တာခ်ီလိတ္ၿမိဳ႕နယ္ မယ္ယန္း ႏွင့္ ၀မ္ေဆာက္ခံုသြားလမ္းေဘးရွိ ကြန္ကရစ္ဓါတ္တိုင္အား ၀င္တိုက္မိရာမွ အမည္မသိ အမ်ဳိးသားတစ္ဦး ေသဆံုး

တာခ်ီလိတ္ၿမိဳ႕နယ္ မယ္ယန္း ႏွင့္ ၀မ္ေဆာက္ခံုသြားလမ္းေဘးရွိ ကြန္ကရစ္ဓါတ္တိုင္အား ၀င္တိုက္မိရာမွ အမည္မသိ အမ်ဳိးသားတစ္ဦး ေသဆံုး
ဒီဇင်ဘာ 4, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း မယ္ယန္း - ၀မ္ေဆာက္ခံုသြား  လမ္းေဘးတြင္ ကြန္ကရစ္ဓါတ္တိုင္အား ၀င္တိုက္မိသည့္ အမည္မသိ အမ်ဳိးသားတစ္ဦးသည္ အခင္းျဖစ္ပြားရာ ေနရာတြင္ ေသဆံုးသြားမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ဖန္မင္ေက်းရြာအုပ္စု၊ ပါ၀ုန္းေက်းရြာအနီး  မယ္ယန္း - ၀မ္ေဆာက္ခံုသြား ကားလမ္းေပၚတြင္  ၂၀၁၈ခုႏွစ္ ဒီဇင္ဘာလ(၃)ရက္ေန႔ ညပိုင္းက ကတ/၁၇၇၂၀ နံပါတ္ တပ္ဆင္ထားသည့္ Wave အမ်ဳိးအစား အျပာ/နက္ေရာင္ ေမာ္ေတာ္ဆိုင္ကယ္အား ေမာင္းလာသည့္ အသက္(၃၅)ႏွစ္၀န္းက်င္ရွိ အမည္မသိ အမ်ဳိးသားသည္ လမ္းေဘးရွိ ကြန္ကရစ္ ဓါတ္တိုင္အား ၀င္တိုက္မိထားသည့္ ဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသည္ကို စစ္ေဆးေတြရွိေၾကာင္း သိရသည္။

ကြန္ကရစ္ဓါတ္တိုင္အား အရွိန္ျပင္းစြာ ၀င္ေရာက္ တိုက္မိသျဖင့္ အမည္ႏွင့္လိပ္စာ မသိရွိရေသးသည့္ အဆိုပါ အမ်ဳိးသားသည္ နဖူးေပါက္ၿပဲ၊ နားႏွင့္ႏွာေခါင္းတို႔တြင္ ေသြးထြက္ကာ ေမးေစ့ႏွင့္ အေပၚႏႈတ္ခမ္းေပါက္ၿပဲေနၿပီး ရင္ဘက္၀ဲဘက္တြင္ ညိဳမဲဒဏ္ရာမ်ားျဖင့္ ေသဆံုးေနျခင္း ျဖစ္ေၾကာင္း သိရသည္။

ယာဥ္တိုက္မႈျဖစ္ပြားရာ ေနရာသို႔  သက္ဆိုင္ရာ တာ၀န္ရွိသူမ်ားႏွင့္ တာခ်ီလိတ္နာေရးကူညီမႈအသင္းမွ ေရာက္ရွိသြားၿပီး ေသဆံုးေနသည့္ ရုပ္အေလာင္းအား တာခ်ီလိတ္ျပည္သူ႔ေဆးရံုရွိ ရင္ခြဲရံုသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ယာဥ္မဆင္မျခင္ေမာင္းႏွင္မႈျဖင့္ ေသဆံုးသြားသူ အမည္မသိ အမ်ဳိးသားအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၄၇/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၂၇၉/၃၀၄-က အရ အမႈဖြင့္လွစ္ထားရွိေၾကာင္း သိရွိရသည္။

Tachileik News Agency
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း မယ်ယန်း - ဝမ်ဆောက်ခုံသွား လမ်းဘေးတွင် ကွန်ကရစ်ဓာတ်တိုင်အား ဝင်တိုက်မိသည့် အမည်မသိ အမျိုးသားတစ်ဦးသည် အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးသွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း ဖန်မင်ကျေးရွာအုပ်စု၊ ပါဝုန်းကျေးရွာအနီး မယ်ယန်း - ဝမ်ဆောက်ခုံသွား ကားလမ်းပေါ်တွင် ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၃)ရက်နေ့ ညပိုင်းက ကတ/၁၇၇၂၀ နံပါတ် တပ်ဆင်ထားသည့် Wave အမျိုးအစား အပြာ/နက်ရောင် မော်တော်ဆိုင်ကယ်အား မောင်းလာသည့် အသက်(၃၅)နှစ်ဝန်းကျင်ရှိ အမည်မသိ အမျိုးသားသည် လမ်းဘေးရှိ ကွန်ကရစ် ဓာတ်တိုင်အား ဝင်တိုက်မိထားသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေရှိကြောင်း သိရသည်။

ကွန်ကရစ်ဓာတ်တိုင်အား အရှိန်ပြင်းစွာ ဝင်ရောက် တိုက်မိသဖြင့် အမည်နှင့်လိပ်စာ မသိရှိရသေးသည့် အဆိုပါ အမျိုးသားသည် နဖူးပေါက်ပြဲ၊ နားနှင့်နှာခေါင်းတို့တွင် သွေးထွက်ကာ မေးစေ့နှင့် အပေါ်နှုတ်ခမ်းပေါက်ပြဲနပြေီး ရင်ဘက်ဝဲဘက်တွင် ညိုမဲဒဏ်ရာများဖြင့် သေဆုံးနခြေင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားရာ နေရာသို့ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တာချီလိတ်နာရေးကူညီမှုအသင်းမှ ရောက်ရှိသွားပြီး သေဆုံးနေသည့် ရုပ်အလောင်းအား တာချီလိတ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မဆင်မခြင်မောင်းနှင်မှုဖြင့် သေဆုံးသွားသူ အမည်မသိ အမျိုးသားအား တာချီလိတ်မြို့မရဲစခန်းတွင် ယာဉ်(ပ)၄၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၀၄-က အရ အမှုဖွင့်လှစ်ထားရှိကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~