တာခ်ီလိတ္၌ ဒီဇင္ဘာလ(၅)ရက္ေန႔တြင္ စတင္ က်င္းပမည့္ ရွမ္းတိုင္းရင္းသားမ်ားရိုးရာႏွစ္သစ္ကူးပြဲေတာ္အတြက္ ျပင္ဆင္ေန

တာခ်ီလိတ္၌ ဒီဇင္ဘာလ(၅)ရက္ေန႔တြင္ စတင္ က်င္းပမည့္ ရွမ္းတိုင္းရင္းသားမ်ားရိုးရာႏွစ္သစ္ကူးပြဲေတာ္အတြက္ ျပင္ဆင္ေန
ဒီဇင်ဘာ 4, 2018
By Tachileik News Agency

တာခ်ီလိတ္၌ ရွမ္းတိုင္းရင္းသားမ်ား၏ ၂၁၁၃ခုႏွစ္  ရွမ္းတိုင္းရင္းသားမ်ားရိုးရာႏွစ္သစ္ကူးပြဲေတာ္အား ၂၀၁၈ခုႏွစ္ ဒီဇင္ဘာလ (၅)ရက္ေန႔တြင္ စတင္ရန္အတြက္ ျပင္ဆင္မႈမ်ား ေဆာင္ရြက္ေနၿပီျဖစ္ေၾကာင္း သိရသည္။

"ဒီေန႔ကေတာ့ ဆိုင္ခန္းေနရာ လုပ္ေနတာေတြ၊ မီးစမ္း၊ စက္စမ္းတာေတြ လုပ္ေနပါတယ္၊ နက္ျဖန္(ဒီဇင္ဘာ၅) ည ၇ နာရီခြဲမွာ ဖြင့္ပဲြက်င္းပမွာပါ၊ ပြဲေတာ္ကာလအတြင္းမွာေတာ့ ရွမ္းတိုင္းရင္းသားမ်ားရိုးရာ အကၿပိဳင္ပြဲေတြရွိမယ္၊ ေနာက္ၿပီး ျပခန္းေတြလည္း ျပသေပးထားပါတယ္၊ (၇)ရက္ေန႔ ညမွာေတာ့ ႏွစ္သစ္ကူးႀကိဳဆိုၾကမွာပါ"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ ရွမ္းတိုင္းရင္းသားမ်ားစာေပႏွင့္ ယဥ္ေက်းမႈအသင္းမွ ဦးစိုင္းႏြံတီြက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းတိုင္းရင္းသားမ်ားႏွစ္သစ္ကူးပြဲေတာ္အား တာခ်ီလိတ္ၿမိဳ႕ ေဆခမ္းရပ္ကြက္အတြင္းရွိ ရွမ္းတိုင္းရင္းသားမ်ား စာေပႏွင့္ယဥ္ေက်းမႈအသင္းပိုင္ ကြင္းျပင္တြင္ ၂၀၁၈ခုႏွစ္ ဒီဇင္ဘာလ (၅)ရက္ေန႔မွ ဒီဇင္ဘာလ(၇)ရက္ေန႔အထိ က်င္းပသြားမည္ျဖစ္ၿပီး ဒီဇင္ဘာလ(၉)ရက္ေန႔တြင္ ဘုန္းႀကီးေက်ာင္း၌ ေရစက္ခ် တရားနာမည့္ အစီအစဥ္မ်ားကို ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု -  SNT

 


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်၌ ရှမ်းတိုင်းရင်းသားများ၏ ၂၁၁၃ခုနှစ် ရှမ်းတိုင်းရင်းသားများရိုးရာနှစ်သစ်ကူးပွဲတော်အား ၂၀၁၈ခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့တွင် စတင်ရန်အတွက် ပြင်ဆင်မှုများ ဆောင်ရွက်နပြေီဖြစ်ကြောင်း သိရသည်။

"ဒီနေ့ကတော့ ဆိုင်ခန်းနေရာ လုပ်နေတာတွေ၊ မီးစမ်း၊ စက်စမ်းတာတွေ လုပ်နေပါတယ်၊ နက်ဖြန်(ဒီဇင်ဘာ၅) ည ၇ နာရီခွဲမှာ ဖွင့်ပွဲကျင်းပမှာပါ၊ ပွဲတော်ကာလအတွင်းမှာတော့ ရှမ်းတိုင်းရင်းသားများရိုးရာ အကပြိုင်ပွဲတွေရှိမယ်၊ နောက်ပြီး ပြခန်းတွေလည်း ပြသပေးထားပါတယ်၊ (၇)ရက်နေ့ ညမှာတော့ နှစ်သစ်ကူးကြိုဆိုကြမှာပါ"ဟု တာချီလိတ်မြို့နယ် ရှမ်းတိုင်းရင်းသားများစာပေနှင့် ယဉ်ကျေးမှုအသင်းမှ ဦးစိုင်းနွံတွီက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းတိုင်းရင်းသားများနှစ်သစ်ကူးပွဲတော်အား တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်အတွင်းရှိ ရှမ်းတိုင်းရင်းသားများ စာပေနှင့်ယဉ်ကျေးမှုအသင်းပိုင် ကွင်းပြင်တွင် ၂၀၁၈ခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့မှ ဒီဇင်ဘာလ(၇)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ဒီဇင်ဘာလ(၉)ရက်နေ့တွင် ဘုန်းကြီးကျောင်း၌ ရေစက်ချ တရားနာမည့် အစီအစဉ်များကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - SNT

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~