မူလတန္းျပဆရာမတစ္ဦးကို အဓမၼျပဳက်င့္ကာ သတ္ျဖတ္သြားသူအား ရဲတပ္ဖြဲ႔မွ (၂၄)နာရီအတြင္း ဖမ္းဆီးရမိ

မူလတန္းျပဆရာမတစ္ဦးကို အဓမၼျပဳက်င့္ကာ သတ္ျဖတ္သြားသူအား ရဲတပ္ဖြဲ႔မွ (၂၄)နာရီအတြင္း ဖမ္းဆီးရမိ
ဒီဇင်ဘာ 11, 2018
By Tachileik News Agency

ရခုိင္ျပည္နယ္၊ ရမ္းၿဗဲၿမိဳ႕နယ္၊ အခြၽန္ျပင္ (ရခိုင္) ေက်း႐ြာအနီးတြင္ ေက်ာင္းသြားတက္သည့္ အသက္ (၂၇)ႏွစ္အရြယ္ မူလတန္းျပဆရာမအား သတ္သူကို (၂၄)နာရီအတြင္း ရဲတပ္ဖြဲ႕က ဖမ္းဆီးရမိလိုက္ေၾကာင္း သိရသည္။

အဆိုပါ ေက်ာင္းဆရာမသည္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၁၀) ရက္ေန႔ နံနက္(၉)နာရီအခ်ိန္က ေနအိမ္မွ (၃)မုိင္အကြာရိွ ေတာင္႐ြာေက်း႐ြာ အ.မ.ကသို႔ စာသင္ရန္ ေျခလ်င္သြားခဲ့ျခင္းျဖစ္ၿပီး ေန႔လယ္ (၁၂)နာရီအထိ ေက်ာင္းသို႔ေရာက္မလာသျဖင့္ ေက်ာင္းအုပ္ဆရာမႀကီးက အဆိုပါဆရာမ၏ ဖခင္ထံ အေၾကာင္းၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဆရာမ၏ ဖခင္ျဖစ္သူက လိုက္လံရွာေဖြရာ ေန႔လယ္ (၂)နာရီ (၂၅)မိနစ္အခ်ိန္တြင္ ေနအိမ္ႏွင့္ (၁)မိုင္ခန္႔အကြာ ေခ်ာက္ထဲ၌ အေလာင္းအားေတြ႕ရွိခဲ့၍ ေလးေတာင္နယ္ေျမရဲစခန္းသို႔ ဖုန္းျဖင့္ အေၾကာင္းၾကားခဲ့ေၾကာင္း သိရသည္။

လူသတ္မႈကို ေလးေတာင္နယ္ေျမရဲစခန္းတြင္ (ပ) ၃၁/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ (လူသတ္မႈ)ျဖင့္ အမႈဖြင့္စံုစမ္းရာ ဒီဇင္ဘာလ (၁၁)ရက္ေန႔ ေန႔လယ္ (၁၁)နာရီအခ်ိန္တြင္ လူသတ္မႈက်ဴးလြန္ခဲ့သည့္ အသက္ (၂၁)ႏွစ္အရြယ္ ေရႊထူး(ခ) ေအးခ်မ္းအား မာန္ေအာင္ၿမိဳ႕နယ္၊ နတ္ျပင္ေက်းရြာတြင္ သက္ေသခံ ပစၥည္းမ်ားႏွင့္ အတူ ဖမ္းမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသည့္ အသက္(၂၁)ႏွစ္ရွိ ေရႊထူးသည္ ဒီဇင္ဘာလ (၁၀)ရက္ေန႔က အရက္အလြန္အကၽြံ ေသာက္သံုးထားခဲ့ၿပီး လူျပတ္သည့္ ေနရာတြင္ ေက်ာင္းဆရာမအား ေတြ႔သျဖင့္ အဓမၼျပဳက်င့္ကာ သတ္ပစ္ခဲ့ျခင္းျဖစ္သည္ဟု ရဲတပ္ဖြဲ႔အား ထြက္ဆိုေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ အချွန်ပြင် (ရခိုင်) ကျေးရွာအနီးတွင် ကျောင်းသွားတက်သည့် အသက် (၂၇)နှစ်အရွယ် မူလတန်းပြဆရာမအား သတ်သူကို (၂၄)နာရီအတွင်း ရဲတပ်ဖွဲ့က ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။

အဆိုပါ ကျောင်းဆရာမသည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်နေ့ နံနက်(၉)နာရီအချိန်က နေအိမ်မှ (၃)မိုင်အကွာရှိ တောင်ရွာကျေးရွာ အ.မ.ကသို့ စာသင်ရန် ခြေလျင်သွားခဲ့ခြင်းဖြစ်ပြီး နေ့လယ် (၁၂)နာရီအထိ ကျောင်းသို့ရောက်မလာသဖြင့် ကျောင်းအုပ်ဆရာမကြီးက အဆိုပါဆရာမ၏ ဖခင်ထံ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆရာမ၏ ဖခင်ဖြစ်သူက လိုက်လံရှာဖွေရာ နေ့လယ် (၂)နာရီ (၂၅)မိနစ်အချိန်တွင် နေအိမ်နှင့် (၁)မိုင်ခန့်အကွာ ချောက်ထဲ၌ အလောင်းအားတွေ့ရှိခဲ့၍ လေးတောင်နယ်မြေရဲစခန်းသို့ ဖုန်းဖြင့် အကြောင်းကြားခဲ့ကြောင်း သိရသည်။

လူသတ်မှုကို လေးတောင်နယ်မြေရဲစခန်းတွင် (ပ) ၃၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု)ဖြင့် အမှုဖွင့်စုံစမ်းရာ ဒီဇင်ဘာလ (၁၁)ရက်နေ့ နေ့လယ် (၁၁)နာရီအချိန်တွင် လူသတ်မှုကျူးလွန်ခဲ့သည့် အသက် (၂၁)နှစ်အရွယ် ရွှေထူး(ခ) အေးချမ်းအား မာန်အောင်မြို့နယ်၊ နတ်ပြင်ကျေးရွာတွင် သက်သေခံ ပစ္စည်းများနှင့် အတူ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် အသက်(၂၁)နှစ်ရှိ ရွှေထူးသည် ဒီဇင်ဘာလ (၁၀)ရက်နေ့က အရက်အလွန်အကျွံ သောက်သုံးထားခဲ့ပြီး လူပြတ်သည့် နေရာတွင် ကျောင်းဆရာမအား တွေ့သဖြင့် အဓမ္မပြုကျင့်ကာ သတ်ပစ်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့အား ထွက်ဆိုကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~