ျမန္မာတစ္ႏိုင္ငံလံုးမွ ရွမ္းတိုင္းရင္းသားမ်ား ပါ၀င္မည့္ ရွမ္းတိုင္းရင္းသားမ်ားရိုးရာႏွစ္သစ္ကူးပြဲေတာ္ လားရႈိးၿမိဳ႕တြင္ ဒီဇင္ဘာလ(၆)ရက္ေန႔ စတင္မည္

ျမန္မာတစ္ႏိုင္ငံလံုးမွ ရွမ္းတိုင္းရင္းသားမ်ား ပါ၀င္မည့္ ရွမ္းတိုင္းရင္းသားမ်ားရိုးရာႏွစ္သစ္ကူးပြဲေတာ္ လားရႈိးၿမိဳ႕တြင္ ဒီဇင္ဘာလ(၆)ရက္ေန႔ စတင္မည္
ဒီဇင်ဘာ 5, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၆) ရက္ေန႔မွ (၉) ရက္ေန႔အထိ ပထမဦးဆံုးအႀကိမ္ အိမ္ရွင္အျဖစ္က်င္းပမည့္ ရွမ္းႏွစ္သစ္ကူးအထိမ္းအမွတ္ပြဲေတာ္၌ ျမန္မာတစ္ႏိုင္ငံလံုးရွိ ရွမ္းတိုင္းရင္းသားမ်ား၏ ရိုးရာယဥ္ေက်းမႈျပခန္းမ်ားႏွင့္ ဆုိ၊ က၊ ေရး၊ တီး ျပပြဲမ်ား ထည့္သြင္း ျပသမည္ ျဖစ္ေၾကာင္း သိရသည္။

ျမန္မာတစ္ႏိုင္ငံလံုးဆုိင္ရာ ရွမ္းစာေပႏွင့္ယဥ္ေက်းမႈအသင္း(ဗဟို)မွ အစည္းအေဝးအဆံုးအျဖတ္ျဖင့္ ရွမ္းရိုးရာႏွစ္သစ္ကူးပြဲမ်ားကို ၂၀၁၂ ခုႏွစ္တြင္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕၌ လည္းေကာင္း၊ ၂၀၁၄ ခုႏွစ္တြင္ ေတာင္ႀကီးၿမိဳ႕၌ လည္းေကာင္း က်င္းပခဲ့ၿပီး ၂၀၁၈ ခုႏွစ္တြင္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)လားရိႈးၿမိဳ႕၌ က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

"သူ႔ရဲ႕ ရည္ရြယ္ခ်က္ကေတာ့ တစ္ႏိုင္ငံလံုးမွာရွိတဲ့ ရွမ္းတိုင္းရင္းသားအားလံုးနဲ႔အတူ ကၽြန္ေတာ္တို႔ျပည္နယ္ အတြင္းမွာရွိတဲ့ တိုင္းရင္းသားအားလံုးတို႔ရဲ့ ရိုးရာယဥ္ေက်းမႈဓေလ့ေတြကို ျပသဖလွယ္ႏိုင္ဖို႔ရယ္၊ တစ္ေယာက္ နဲ႔ တစ္ေယာက္ ခ်စ္ၾကည္ရင္းႏီွးမႈေတြတည္ေဆာက္ႏိုင္ၿပီး ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲ ေနထိုင္ႏိုင္ေစဖို႔ ရည္ရြယ္ခ်က္နဲ႔ ျပဳလုပ္တာျဖစ္ပါတယ္" ဟု ရွမ္းႏွစ္သစ္ကူးပြဲေတာ္အား ဦးေဆာင္ က်င္းပျပဳလုပ္မည့္ ရွမ္းစာေပ ႏွင့္ ယဥ္ေက်းမႈအသင္း(လားရိႈး)ဥကၠဌ ဦးစိုင္းေက်ာ္ေဌးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လားရိႈးၿမိဳ႕ ခ်ယ္ရီၿမိဳင္အိမ္ရာဝန္းအတြင္း (၄)ရက္တာက်င္းပမည့္ ပြဲေတာ္အခမ္းအနား၌ ရွမ္းတိုင္းရင္းသား စာဆိုေတာ္ႏွင့္ စာေပပညာရွင္မ်ားအား ဂုဏ္ျပဳပြဲ၊ ယဥ္ေက်းမႈ ပေဒသာကပြဲမ်ား၊ စာေပေဟာေျပာျခင္းႏွင့္ စာစီစာကုံးၿပိဳင္ပြဲ၊ ရိုးရာလက္မႈပညာျပပြဲႏွင့္ ေကာက္သစ္စားပြဲတို႔လည္း ထည့္သြင္းက်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ႏွစ္သစ္ကူးပြဲေတာ္ အခမ္းအနားတြင္ စင္တင္ေတးဂီတပြဲ၊ ႏွစ္သစ္ႀကိဳဆိုျခင္း၊ ရွမ္းဇာတ္သဘင္ႏွင့္ ေရွးေဟာင္း သီခ်င္းသီဆိုပြဲ၊ တိုးနယား၊ ကိႏၷရီအကျပပြဲမ်ားအပါအဝင္ ယဥ္ေက်းမႈ ရိုးရာဓေလ့ပြဲမ်ား ကိုလည္း ထည့္သြင္း ျပသသြားမည္ျဖစ္ၿပီး ရွမ္းတိုင္းရင္းသား ေဘာလံုးအသင္း (၁၂)သင္း ပါဝင္မည့္ ႏွစ္သစ္ကူးအထိမ္းအမွတ္ ေဘာလံုးၿပိဳင္ပြဲကိုလည္း ျပည္ေထာင္စုအားကစားကြင္းတြင္ က်င္းပျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု -  ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့မှ (၉) ရက်နေ့အထိ ပထမဦးဆုံးအကြိမ် အိမ်ရှင်အဖြစ်ကျင်းပမည့် ရှမ်းနှစ်သစ်ကူးအထိမ်းအမှတ်ပွဲတော်၌ မြန်မာတစ်နိုင်ငံလုံးရှိ ရှမ်းတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုပြခန်းများနှင့် ဆို၊ က၊ ရေး၊ တီး ပြပွဲများ ထည့်သွင်း ပြသမည် ဖြစ်ကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း(ဗဟို)မှ အစည်းအဝေးအဆုံးအဖြတ်ဖြင့် ရှမ်းရိုးရာနှစ်သစ်ကူးပွဲများကို ၂၀၁၂ ခုနှစ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ လည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် တောင်ကြီးမြို့၌ လည်းကောင်း ကျင်းပခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့၌ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

