စိုက္ခင္းမ်ားတြင္ ငေျမႇာင္ေတာင္ပိုးကို သတိထားရန္ႏွင့္ ေတြ႔ရိွပါက ခ်က္ခ်င္းအေၾကာင္းၾကားရန္ မိုင္းျဖတ္စိုက္ပ်ိဳးေရးဦးစီးဌာနက သတိေပးထား

စိုက္ခင္းမ်ားတြင္ ငေျမႇာင္ေတာင္ပိုးကို သတိထားရန္ႏွင့္ ေတြ႔ရိွပါက ခ်က္ခ်င္းအေၾကာင္းၾကားရန္ မိုင္းျဖတ္စိုက္ပ်ိဳးေရးဦးစီးဌာနက သတိေပးထား
ဒီဇင်ဘာ 30, 2018
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းျဖတ္ၿမိဳ႕နယ္အတြင္း သီးႏွံဖ်က္ဆီးသည့္ ငေျမႇာင္ေတာင္ပိုးအခ်ိဳ႕ ေတြ႔ေနရသျဖင့္ ေတာင္သူမ်ားအေနျဖင့္ မိမိတို႔စိုက္ခင္းတြင္ ငေျမႇာင္ေတာင္ပိုးက်သည္ဟု သိရသည္ႏွင့္ နီးစပ္ရာ စိုက္ပ်ိဳးေရးဦးစီးဌာနမ်ားထံ ခ်က္ခ်င္းသတင္းပို႔ၾကရန္ မုိင္းျဖတ္စိုက္ပ်ိဳးေရးဦးစီးဌာနက ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ(၃၀)ရက္ေန႔တြင္ သတိေပးထုတ္ျပန္လုိက္သည္။

“ငေျမႇာင္ေတာင္က အခုမွ စက်ကာစ နည္းနည္းေလးေတာ့ ေတြ႔ရတယ္။ နမ့္လန္းေက်းရြာအုပ္စု၊ ပါထြန္ေက်းရြာမွာ ကြင္းဆင္းရင္း နည္းနည္းေလးေတြ႔ရတာပါ။ သိပ္မမ်ားပါဘူး။ တစ္ခင္းမွာ တစ္ေကာင္၊ ႏွစ္ေကာင္ အဲေလာက္ေလးေတြ ေတြ႔ခဲ့ရတာ။ ဒါေၾကာင့္ ေတာင္သူေတြကို ေခၚၿပီး တစ္ခါတည္း ေခၚျပ ပညာေပးတာ၊ လိုအပ္တဲ့ပိုးသတ္ေဆးေထာက္ပံ့ေပးတာေတြကို လုပ္ခဲ့တာပါ။ ဒီေန႔မနက္ပဲ ေတြ႔ရတာပါ”ဟု မုိင္းျဖတ္ၿမိဳ႕နယ္ စိုက္ပ်ိဳးေရးဦးစီးအရာရိွ ဦးသန္းထြဋ္လြင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လက္ရိွတြင္ ငေျမွာင္ေတာင္ဖ်က္ပိုးမ်ားသည္ ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတံုၿမိဳ႕နယ္၊ ေနျပည္ေတာ္ႏွင့္ ျမင္းၿခံၿမိဳ႕နယ္ရိွ စိုက္ခင္းအခ်ိဳ႕တြင္လည္း က်ေရာက္ေနသည္ဟု သိရိွရသည္။

ငေျမႇာင္ေတာင္ဖလံမ်ားသည္ တစ္ညလွ်င္ မုိင္(၆၀)ေက်ာ္အထိ ဖလံမတစ္ေကာင္လွ်င္ ဥ(၅၀)မွ (၁၀၀)ေက်ာ္အထိ စိုက္ခင္းမ်ားတြင္ ဥခ်ႏိုင္ၿပီး အဆိုပါပိုးဖလံဥမ်ားက (၂ - ၃)ရက္ဝန္းက်င္တြင္ ေလာက္ေကာင္မ်ားအျဖစ္ ေပါက္ပြားကာအရြက္မ်က္ႏွာျပင္မ်ားကို ေအာက္ဘက္မွ ျခစ္၍ စားေသာက္ပစ္ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ငေျမႇာင္ေတာင္ပိုးမ်ားသည္ ရက္ပိုင္းအတြင္း အဆင့္ဆင့္ႀကီးထြားကာ စိုက္ခင္းအတြင္း ကိုက္ျဖတ္စားေသာက္သည့္အေကာင္မ်ားျဖစ္လာပါက ႏွိမ္ႏွင္းရခက္ခဲသျဖင့္ ငေျမႇာင္ေတာင္ ဖလံပိုးမ်ားစတင္က်ေရာက္သည္ကို ေတြ႔သည္ႏွင့္ စိုက္ပ်ိဳးေရးဦးစီးဌာနရံုးမ်ားသို႔ ခ်က္ခ်င္းအေၾကာင္းၾကား၍ အကူအညီရယူရန္လိုအပ္ေၾကာင္း သိရသည္။

