တတိယအႀကိမ္ Tachileik Bike Week က ရန္ပံုေငြ က်ပ္သိန္း (၁၂၀)ကို ဝမ္ပံုအထကခြဲ၊ ၾကက္ေျခနီအသင္းႏွင့္ ၿမိဳ႕တြင္း CCTV တပ္ဆင္ေရးတုိ႔အတြက္ လွဴဒါန္း

တတိယအႀကိမ္ Tachileik Bike Week က ရန္ပံုေငြ က်ပ္သိန္း (၁၂၀)ကို ဝမ္ပံုအထကခြဲ၊ ၾကက္ေျခနီအသင္းႏွင့္ ၿမိဳ႕တြင္း CCTV တပ္ဆင္ေရးတုိ႔အတြက္ လွဴဒါန္း
ဒီဇင်ဘာ 26, 2018
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၁၄) ရက္ေန႔မွစ၍ (၃)ရက္ၾကာ က်င္းပခဲ့သည့္ ျမန္မာႏွင့္ ႏုိင္ငံတကာမွ Biker မ်ားပါဝင္သည့္ တတိယအႀကိမ္ Tachileik Bike Week မွ ရန္ပံုေငြ က်ပ္သိန္း(၁၂၀)ကို တာခ်ီလိတ္ၿမိဳ႕နယ္အတြက္ လွဴဒါန္းလုိက္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕အေျခစိုက္ Eastern Eagle Motorcycle Club က စီစဥ္သည့္ တတိယအႀကိမ္ Tachileik Bike Week ပြဲအတြင္း ဝမ္ပံုအထက္တန္းေက်ာင္းခြဲ၌ ကြန္ဘိြဳင္းစီးနင္းစဥ္က က်ပ္သိန္း (၆၀) ကို စုေပါင္း လွဴဒါန္းၾကျခင္းျဖစ္ၿပီး တာခ်ီလိတ္ၿမိဳ႕ရိွ လမ္းမ်ားတြင္ CCTV မ်ားတပ္ဆင္ရန္ က်ပ္သိန္း(၄၀)ႏွင့္ ခရိုင္ၾကက္ေျခနီႀကီးၾကပ္မႈေကာ္မတီ  အတြက္ က်ပ္သိန္း(၂၀)အား ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၂၆) ရက္ေန႔ ေန႔လယ္(၁)နာရီခြဲက တာခ်ီလိတ္ခရုိင္အုပ္ခ်ဳပ္ေရးမွဴးရုံး၌ လွဴဒါန္းလုိက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ရန္ပံုေငြမ်ားအား Eastern Eagle Motorcycle Club မွ ဥကၠဌ ဦးစိုင္းဟုမ္ဖ၊ ဒုဥကၠဌ ဦးစိုင္းပိန္းႏွင့္ အဖြဲ႔၀င္မ်ားက သြားေရာက္လွဴဒါန္းရာ ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီဥကၠဌ၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏုိင္ႏွင့္ ခရိုင္ၾကက္ေျခနီႀကီးၾကပ္မႈေကာ္မတီ ဥကၠ႒  ဦးၾကည္ျမင့္တို႔က လက္ခံရယူၾကေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ ဒီပြဲကေနရတဲ့ ေငြေတြကို ရန္ပုံေငြအျဖစ္ ျပန္လွဴဖို႔ ရည္ရြယ္ထားခဲ့တဲ့အတိုင္း လွဴခဲ့ၾကတာပါ ။ အျမတ္ေငြရယ္လို႔ေတာ့ မဟုတ္ဘူးေပါ့" ဟု Eastern Eagle Motorcycle Club မွ ကိုေနာင္က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕အေျခစိုက္ Eastern Eagle Motorcycle Clubမွ စီစဥ္ေသာ Tachileik Bike Week ပြဲအား တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းတြင္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၁၄) ရက္ေန႕မွ (၁၅) ရက္ေန႔ထိ္ ျပဳလုပ္ခဲ့ၿပီး  ျမန္မာႏုိင္ငံမွ Biker မ်ား အျပင္ ဘရူႏုိင္း၊ အင္ဒိုနီးရွား၊ မေလးရွား၊ ထုိင္း၊ စကၤာပူ၊ လာအို၊ ကေမၻာဒီးယားႏွင့္ အျခားႏုိင္ငံမ်ားမွ စုစုေပါင္း Biker (၁,၀၀၀)ေက်ာ္  ပါဝင္ခဲ့ၾကေၾကာင္း သိရသည္။

