က်ိဳင္းတံုၿမိဳ႕ရွိ ေနာင္တံုကန္အတြင္း ငါးဖမ္းလုပ္ငန္းလိုင္စင္ ေလွ်ာက္လႊာအႀကိမ္ႀကိမ္ေခၚေသာ္လည္း ေလွ်ာက္ထားသူမရိွ

က်ိဳင္းတံုၿမိဳ႕ရွိ ေနာင္တံုကန္အတြင္း ငါးဖမ္းလုပ္ငန္းလိုင္စင္ ေလွ်ာက္လႊာအႀကိမ္ႀကိမ္ေခၚေသာ္လည္း ေလွ်ာက္ထားသူမရိွ
ဒီဇင်ဘာ 8, 2018
By Tachileik News Agency
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတုံၿမိဳ႕ရွိ ေနာင္တုံကန္အတြင္း ငါးဖမ္းလုပ္ငန္းလိုင္စင္အား ၿမိဳ႕နယ္ စည္ပင္သာယာေရး ေကာ္မတီက တင္ဒါ (၃)ႀကိမ္ေခၚယူေသာ္လည္း ေလွ်ာက္ထားသူမရိွသျဖင့္ ငါးဖမ္းျခင္း လုပ္ငန္းလိုင္စင္ အျခားနည္းျဖင့္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၇)ရက္ေန႔တြင္ ထပ္မံေရာင္းခ်ရာ ေလွ်ာက္ထားသူ မရွိေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ဆီမွာ ေလွ်ာက္ထားသူ မရွိဘူးခင္ဗ်။ မတင္ၾကဘူး။ ေလာေလာဆယ္ကေတာ့ ဒီအတိုင္း ငါးဖမ္း ခ်င္တဲ့သူဖမ္းေပါ့။ ဒီတိုင္းပဲ ခြင့္ျပဳေပးထားပါတယ္။ ၿပီးေတာ့မွပဲ ၿမိဳ႕ရဲ႕စီမံခန႔္ခြဲမႈေကာ္မတီတို႔ ၿမိဳ႕မိၿမိဳ႕ဖေတြနဲ႔ တိုင္ပင္ၿပီး ဘယ္လိုဆက္လုပ္မလဲဆိုတာ ျပန္ေဆြးေႏြးသြားပါမယ္ခင္ဗ်”ဟု က်ိဳင္းတံုၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန အမႈေဆာင္အရာရိွ ဦးမ်ိဳးျမင့္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

၂၀၁၈ - ၂၀၁၉ ဘ႑ာႏွစ္ ငါးဖမ္းလုပ္ငန္းလုပ္ကိုင္ခြင့္တင္ဒါကို ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလမွစ၍ သုံးႀကိမ္ေျမာက္ေခၚယူခဲ့ၿပီးေနာက္ ေလွ်ာက္ထားသူမရိွသျဖင့္ ဒီဇင္ဘာလ (၇) ရက္ေန႔တြင္ ငါးဖမ္းျခင္း လုပ္ငန္းလိုင္စင္ကို အျခားနည္းျဖင့္ထပ္မံေခၚယူခဲ့ျခင္း ျဖစ္သည္။

ေနာင္တံုကန္ငါးဖမ္းျခင္း လုပ္ငန္းလုိင္စင္ကို ၂၀၁၆ - ၂၀၁၇ ဘ႑ာႏွစ္အထိ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနက ခြင့္ျပဳေပးေနခဲ့ျခင္းျဖစ္ၿပီး ၂၀၁၇ - ၂၀၁၈ ဘ႑ာႏွစ္တြင္ စည္ပင္သာယာေရးဌာနသို႔ လႊဲေျပာင္းေပးခဲ့ျခင္းျဖစ္ေသာ္လည္း ငါးဖမ္းလုပ္ငန္းလုိင္စင္ကို ၂၀၁၈ -၂၀၁၉ ဘ႑ာေရးႏွစ္မွသာ စတင္ေခၚယူလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ နောင်တုံကန်အတွင်း ငါးဖမ်းလုပ်ငန်းလိုင်စင်အား မြို့နယ် စည်ပင်သာယာရေး ကော်မတီက တင်ဒါ (၃)ကြိမ်ခေါ်ယူသော်လည်း လျှောက်ထားသူမရှိသဖြင့် ငါးဖမ်းခြင်း လုပ်ငန်းလိုင်စင် အခြားနည်းဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်နေ့တွင် ထပ်မံရောင်းချရာ လျှောက်ထားသူ မရှိကြောင်း သိရသည်။

"ကျွန်တော်တို့ဆီမှာ လျှောက်ထားသူ မရှိဘူးခင်ဗျ။ မတင်ကြဘူး။ လောလောဆယ်ကတော့ ဒီအတိုင်း ငါးဖမ်း ချင်တဲ့သူဖမ်းပေါ့။ ဒီတိုင်းပဲ ခွင့်ပြုပေးထားပါတယ်။ ပြီးတော့မှပဲ မြို့ရဲ့စီမံခန့်ခွဲမှုကော်မတီတို့ မြို့မိမြို့ဖတွေနဲ့ တိုင်ပင်ပြီး ဘယ်လိုဆက်လုပ်မလဲဆိုတာ ပြန်ဆွေးနွေးသွားပါမယ်ခင်ဗျ”ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ခွင့်တင်ဒါကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလမှစ၍ သုံးကြိမ်မြောက်ခေါ်ယူခဲ့ပြီးနောက် လျှောက်ထားသူမရှိသဖြင့် ဒီဇင်ဘာလ (၇) ရက်နေ့တွင် ငါးဖမ်းခြင်း လုပ်ငန်းလိုင်စင်ကို အခြားနည်းဖြင့်ထပ်မံခေါ်ယူခဲ့ခြင်း ဖြစ်သည်။

နောင်တုံကန်ငါးဖမ်းခြင်း လုပ်ငန်းလိုင်စင်ကို ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်အထိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ခွင့်ပြုပေးနေခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် စည်ပင်သာယာရေးဌာနသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သော်လည်း ငါးဖမ်းလုပ်ငန်းလိုင်စင်ကို ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်မှသာ စတင်ခေါ်ယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~