သံလြင္ျမစ္ကူးတံတား(တာဆန္း)အား (၇၅)တန္ ခံႏိုင္၀န္ရွိသည့္ သံေဘာင္တံတားအျဖစ္ ၂၀၁၈-၁၉ ဘ႑ာေရးႏွစ္တြင္ အဆင့္ျမႇင့္တင္သြားမည္

သံလြင္ျမစ္ကူးတံတား(တာဆန္း)အား (၇၅)တန္ ခံႏိုင္၀န္ရွိသည့္ သံေဘာင္တံတားအျဖစ္ ၂၀၁၈-၁၉ ဘ႑ာေရးႏွစ္တြင္ အဆင့္ျမႇင့္တင္သြားမည္
ဒီဇင်ဘာ 5, 2018
By Tachileik News Agency
ရွမ္းျပည္နယ္အေရွ႕ပိုင္းႏွင့္ ရွမ္းျပည္နယ္ေတာင္ပိုင္းကို ဆက္သြယ္ထားသည့္ သံလြင္ျမစ္ကူးတံတား (တာဆန္း)အား (၇၅)တန္ ခံႏိုင္၀န္ရွိသည့္ သံေဘာင္တံတား အမ်ဳိးအစားအျဖစ္ ၂၀၁၈ - ၂၀၁၉ ဘ႑ာေရးႏွစ္ ျပည္ေထာင္စုရန္ပံုေငြျဖင့္ စတင္တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"မိုင္းတံု - မိုင္းဆတ္ လမ္းေပၚရွိ သံလြင္တံတား(တာဆန္း)ကို (၇၅)တန္ခံႏိုင္ဝန္ရွိေသာ Steel Truss သံေဘာင္တံတားအမ်ိဳးအစားျဖင္‌့ ၂၀၁၈-၁၉ ဘ႑ာေရးႏွစ္မွာ စတင္ၿပီးေတာ့ ျပည္‌ေထာင္စုရန္ပုံေငြျဖင့္ တည္ေဆာက္ေရးလုပ္ငန္းမ်ား စတင္ေဆာင္ရြက္သြားပါမယ္။ ၂၀၁၉ -၂၀ မွာေတာ့ ကြ်န္ေတာ္တို႔ ရန္ပံုေငြ တင္ျပေတာင္းခံပါမယ္။ ရန္ပံုေငြအျပည့္အ၀ ရတယ္ဆိုရင္ေတာ့ ၂၀၁၉-၂၀ ဘ႑ာႏွစ္မွာ အၿပီးတည္ေဆာက္ေပးသြားပါမယ္"ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေက်ာ္လင္းက လႊတ္ေတာ္တြင္ ေျဖၾကားသည္။

တာဆန္းတံတားျပဳျပင္ေပးေရးအတြက္ ၂၀၁၈ခုႏွစ္ ဒီဇင္ဘာလ(၄)ရက္ေန႔က က်င္းပခဲ့သည့္ ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ ဒသမ ပံုမွန္အစည္းအေဝး၏ နဝမေန႔တြင္ မိုင္းပန္မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုင္းေက်ာ္မိုးက ေမးျမန္းခဲ့ျခင္းျဖစ္သည္။

