တပ်မတော်၏ စစ်တိုင်းအားလုံးတွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ တစ်ပြိုင်တည်းရပ်ဆိုင်းကြောင်း သမ္မတအနေဖြင့် ကြေညာပေးရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့တောင်းဆို

တပ်မတော်၏ စစ်တိုင်းအားလုံးတွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ တစ်ပြိုင်တည်းရပ်ဆိုင်းကြောင်း သမ္မတအနေဖြင့် ကြေညာပေးရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့တောင်းဆို
ဒီဇငျဘာ 27, 2018
By Tachileik News Agency
တပ်မတော်၏ စစ်တိုင်းအားလုံးတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုအားလုံး တစ်ပြိုင်တည်း ရပ်ဆိုင်းကြောင်း နိုင်ငံတော်သမ္မတက ကြေညာပေးရန်နှင့် ယင်းသို့ကြေညာပြီးသည်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့အနေဖြင့် စစ်ရေး လှုပ်ရှားမှုများကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၇)ရက်နေ့တွင် သတင်း ထုတ်ပြန်လိုက်သည်။

တပ်မတော်က စစ်တိုင်းဒေသ(၅)ခုတွင် စစ်ရေးဆောင်ရွက်ချက်များကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ( ၂၁ ) ရက်နေ့မှစ၍ (၄)လတာ ရပ်ဆိုင်းကြောင်းနှင့် အဆိုပါကာလအတွင်း အပစ်ရပ်၊ မပစ်မရပ် အဖွဲ့များ အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးကြရန် သဘောထားထုတ်ပြန်ခဲ့ခြင်းမှာ တွေ့ဆုံဆွေးနွေးရေး၏ လမ်းစအဖြစ် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဖြစ်သည့် KIO/KIA၊ PSLF/TNLA၊ MNTJP/MNDAAနှင့် ULA/AA တို့(၄)ဖွဲ့အနေဖြင့် ရှုမြင်သုံးသပ်ပါသည်ဟု အဆိုပါ ထုတ်ပြန်ချက်က ဖေါ်ပြထားသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့အနေဖြင့် အစိုးရ၊တပ်မတော်တို့နှင့် ဆွေးနွေးရာတွင် အတူတကွ ဆွေးနွေးမည်ဖြစ်ပြီး ဆွေးနွေးပွဲများကို တရုတ်နိုင်ငံတွင် ကျင်းပရန်၊ ဆွေးနွေးပွဲများတွင် FPNCC အဖွဲ့ဝင်များဖြစ်ကြသည့် UWSP/UWSA၊ SSPP/SSA၊ PSC/NDAA အဖွဲ့များကို အသိသက်သေများအဖြစ် တက်ရောက်ခွင့် ပေးရန်ကိုလည်း တောင်းဆိုထားသည်။


စစ်ရေးဆောင်ရွက်မှုများ ဦးစွာရပ်တန့်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် စစ်ရေးဆောင်ရွက်မှုများ ရပ်တန့်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းသင့်ကြောင်းနှင့် ၎င်းတို့အနေဖြင့်လည်း ပါဝင်ဆောင်ရွက်လိုကြောင်း MNTJP၊ PSLF၊ ULA အဖွဲ့(၃)ဖွဲ့က  ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၁၂)ရက်နေ့က သဘောထားထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန် လိုက်ရာ ငြိမ်းချမ်းရေးကော်မရှင်က ကြိုဆိုထောက်ခံကြောင်းနှင့် နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးနိုင်ရေးကို ဆက်လက်ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာလ(၁၂)ရက်နေ့မှာပင် ပြန်လည်ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။



