မိုင္းဆတ္ၿမိဳ႕တြင္ ရွမ္းတိုင္းရင္းသားမ်ားရိုးရာ စုေပါင္းႏွစ္သစ္ကူးအလွဴအျဖစ္ ၿမိဳ႕တြင္းလွည့္လည္

မိုင္းဆတ္ၿမိဳ႕တြင္ ရွမ္းတိုင္းရင္းသားမ်ားရိုးရာ စုေပါင္းႏွစ္သစ္ကူးအလွဴအျဖစ္ ၿမိဳ႕တြင္းလွည့္လည္
ဒီဇင်ဘာ 8, 2018
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းဆတ္ခရိုင္၊ မိုင္းဆတ္ၿမိဳ႕နယ္ရွမ္းစာေပႏွင့္ယဥ္ေက်းမႈေကာ္မတီမွ ႀကီးမွဴး က်င္းပျပဳလုပ္သည့္  ရွမ္းတိုင္းရင္းသားမ်ားစုေပါင္းႏွစ္သစ္ကူးပြဲေတာ္၏ ေနာက္ဆံုးေန႔ျဖစ္သည့္ ၂၀၁၈ခုႏွစ္ ဒီဇင္ဘာလ(၈)ရက္ေန႔ နံနက္ပိုင္းတြင္ စုေပါင္းႏွစ္သစ္ကူးအလွဴအျဖစ္ ၿမိဳ႕တြင္း လွည့္လည္ခဲ့ၾကေၾကာင္း သိရသည္။

ရွမ္းတိုင္းရင္းသားမ်ားရိုးရာ စုေပါင္းႏွစ္သစ္ကူးအလွဴအျဖစ္ ပြဲက်င္းပရာ ေနရာမွတဆင့္ ၿမိဳ႕တြင္း လွည့္လည္ခဲ့ၾကၿပီး ၿမိဳ႕မဘုန္းႀကီးေက်ာင္းသို႔ သြားေရာက္လွဴဒါန္းမႈမ်ား ျပဳလုပ္ၾကေၾကာင္းႏွင့္ မိုင္းဆတ္ၿမိဳ႕ရွိ သက္ႀကီးရြယ္အိုဘိုးဘြားမ်ားအား ပူေဇာ္ကန္ေတာ့ျခင္း အစီအစဥ္ကိုလည္း ျပဳလုပ္ခဲ့ၾကေၾကာင္း သိရသည္။

မိုင္းဆတ္ၿမိဳ႕တြင္ ရွမ္းတိုင္းရင္းသားမ်ားစုေပါင္းႏွစ္သစ္ကူးပြဲေတာ္အား ဒီဇင္ဘာလ(၈)ရက္ေန႔ ညအထိ က်င္းပျပဳလုပ္သြားမည္ျဖစ္ၿပီး ယေန႔ ဒီဇင္ဘာလ(၈)ရက္ေန႔ ေန႔လည္ပိုင္းတြင္ အားကစားၿပိဳင္ပြဲမ်ား က်င္းပျပဳလုပ္ေနေၾကာင္း သိရွိရသည္။

Tachileik News Agency
ဓါတ္ပံု - Tiger Wan


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ကြီးမှူး ကျင်းပပြုလုပ်သည့် ရှမ်းတိုင်းရင်းသားများစုပေါင်းနှစ်သစ်ကူးပွဲတော်၏ နောက်ဆုံးနေ့ဖြစ်သည့် ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၈)ရက်နေ့ နံနက်ပိုင်းတွင် စုပေါင်းနှစ်သစ်ကူးအလှူအဖြစ် မြို့တွင်း လှည့်လည်ခဲ့ကြကြောင်း သိရသည်။

ရှမ်းတိုင်းရင်းသားများရိုးရာ စုပေါင်းနှစ်သစ်ကူးအလှူအဖြစ် ပွဲကျင်းပရာ နေရာမှတဆင့် မြို့တွင်း လှည့်လည်ခဲ့ကြပြီး မြို့မဘုန်းကြီးကျောင်းသို့ သွားရောက်လှူဒါန်းမှုများ ပြုလုပ်ကြကြောင်းနှင့် မိုင်းဆတ်မြို့ရှိ သက်ကြီးရွယ်အိုဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း အစီအစဉ်ကိုလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မိုင်းဆတ်မြို့တွင် ရှမ်းတိုင်းရင်းသားများစုပေါင်းနှစ်သစ်ကူးပွဲတော်အား ဒီဇင်ဘာလ(၈)ရက်နေ့ ညအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ယနေ့ ဒီဇင်ဘာလ(၈)ရက်နေ့ နေ့လည်ပိုင်းတွင် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်နေကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - Tiger Wan

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~