"အဓိကအားျဖင့္ မိမိတို႔ၿမိဳ႕နယ္မွ ေဒသထြက္ ၾကက္သြန္ျဖဴသီးႏွံနဲ႔ အျခားကုန္ပစၥည္းမ်ား နယ္စပ္ကို ႏွစ္စဥ္ ကုန္သြယ္မႈမ်ား ျပဳလုပ္လ်က္ရွိၿပီးေတာ့ ကုန္စည္ပို႔ေဆာင္ရာမွာလည္း ယခု လက္ရွိ သံမဏိႀကိဳး တံတားႀကီးဟာ ခံႏိုင္၀န္ (၁၇)တန္သာ သတ္မွတ္ထားရွိၿပီးေတာ့ ကုန္ပစၥည္းမ်ားကို ယာဥ္ငယ္နဲ႔ အတင္အခ် လုပ္ေဆာင္ကာ ႏွစ္ဆင့္ သယ္ယူရတဲ့အတြက္ေၾကာင့္ မ်ားစြာ အခ်ိန္ေႏွာင့္ေႏွးၾကန္႔ၾကာေလ့ ရွိပါတယ္။ အခုတင္ျပပါလမ္းနဲ႔ တာဆန္းတံတားဟာ မဟာဗ်ဴဟာအရ အေရးပါတဲ့ တံတားတစ္စင္း ျဖစ္ၿပီးေတာ့ မိမိႏိုင္ငံထြက္ေပါက္ နယ္စပ္ေဒသအေျခအေနအရ အဆင့္ျမႇင့္တင္၍ တန္(၇၀)ခံႏိုင္၀န္ရွိတဲ့ သံကူကြန္ကရစ္တံတားအျဖစ္ တည္ေဆာက္ထားပါက ဘက္စံုအသံုးျပဳႏိုင္မယ့္ အဓိကက်တဲ့ လမ္းတစ္ခု ျဖစ္လာမွာ ျဖစ္ပါတယ္"ဟု ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းေက်ာ္မိုးက လႊတ္ေတာ္တြင္ ေမးျမန္းသည္။

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ လင္းေခးခရိုင္၊ မိုင္းပန္ၿမိဳ႕နယ္ႏွင့္ ရွမ္းျပည္နယ္အေရွ႕ပိုင္း မိုင္းဆတ္ခရိုင္၊ မိုင္းတံုၿမိဳ႕နယ္တို႔အား ပိုင္းျခားထားေသာ သံလြင္ျမစ္အား ဆက္သြယ္တည္ေဆာက္ထားသည့္ လက္ရွိ သံလြင္ျမစ္ကူးတံတား(တာဆန္း)သည္ အရွည္ ေပ(၉၀၀)ရွိၿပီး ယာဥ္သြားလမ္းအက်ယ္ (၁၈)ေပရိွသည့္ တစ္လမ္းသြားတံတားျဖစ္သည္။

အဆိုပါတံတားကို ၁၉၉၉ ခုႏွစ္တြင္ တည္ေဆာက္ၿပီးစီးခဲ့ျခင္းျဖစ္ၿပီး ၂၀၁၈ခုႏွစ္ ဧၿပီလ(၁)ရက္ေန႔က ေျမာင္းျမႀကိဳးတံတားၿပိဳက်ခဲ့ၿပီးေနာက္ ၎တံတားႏွင့္အတူ အျခားတည္ေဆာက္ၿပီးစီးခဲ့သည့္ ႀကိဳးတံတားမ်ား၏ ႀကံ႕ခိုင္မႈအေျခအေနမ်ားအား တ႐ုတ္ ျပည္သူ႔သမၼတႏိုင္ငံ၊ China Highway Construction Association (CHCA)ျဖင့္ပူးေပါင္းတိုင္းတာစစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ရာတြင္ သံလြင္ျမစ္ကူးတံတား(တာဆန္း)၏ ႀကံ႕ခိုင္မႈ ခံႏိုင္ဝန္သည္ အဆင္‌့(၄)သာရွိသည့္အတြက္ ခံႏိုင္ဝန္ကို (၁၆)တန္ အထိ ေလၽွာ႔ခ်ခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်းကို ဆက်သွယ်ထားသည့် သံလွင်မြစ်ကူးတံတား (တာဆန်း)အား (၇၅)တန် ခံနိုင်ဝန်ရှိသည့် သံဘောင်တံတား အမျိုးအစားအဖြစ် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွဖြေင့် စတင်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

