ဖဲရိုက်နေသည့် အမျိုးသမီး(၅)ဦး နှင့် အမျိုးသား(၁)ဦးတို့ကို လောင်းကစားဥပဒေဖြင့် အမှုဖွင့် အရေးယူ

ဖဲရိုက်နေသည့် အမျိုးသမီး(၅)ဦး နှင့် အမျိုးသား(၁)ဦးတို့ကို လောင်းကစားဥပဒေဖြင့် အမှုဖွင့် အရေးယူ
ဒီဇင်ဘာ 12, 2018
By Tachileik News Agency

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ဝါးတောတွင် ဖဲရိုက်နေသည့် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး (၅)ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးပြီး လောင်းကစားဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။



Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ဝါးတောတွင် ဖဲရိုက်နေသည့် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး (၅)ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးပြီး လောင်းကစားဥပဒဖြေင့် အမှုဖွင့်ထားကြောင်း သိရသည်။

မင်းလှမြို့ နယ်၊ ရေနံမနယ်မြေ ရဲစခန်းမှ ဒုရဲအုပ် နေအောင်ဦးနှင့်အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့ ညနေ (၅) နာရီခွဲဝန်းကျင်တွင် သက်သေများနှင့် အတူ စစ္စနို့ - ကန်တုတ်ကားလမ်း၏ မြောက်ဘက် (၂)ဖာလုံခန့် အကွာရှိ ရေနံမကျေးရွာနှင့် ဓာတ်ကုန်းကျေးရွာကြား ဝါးတောအတွင်း ဝင်ရောက် ရှာဖွေဖမ်းဆီးရာ ဝါးရုံပင်အောက်တွင် ဖဲကစားနေသည့် အသက်(၂၅)နှစ်မှ အသက်(၆၀)ကြား အသက်အရွယ်ရှိသည့် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၅)ဦးကို ဖမ်းဆီးရမိပြီး ငွေကျပ်(၁၄၇,ဝဝဝ)ကိုလည်း သိမ်းဆည်းရမိကြောင်း သိရသည်။

ဖဲကစားနေသည့် ကြည်ခိုင်၊ ဝင်းရီ၊ မကြီး၊ မငယ်၊ မဝင်းနှင့် မလင်းတို့အား မင်းလှမြို့နယ်၊ ရေနံမနယ်မြေ ရဲစခန်းတွင် (ပ)၄၆/၂၀၁၈၊ လောင်းကစားဥပဒေပုဒ်မ ၁၂(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်းသိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~