Eastern Eagle Motorcycle Club မွ စီစဥ္ခဲ့သည့္ ဒုတိယအႀကိမ္ေျမာက္ Tachileik BIKE WEEK ကို ၂၀၁၆ ခုႏွစ္က က်င္းပခဲ့စဥ္ကလည္း တာခ်ီလိတ္ႏွင့္ က်ိဳင္းတံုၿမိဳ႕နယ္မ်ားသို႔ က်ပ္သိန္း (၁၀၀) လွဴဒါန္းေပးခဲ့ျခင္း ျဖစ္သည္။

သတင္း/ဓါတ္ပံု - ဆန္းၿဖဳိးထြန္း



~~~~~~~~⊰❂Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်နေ့မှစ၍ (၃)ရက်ကြာ ကျင်းပခဲ့သည့် မြန်မာနှင့် နိုင်ငံတကာမှ Biker များပါဝင်သည့် တတိယအကြိမ် Tachileik Bike Week မှ ရန်ပုံငွေ ကျပ်သိန်း(၁၂၀)ကို တာချီလိတ်မြို့နယ်အတွက် လှူဒါန်းလိုက်ကြောင်း သိရသည်။

တာချီလိတ်မြို့အခြေစိုက် Eastern Eagle Motorcycle Club က စီစဉ်သည့် တတိယအကြိမ် Tachileik Bike Week ပွဲအတွင်း ဝမ်ပုံအထက်တန်းကျောင်းခွဲ၌ ကွန်ဘွိုင်းစီးနင်းစဉ်က ကျပ်သိန်း (၆၀) ကို စုပေါင်း လှူဒါန်းကြခြင်းဖြစ်ပြီး တာချီလိတ်မြို့ရှိ လမ်းများတွင် CCTV များတပ်ဆင်ရန် ကျပ်သိန်း(၄၀)နှင့် ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ အတွက် ကျပ်သိန်း(၂၀)အား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်နေ့ နေ့လယ်(၁)နာရီခွဲက တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးရုံး၌ လှူဒါန်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရန်ပုံငွေများအား Eastern Eagle Motorcycle Club မှ ဥက္ကဌ ဦးစိုင်းဟုမ်ဖ၊ ဒုဥက္ကဌ ဦးစိုင်းပိန်းနှင့် အဖွဲ့ဝင်များက သွားရောက်လှူဒါန်းရာ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့်တို့က လက်ခံရယူကြကြောင်း သိရသည်။

"ကျွန်တော်တို့ ဒီပွဲကနေရတဲ့ ငွေတွေကို ရန်ပုံငွေအဖြစ် ပြန်လှူဖို့ ရည်ရွယ်ထားခဲ့တဲ့အတိုင်း လှူခဲ့ကြတာပါ။ အမြတ်ငွေရယ်လို့တော့ မဟုတ်ဘူးပေါ့" ဟု Eastern Eagle Motorcycle Club မှ ကိုနောင်က ပြောသည်။

တာချီလိတ်မြို့အခြေစိုက် Eastern Eagle Motorcycle Clubမှ စီစဉ်သော Tachileik Bike Week ပွဲအား တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်နေ့မှ (၁၅) ရက်နေ့ထိ် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံမှ Biker များ အပြင် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ စင်္ကာပူ၊ လာအို၊ ကမ္ဘောဒီးယားနှင့် အခြားနိုင်ငံများမှ စုစုပေါင်း Biker (၁,ဝဝဝ)ကျော် ပါဝင်ခဲ့ကြကြောင်း သိရသည်။

Eastern Eagle Motorcycle Club မှ စီစဉ်ခဲ့သည့် ဒုတိယအကြိမ်မြောက် Tachileik BIKE WEEK ကို ၂၀၁၆ ခုနှစ်က ကျင်းပခဲ့စဉ်ကလည်း တာချီလိတ်နှင့် ကျိုင်းတုံမြို့နယ်များသို့ ကျပ်သိန်း (၁၀၀) လှူဒါန်းပေးခဲ့ခြင်း ဖြစ်သည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~