"သူ့ရဲ့ ရည်ရွယ်ချက်ကတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ ရှမ်းတိုင်းရင်းသားအားလုံးနဲ့အတူ ကျွန်တော်တို့ပြည်နယ် အတွင်းမှာရှိတဲ့ တိုင်းရင်းသားအားလုံးတို့ရဲ့ ရိုးရာယဉ်ကျေးမှုဓလေ့တွေကို ပြသဖလှယ်နိုင်ဖို့ရယ်၊ တစ်ယောက် နဲ့ တစ်ယောက် ချစ်ကြည်ရင်းနှီးမှုတွေတည်ဆောက်နိုင်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်စေဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာဖြစ်ပါတယ်" ဟု ရှမ်းနှစ်သစ်ကူးပွဲတော်အား ဦးဆောင် ကျင်းပပြုလုပ်မည့် ရှမ်းစာပေ နှင့် ယဉ်ကျေးမှုအသင်း(လားရှိုး)ဥက္ကဌ ဦးစိုင်းကျော်ဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လားရှိုးမြို့ ချယ်ရီမြိုင်အိမ်ရာဝန်းအတွင်း (၄)ရက်တာကျင်းပမည့် ပွဲတော်အခမ်းအနား၌ ရှမ်းတိုင်းရင်းသား စာဆိုတော်နှင့် စာပေပညာရှင်များအား ဂုဏ်ပြုပွဲ၊ ယဉ်ကျေးမှု ပဒေသာကပွဲများ၊ စာပေဟောပြောခြင်းနှင့် စာစီစာကုံးပြိုင်ပွဲ၊ ရိုးရာလက်မှုပညာပြပွဲနှင့် ကောက်သစ်စားပွဲတို့လည်း ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စင်တင်တေးဂီတပွဲ၊ နှစ်သစ်ကြိုဆိုခြင်း၊ ရှမ်းဇာတ်သဘင်နှင့် ရှေးဟောင်း သီချင်းသီဆိုပွဲ၊ တိုးနယား၊ ကိန္နရီအကပြပွဲများအပါအဝင် ယဉ်ကျေးမှု ရိုးရာဓလေ့ပွဲများ ကိုလည်း ထည့်သွင်း ပြသသွားမည်ဖြစ်ပြီး ရှမ်းတိုင်းရင်းသား ဘောလုံးအသင်း (၁၂)သင်း ပါဝင်မည့် နှစ်သစ်ကူးအထိမ်းအမှတ် ဘောလုံးပြိုင်ပွဲကိုလည်း ပြည်ထောင်စုအားကစားကွင်းတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~