ကေလာၿမိဳ႕နယ္တြင္ အိပ္ေပ်ာ္ေနစဥ္ ေနအိမ္မီးေလာင္သျဖင့္ မိသားစုဝင္ (၂)ဦး ေသ၊ (၂)ဦးဒဏ္ရာရ

ကေလာၿမိဳ႕နယ္တြင္ အိပ္ေပ်ာ္ေနစဥ္ ေနအိမ္မီးေလာင္သျဖင့္ မိသားစုဝင္ (၂)ဦး ေသ၊ (၂)ဦးဒဏ္ရာရ
ဒီဇင်ဘာ 31, 2018
By 🌸
ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ကေလာၿမိဳ႕နယ္၊ နန္းပန္တက္ေက်း႐ြာတြင္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၃၀)ရက္ေန႔ နံနက္(၃)နာရီဝန္းက်င္က အိပ္ေပ်ာ္ေနစဥ္ မီးဖိုးမွတစ္ဆင့္ မီးကူးစက္ေလာင္ကၽြမ္းသျဖင့္ (၂)ဦးေသဆံုးၿပီး (၂)ဦး ဒဏ္ရာရသြားေၾကာင္း ရဲတပ္ဖြဲ႕သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

 အသက္(၇၂)ႏွစ္အရြယ္ ေဒၚၫြန္႔ၾကည္သည္ ေနအိမ္တြင္ သမီးျဖစ္သူ အသက္ (၄၇)ႏွစ္အရြယ္ ေဒၚစႏၵာ၊ အသက္(၁၁)ႏွစ္အရြယ္ ေမာင္မိုးစက္လင္းတို႔ႏွင့္အတူအိပ္ေနစဥ္ ေနအိမ္ေလွကားအနီးရွိ မီးဖိုမွတစ္ဆင့္ မီးေသြးအိတ္သို႔ မီးကူးစက္ေလာင္ကြၽမ္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မီးေလာင္မႈေၾကာင့္ သြပ္မိုး၊ ပ်ဥ္ခင္း/ကာ ေနအိမ္ (၁)လုံးႏွင့္ ဆိုင္ကယ္ (၄) စီး မီးေလာင္ဆုံးရႈံးသြားၿပီး နံနက္ (၄)နာရီခြဲဝန္းက်င္တြင္ မီးၿငိမ္းသြားေၾကာင္း သိရသည္။

မီးေလာင္မႈေၾကာင့္ ေဒၚၫြန္႔ၾကည္ႏွင့္ ေမာင္မိုးစက္လင္းတို႔မွာ ခႏၶာကိုယ္မီးေလာင္ဒဏ္ရာမ်ားျဖင့္ အခင္းျဖစ္ေနရာ၌ ေသဆုံးခဲ့ၿပီး ေဒၚစႏၵာႏွင့္ ကိုၾကယ္တို႔မွာ မ်က္ႏွာႏွင့္လက္တို႔တြင္ မီးေလာင္ဒဏ္ရာ အနည္းငယ္စီရသြားေၾကာင္း သိရသည္။

မီးေလာင္မႈေၾကာင့္ ေသဆံုးသူမ်ားႏွင့္ ဒဏ္ရာရသူမ်ားအား ကေလာျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ကာ ေသဆံုးသြားသည့္ ေဒၚၫြန္႔ၾကည္အား ကေလာၿမိဳ႕မရဲစခန္းတြင္ (ပ) ၁၅၄/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က/ ၃၃၈/ ၃၃၇/၂၈၅ (ေပါ့ေလ်ာ့မႈ ေၾကာင့္ လူေသမႈ/ ျပင္းထန္/ သာမန္ နာက်င္ေစမႈ/ မီးေပါ့ဆမႈ)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

ဓါတ္ပံု - MOHA

~~~~~~~~⊰❂Unicode Version ~~~~~~~~
ကလောမြို့နယ်တွင် အိပ်ပျော်နေစဉ် နေအိမ်မီးလောင်သဖြင့် မိသားစုဝင် (၂)ဦး သေ၊ (၂)ဦးဒဏ်ရာရ
**************
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ နန်းပန်တက်ကျေးရွာတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၃၀)ရက်နေ့ နံနက်(၃)နာရီဝန်းကျင်က အိပ်ပျော်နေစဉ် မီးဖိုးမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းသဖြင့် (၂)ဦးသေဆုံးပြီး (၂)ဦး ဒဏ်ရာရသွားကြောင်း ရဲတပ်ဖွဲ့သတင်းထုတ်ပြန်ချက်အရ သိရသည်။

 အသက်(၇၂)နှစ်အရွယ် ဒေါ်ညွန့်ကြည်သည် နေအိမ်တွင် သမီးဖြစ်သူ အသက် (၄၇)နှစ်အရွယ် ဒေါ်စန္ဒာ၊ အသက်(၁၁)နှစ်အရွယ် မောင်မိုးစက်လင်းတို့နှင့်အတူအိပ်နေစဉ် နေအိမ်လှေကားအနီးရှိ မီးဖိုမှတစ်ဆင့် မီးသွေးအိတ်သို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ခင်း/ကာ နေအိမ် (၁)လုံးနှင့် ဆိုင်ကယ် (၄) စီး မီးလောင်ဆုံးရှုံးသွားပြီး နံနက် (၄)နာရီခွဲဝန်းကျင်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

မီးလောင်မှုကြောင့် ဒေါ်ညွန့်ကြည်နှင့် မောင်မိုးစက်လင်းတို့မှာ ခန္ဓာကိုယ်မီးလောင်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ဒေါ်စန္ဒာနှင့် ကိုကြယ်တို့မှာ မျက်နှာနှင့်လက်တို့တွင် မီးလောင်ဒဏ်ရာ အနည်းငယ်စီရသွားကြောင်း သိရသည်။

မီးလောင်မှုကြောင့် သေဆုံးသူများနှင့် ဒဏ်ရာရသူများအား ကလောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကာ သေဆုံးသွားသည့် ဒေါ်ညွန့်ကြည်အား ကလောမြို့မရဲစခန်းတွင် (ပ) ၁၅၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/ ၃၃၇/၂၈၅ (ပေါ့လျော့မှု ကြောင့် လူသေမှု/ ပြင်းထန်/ သာမန် နာကျင်စေမှု/ မီးပေါ့ဆမှု)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဓါတ်ပုံ - MOHA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~