Tachileik News Agency


~~~~~~~~⊰❂Unicode Version ~~~~~~~~

တပ်မတော်၏ စစ်တိုင်းအားလုံးတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုအားလုံး တစ်ပြိုင်တည်း ရပ်ဆိုင်းကြောင်း နိုင်ငံတော်သမ္မတက ကြေညာပေးရန်နှင့် ယင်းသို့ကြေညာပြီးသည်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့အနဖြေင့် စစ်ရေး လှုပ်ရှားမှုများကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၇)ရက်နေ့တွင် သတင်း ထုတ်ပြန်လိုက်သည်။

တပ်မတော်က စစ်တိုင်းဒေသ(၅)ခုတွင် စစ်ရေးဆောင်ရွက်ချက်များကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ( ၂၁ ) ရက်နေ့မှစ၍ (၄)လတာ ရပ်ဆိုင်းကြောင်းနှင့် အဆိုပါကာလအတွင်း အပစ်ရပ်၊ မပစ်မရပ် အဖွဲ့များ အနဖြေင့် ငြိမ်းချမ်းရေးဆွေးနွေးကြရန် သဘောထားထုတ်ပြန်ခဲ့ခြင်းမှာ တွေ့ဆုံဆွေးနွေးရေး၏ လမ်းစအဖြစ် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဖြစ်သည့် KIO/KIA၊ PSLF/TNLA၊ MNTJP/MNDAAနှင့် ULA/AA တို့(၄)ဖွဲ့အနဖြေင့် ရှုမြင်သုံးသပ်ပါသည်ဟု အဆိုပါ ထုတ်ပြန်ချက်က ဖော်ပြထားသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့အနဖြေင့် အစိုးရ၊တပ်မတော်တို့နှင့် ဆွေးနွေးရာတွင် အတူတကွ ဆွေးနွေးမည်ဖြစ်ပြီး ဆွေးနွေးပွဲများကို တရုတ်နိုင်ငံတွင် ကျင်းပရန်၊ ဆွေးနွေးပွဲများတွင် FPNCC အဖွဲ့ဝင်များဖြစ်ကြသည့် UWSP/UWSA၊ SSPP/SSA၊ PSC/NDAA အဖွဲ့များကို အသိသက်သေများအဖြစ် တက်ရောက်ခွင့် ပေးရန်ကိုလည်း တောင်းဆိုထားသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်ကြသည့် MNTJP၊ PSLF နှင့် ULA တို့၏ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၁၂) ရက်နေ့က သဘောထားအပေါ် မြန်မာ့ငြိမ်းချမ်းရေးကော်မရှင်က ကြိုဆိုသော သဘောထားနှင့် တပ်မတော်က စစ်တိုင်းဒေသ(၅)ခုတွင် စစ်ရေးလှုပ်ရှားမှုရပ်ဆိုင်းလိုက်သည့် သဘောထားများနှင့် ပတ်သက်၍ KNPP က သဘောထားကြေညာချက်တစ်စောင်ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၄)ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

စစ်ရေးဆောင်ရွက်မှုများ ဦးစွာရပ်တန့်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် စစ်ရေးဆောင်ရွက်မှုများ ရပ်တန့်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းသင့်ကြောင်းနှင့်၎င်းတို့အနဖြေင့်လည်း ပါဝင်ဆောင်ရွက်လိုကြောင်း MNTJP၊ PSLF၊ ULA အဖွဲ့(၃)ဖွဲ့က ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၁၂)ရက်နေ့က သဘောထားထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန် လိုက်ရာ ငြိမ်းချမ်းရေးကော်မရှင်က ကြိုဆိုထောက်ခံကြောင်းနှင့် နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးနိုင်ရေးကို ဆက်လက်ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာလ(၁၂)ရက်နေ့မှာပင် ပြန်လည်ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။

ယင်းနောက် တပ်မတော်က စစ်တိုင်း(၅)ခုတွင် စစ်ရေးရပ်ဆိုင်းပေးမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

တပ်မတော်၏သဘောထားထုတ်ပြန်ချက်ကို UN၊ တရုတ်သံရုံး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများက ကြိုဆိုကြောင်း သဘောထားထုတ်ပြန်ချက်အသီးသီးထွက်လာပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့၏ သဘောထားထုတ်ပြန်ချက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးကြေညာရန် တိုက်တွန်းထားသည်ကိုတွေ့ရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~