါ်လူနာတင်ယာဉ်များနှင့် ဆေးဘက်ဆိုင်ရာကူညီမှုများ အဆင်သင့်ဖြင့် ကျောက်တံတားမြို့နယ်၊ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးရှေ့၊ ကမ္ဘာအေးဘုရားလမ်းမပေါ် မြကျွန်းသာပန်းခြံရှေ့၊ ပြည်လမ်းမပေါ် အင်းယားကန်ရှေ့၊ သုဓမ္မာလမ်းမပေါ် (ဃ) အမှတ်(၃)လမ်းဆုံ (ဇေကမ္ဘာဝင်းရှေ့)၊ မိုင်ဒါကွင်း(မြို့မကွင်း)တို့တွင် လူနာတင်ယာဉ်တစ်စီးစီ ရှိနေမည်ဖြစ်ပြီး နာ/ကူ(ရန်ကုန်)ရုံးချုပ်တွင်လည်း အရေးပေါ်လူနာတင်ယာဉ် (၇)စီးတို့က ဆေးဘက်ဆိုင်ရာကိစ္စရပ်များတွင် အခမဲ့ ကူညီဖေးမပေးနိုင်ရန်အတွက် အသင့်ပြင်ဆင်ထားကြောင်း သိရသည်။

ဓါတ်ပုံ - Ye Thwin Htut

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~