စိုက္ပ်ိဳးေရးဦးစီးဌာနမွ ဝန္ထမ္းမ်ားကလည္း ကြင္းဆင္းစစ္ေဆးၿပီး ႀကိဳတင္ကာကြယ္ေရးနည္းလမ္းမ်ားကို မွ်ေဝေပးေနေၾကာင္း သိရၿပီး ေတာင္သူမ်ားအေနျဖင့္ စိုက္ပ်ိဳးေရးဌာန၏အကူအညီမ်ား ရယူလိုပါက စိုက္ပ်ိဳးေရးဦးစီးဌာနမ်ား၏ Call Center မ်ားသို႔ ဆက္သြယ္ႏုိင္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - မုိင္းျဖတ္ၿမိဳ႕စိုက္ပ်ိဳးေရးဦးစီးဌာန

~~~~~~~~⊰❂Unicode Version ~~~~~~~~
စိုက်ခင်းများတွင် ငမြှောင်တောင်ပိုးကို သတိထားရန်နှင့် တွေ့ရှိပါက ချက်ချင်းအကြောင်းကြားရန် မိုင်းဖြတ်စိုက်ပျိုးရေးဦးစီးဌာနက သတိပေးထား
*********
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဖြတ်မြို့နယ်အတွင်း သီးနှံဖျက်ဆီးသည့် ငမြှောင်တောင်ပိုးအချို့ တွေ့နေရသဖြင့် တောင်သူများအနေဖြင့် မိမိတို့စိုက်ခင်းတွင် ငမြှောင်တောင်ပိုးကျသည်ဟု သိရသည်နှင့် နီးစပ်ရာ စိုက်ပျိုးရေးဦးစီးဌာနများထံ ချက်ချင်းသတင်းပို့ကြရန် မိုင်းဖြတ်စိုက်ပျိုးရေးဦးစီးဌာနက ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၃၀)ရက်နေ့တွင် သတိပေးထုတ်ပြန်လိုက်သည်။

“ငမြှောင်တောင်က အခုမှ စကျကာစ နည်းနည်းလေးတော့ တွေ့ရတယ်။ နမ့်လန်းကျေးရွာအုပ်စု၊ ပါထွန်ကျေးရွာမှာ ကွင်းဆင်းရင်း နည်းနည်းလေးတွေ့ရတာပါ။ သိပ်မများပါဘူး။ တစ်ခင်းမှာ တစ်ကောင်၊ နှစ်ကောင် အဲလောက်လေးတွေ တွေ့ခဲ့ရတာ။ ဒါကြောင့် တောင်သူတွေကို ခေါ်ပြီး တစ်ခါတည်း ခေါ်ပြ ပညာပေးတာ၊ လိုအပ်တဲ့ပိုးသတ်ဆေးထောက်ပံ့ပေးတာတွေကို လုပ်ခဲ့တာပါ။ ဒီနေ့မနက်ပဲ တွေ့ရတာပါ”ဟု မိုင်းဖြတ်မြို့နယ် စိုက်ပျိုးရေးဦးစီးအရာရှိ ဦးသန်းထွဋ်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် ငမြှောင်တောင်ဖျက်ပိုးများသည် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်၊ နေပြည်တော်နှင့် မြင်းခြံမြို့နယ်ရှိ စိုက်ခင်းအချို့တွင်လည်း ကျရောက်နေသည်ဟု သိရှိရသည်။

ငမြှောင်တောင်ဖလံများသည် တစ်ညလျှင် မိုင်(၆၀)ကျော်အထိ ဖလံမတစ်ကောင်လျှင် ဥ(၅၀)မှ (၁၀၀)ကျော်အထိ စိုက်ခင်းများတွင် ဥချနိုင်ပြီး အဆိုပါပိုးဖလံဥများက (၂ - ၃)ရက်ဝန်းကျင်တွင် လောက်ကောင်များအဖြစ် ပေါက်ပွားကာအရွက်မျက်နှာပြင်များကို အောက်ဘက်မှ ခြစ်၍ စားသောက်ပစ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ငမြှောင်တောင်ပိုးများသည် ရက်ပိုင်းအတွင်း အဆင့်ဆင့်ကြီးထွားကာ စိုက်ခင်းအတွင်း ကိုက်ဖြတ်စားသောက်သည့်အကောင်များဖြစ်လာပါက နှိမ်နှင်းရခက်ခဲသဖြင့် ငမြှောင်တောင် ဖလံပိုးများစတင်ကျရောက်သည်ကို တွေ့သည်နှင့် စိုက်ပျိုးရေးဦးစီးဌာနရုံးများသို့ ချက်ချင်းအကြောင်းကြား၍ အကူအညီရယူရန်လိုအပ်ကြောင်း သိရသည်။

စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများကလည်း ကွင်းဆင်းစစ်ဆေးပြီး ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို မျှဝေပေးနေကြောင်း သိရပြီး တောင်သူများအနေဖြင့် စိုက်ပျိုးရေးဌာန၏အကူအညီများ ရယူလိုပါက စိုက်ပျိုးရေးဦးစီးဌာနများ၏ Call Center များသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - မိုင်းဖြတ်မြို့စိုက်ပျိုးရေးဦးစီးဌာန

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~