"မိုင်းတုံ - မိုင်းဆတ် လမ်းပေါ်ရှိ သံလွင်တံတား(တာဆန်း)ကို (၇၅)တန်ခံနိုင်ဝန်ရှိသော Steel Truss သံဘောင်တံတားအမျိုးအစားဖြင်‌့ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှာ စတင်ပြီးတော့ ပြည်‌ထောင်စုရန်ပုံငွဖြေင့် တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်သွားပါမယ်။ ၂၀၁၉ -၂၀ မှာတော့ ကျွန်တော်တို့ ရန်ပုံငွေ တင်ပြတောင်းခံပါမယ်။ ရန်ပုံငွေအပြည့်အဝ ရတယ်ဆိုရင်တော့ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ အပြီးတည်ဆောက်ပေးသွားပါမယ်"ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက လွှတ်တော်တွင် ဖြကြေားသည်။

တာဆန်းတံတားပြုပြင်ပေးရေးအတွက် ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၄)ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး၏ နဝမနေ့တွင် မိုင်းပန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျော်မိုးက မေးမြန်းခဲ့ခြင်းဖြစ်သည်။

"အဓိကအားဖြင့် မိမိတို့မြို့နယ်မှ ဒေသထွက် ကြက်သွန်ဖြူသီးနှံနဲ့ အခြားကုန်ပစ္စည်းများ နယ်စပ်ကို နှစ်စဉ် ကုန်သွယ်မှုများ ပြုလုပ်လျက်ရှိပြီးတော့ ကုန်စည်ပို့ဆောင်ရာမှာလည်း ယခု လက်ရှိ သံမဏိကြိုး တံတားကြီးဟာ ခံနိုင်ဝန် (၁၇)တန်သာ သတ်မှတ်ထားရှိပြီးတော့ ကုန်ပစ္စည်းများကို ယာဉ်ငယ်နဲ့ အတင်အချ လုပ်ဆောင်ကာ နှစ်ဆင့် သယ်ယူရတဲ့အတွက်ကြောင့် များစွာ အချိန်နှောင့်နှေးကြန့်ကြာလေ့ ရှိပါတယ်။ အခုတင်ပြပါလမ်းနဲ့ တာဆန်းတံတားဟာ မဟာဗျူဟာအရ အရေးပါတဲ့ တံတားတစ်စင်း ဖြစ်ပြီးတော့ မိမိနိုင်ငံထွက်ပေါက် နယ်စပ်ဒေသအခြေအနေအရ အဆင့်မြှင့်တင်၍ တန်(၇၀)ခံနိုင်ဝန်ရှိတဲ့ သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်ထားပါက ဘက်စုံအသုံးပြုနိုင်မယ့် အဓိကကျတဲ့ လမ်းတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်"ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်မိုးက လွှတ်တော်တွင် မေးမြန်းသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်တို့အား ပိုင်းခြားထားသော သံလွင်မြစ်အား ဆက်သွယ်တည်ဆောက်ထားသည့် လက်ရှိ သံလွင်မြစ်ကူးတံတား(တာဆန်း)သည် အရှည် ပေ(၉၀၀)ရှိပြီး ယာဉ်သွားလမ်းအကျယ် (၁၈)ပေရှိသည့် တစ်လမ်းသွားတံတားဖြစ်သည်။

အဆိုပါတံတားကို ၁၉၉၉ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ခုနှစ် ဧပြီလ(၁)ရက်နေ့က မြောင်းမြကြိုးတံတားပြိုကျခဲ့ပြီးနောက်၎င်းတံတားနှင့်အတူ အခြားတည်ဆောက်ပြီးစီးခဲ့သည့် ကြိုးတံတားများ၏ ကြံ့ခိုင်မှုအခြေအနေများအား တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ China Highway Construction Association (CHCA)ဖြင့်ပူးပေါင်းတိုင်းတာစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် သံလွင်မြစ်ကူးတံတား(တာဆန်း)၏ ကြံ့ခိုင်မှု ခံနိုင်ဝန်သည် အဆင်‌့(၄)သာရှိသည့်အတွက် ခံနိုင်ဝန်ကို (၁၆)တန် အထိ လျှော့ချခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~