ျမန္မာ - တရုတ္နယ္စပ္ျဖတ္ေက်ာ္ ႏုိင္ငံတကာမာရသြန္ၿပိဳင္ပြဲ မူဆယ္တြင္ က်င္းပမည္၊ ပါ၀င္မည့္ လူဦးေရ တစ္ေသာင္းေက်ာ္ခန္႔မွန္းထား

ျမန္မာ - တရုတ္နယ္စပ္ျဖတ္ေက်ာ္ ႏုိင္ငံတကာမာရသြန္ၿပိဳင္ပြဲ မူဆယ္တြင္ က်င္းပမည္၊ ပါ၀င္မည့္ လူဦးေရ တစ္ေသာင္းေက်ာ္ခန္႔မွန္းထား
ဒီဇင်ဘာ 8, 2018
By Tachileik News Agency

ျမန္မာ - တရုတ္နယ္စပ္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ (၃၁)ရက္ေန႔၌ က်င္းပမည့္ ႏွစ္ႏုိင္ငံ နယ္စပ္ျဖတ္ေက်ာ္ ႏုိင္ငံတကာမာရသြန္ၿပိဳင္ပြဲတြင္ ျမန္မာ၊ တရုတ္ႏွင့္ တတိယႏုိင္ငံသား စုစုေပါင္း လူဦးေရ (၁၀,၀၀၀)ေက်ာ္ ပါဝင္မည္ဟု ခန္႔မွန္းထားေၾကာင္း သိရသည္။

“တရုတ္ေရာ၊ ျမန္မာေရာ၊ တတိယႏုိင္ငံသားေတြေရာဆို တစ္ေသာင္းေလာက္ေတာ့ မွန္းထားတယ္။ တတိယႏုိင္ငံသားေတြ စာရင္းကေတာ့ တရုတ္က ဝက္ဘ္ဆိုဒ္ကေနပဲ စာရင္းသြင္းခုိင္းထားေတာ့ ဒီဇင္ဘာလ (၁၀)ရက္ေန႔ စာရင္းပိတ္ၿပီးမွ လူဦးေရ သိရမယ္။ သူတို႔ဘက္က စာရင္းေပးမွ ကၽြန္ေတာ္တုိ႔က ျပည္ေထာင္စုအစိုးရဆီကို စာရင္းတင္ၿပီးေတာ့ သူတို႔ျပည္ဝင္ခြင့္အတြက္ ဆက္ၿပီး ေဆာင္ရြက္ေပးရမွာပါ”ဟု မူဆယ္ ဒုတိယခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးဥကၠာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

၂၀၁၇ ခုႏွစ္၊ ဒီဇင္ဘာလ (၃၁)ရက္ေန႔က က်င္းပခဲ့သည့္ ျမန္မာ - တရုတ္ ႏွစ္ႏိုင္ငံ နယ္စပ္‌ျဖတ္‌‌ေက်ာ္ ႏိုင္ငံတကာ မာရသြန္ ၿပိဳင္ပြဲက်င္းပခဲ့စဥ္က တရုတ္ႏိုင္ငံမွစတင္တာလႊတ္ၿပီး မူဆယ္ၿမိဳ႕ကိုပတ္ကာ တရုတ္ႏိုင္ငံ ေရႊလီၿမိဳ႕တြင္ ပန္းဝင္ခဲ့ျခင္းျဖစ္သည္။

အဆိုပါ မာရသြန္ၿပိဳင္ပြဲကို တာတို (၅)မုိင္၊ တာလတ္ (၁၃)မုိင္ႏွင့္ တာေဝး (၂၆)မိုင္ၿပိဳင္ပြဲမ်ားအျဖစ္ ယွဥ္ၿပိဳင္ခဲ့ျခင္း ျဖစ္ၿပီး တရုတ္နုိင္ငံမွ (၃၈၆၅) ဦး၊ ျမန္မာႏုိင္ငံမွ (၄၅၄) ဦးႏွင့္ တတိယႏိုင္ငံမွ (၃၂) ဦးတို႔ ပါဝင္ယွဥ္ၿပိဳင္ခဲ့ျခင္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - တရုတ်နယ်စပ် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့၌ ကျင်းပမည့် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် နိုင်ငံတကာမာရသွန်ပြိုင်ပွဲတွင် မြန်မာ၊ တရုတ်နှင့် တတိယနိုင်ငံသား စုစုပေါင်း လူဦးရေ (၁၀,ဝဝဝ)ကျော် ပါဝင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

“တရုတ်ရော၊ မြန်မာရော၊ တတိယနိုင်ငံသားတွေရောဆို တစ်သောင်းလောက်တော့ မှန်းထားတယ်။ တတိယနိုင်ငံသားတွေ စာရင်းကတော့ တရုတ်က ဝက်ဘ်ဆိုဒ်ကနေပဲ စာရင်းသွင်းခိုင်းထားတော့ ဒီဇင်ဘာလ (၁၀)ရက်နေ့ စာရင်းပိတ်ပြီးမှ လူဦးရေ သိရမယ်။ သူတို့ဘက်က စာရင်းပေးမှ ကျွန်တော်တို့က ပြည်ထောင်စုအစိုးရဆီကို စာရင်းတင်ပြီးတော့ သူတို့ပြည်ဝင်ခွင့်အတွက် ဆက်ပြီး ဆောင်ရွက်ပေးရမှာပါ”ဟု မူဆယ် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဥက္ကာက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်နေ့က ကျင်းပခဲ့သည့် မြန်မာ - တရုတ် နှစ်နိုင်ငံ နယ်စပ်‌ဖြတ်‌‌ကျော် နိုင်ငံတကာ မာရသွန် ပြိုင်ပွဲကျင်းပခဲ့စဉ်က တရုတ်နိုင်ငံမှစတင်တာလွှတ်ပြီး မူဆယ်မြို့ကိုပတ်ကာ တရုတ်နိုင်ငံ ရွှေလီမြို့တွင် ပန်းဝင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ မာရသွန်ပြိုင်ပွဲကို တာတို (၅)မိုင်၊ တာလတ် (၁၃)မိုင်နှင့် တာဝေး (၂၆)မိုင်ပြိုင်ပွဲများအဖြစ် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီး တရုတ်နိုင်ငံမှ (၃၈၆၅) ဦး၊ မြန်မာနိုင်ငံမှ (၄၅၄) ဦးနှင့် တတိယနိုင်ငံမှ (၃၂) ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~