ေမာက္မယ္ၿမိဳ႕နယ္ရိွ ေရွးေဟာင္းေမာက္စံ ဘုန္းေတာ္ႀကီးေက်ာင္းအား လတ္တေလာတြင္ ေဒသအစီအစဥ္ျဖင့္ ျပဳျပင္လိုပါက ၀န္ႀကီးဌာနက နည္းပညာအကူအညီပံ့ပိုး ေပးမည္

ေမာက္မယ္ၿမိဳ႕နယ္ရိွ ေရွးေဟာင္းေမာက္စံ ဘုန္းေတာ္ႀကီးေက်ာင္းအား လတ္တေလာတြင္ ေဒသအစီအစဥ္ျဖင့္ ျပဳျပင္လိုပါက ၀န္ႀကီးဌာနက နည္းပညာအကူအညီပံ့ပိုး ေပးမည္
ဒီဇင်ဘာ 6, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) လင္းေခးခရိုင္၊ ေမာက္မယ္ၿမိဳ႕နယ္ရိွ ေရွးေဟာင္းေမာက္စံ ဘုန္းေတာ္ႀကီး ေက်ာင္းကို ေရွးေဟာင္းအေဆာက္အအံုအျဖစ္ ကာကြယ္ထိန္းသိမ္းၿပီးျဖစ္ေၾကာင္း သိရသည္။

ေမာက္မယ္ၿမိဳ႕နယ္ ဆီဆုံရပ္ကြက္ရွိ ေရွးေဟာင္း ေမာက္စံ ဘုန္းေတာ္ႀကီးေက်ာင္းကို ေရွးေဟာင္း အေဆာက္အအုံ ပစၥည္းအျဖစ္ အသိအမွတ္ျပဳ၍ ေရွးမူမပ်က္ ျပဳျပင္မြမ္းမံေပးႏိုင္မည့္ အစီအစဥ္မ်ားႏွင့္ စပ္လ်ဥ္း၍ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၅) ရက္ေန႔တြင္ က်င္းပေသာ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝး၌ ေမာက္မယ္ မဲဆႏၵနယ္မွ ဦးစိုင္းေငါင္းဆိုင္ဟိန္းက ေမးျမန္းထားျခင္းျဖစ္သည္။

အဆိုပါ အေဆာက္အအံုမွာ ၂၀၁၅ ခုႏွစ္၊ ေရွးေဟာင္းအေဆာက္အအုံမ်ား ကာကြယ္ထိန္းသိမ္းေရးဥပေဒ ပုဒ္မ ၂ ပုဒ္မခြဲ (က)ႏွင့္ ပုဒ္မ ၄ ပုဒ္မခြဲ(က)တို႔ႏွင့္ ညီၫြတ္သျဖင့္ ဥပေဒအရ ေရွးေဟာင္း အေဆာက္အအုံအျဖစ္ ကာကြယ္ ထိန္းသိမ္းထားၿပီး ဌာနမွ ထိန္းသိမ္းျပဳျပင္ေသာ ေရွးေဟာင္း အေဆာက္အအုံမ်ား စာရင္း(၂)ကိုလည္း ျပဳစုလ်က္ရွိရာ အဆိုပါ အတြဲ(၂)ျပဳစုၿပီးသည့္အခါ ေမာက္စံ ဘုန္းေတာ္ႀကီးေက်ာင္းကို ထည့္သြင္းေဖာ္ျပ ေပးသြားမည္ျဖစ္ေၾကာင္း သာသနာေရးနွင့္ ယဥ္ေက်းမႈ ဒုတိယဝန္ႀကီး ဦးၾကည္မင္းက လႊတ္ေတာ္တြင္ ေျဖၾကားသြားသည္။

ေမာက္စံဘုန္းႀကီး ေက်ာင္းႀကီးကို ေရွးမူမပ်က္ျပဳျပင္ မြမ္းမံႏိုင္ရန္အတြက္ ဌာန၏ ဦးစားေပးျပဳျပင္မည့္ အေဆာက္အအုံ စာရင္းတြင္ ယခုအခ်ိန္၌ ပါဝင္ျခင္း မရွိေသးေသာ္လည္း ေဒသအစီအစဥ္ျဖင့္ ျပဳျပင္ ထိန္းသိမ္းမႈ ေဆာင္ရြက္လိုပါက သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနက နည္းပညာအကူအညီပံ့ပိုး ေဆာင္႐ြက္သြားေပးမည္ ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ရှိ ရှေးဟောင်းမောက်စံ ဘုန်းတော်ကြီး ကျောင်းကို ရှေးဟောင်းအဆောက်အအုံအဖြစ် ကာကွယ်ထိန်းသိမ်းပြီးဖြစ်ကြောင်း သိရသည်။

မောက်မယ်မြို့နယ် ဆီဆုံရပ်ကွက်ရှိ ရှေးဟောင်း မောက်စံ ဘုန်းတော်ကြီးကျောင်းကို ရှေးဟောင်း အဆောက်အအုံ ပစ္စည်းအဖြစ် အသိအမှတ်ပြု၍ ရှေးမူမပျက် ပြုပြင်မွမ်းမံပေးနိုင်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ မောက်မယ် မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်းက မေးမြန်းထားခြင်းဖြစ်သည်။

အဆိုပါ အဆောက်အအုံမှာ ၂၀၁၅ ခုနှစ်၊ ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ (က)နှင့် ပုဒ်မ ၄ ပုဒ်မခွဲ(က)တို့နှင့် ညီညွတ်သဖြင့် ဥပဒေအရ ရှေးဟောင်း အဆောက်အအုံအဖြစ် ကာကွယ် ထိန်းသိမ်းထားပြီး ဌာနမှ ထိန်းသိမ်းပြုပြင်သော ရှေးဟောင်း အဆောက်အအုံများ စာရင်း(၂)ကိုလည်း ပြုစုလျက်ရှိရာ အဆိုပါ အတွဲ(၂)ပြုစုပြီးသည့်အခါ မောက်စံ ဘုန်းတော်ကြီးကျောင်းကို ထည့်သွင်းဖော်ပြ ပေးသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဒုတိယဝန်ကြီး ဦးကြည်မင်းက လွှတ်တော်တွင် ဖြကြေားသွားသည်။

မောက်စံဘုန်းကြီး ကျောင်းကြီးကို ရှေးမူမပျက်ပြုပြင် မွမ်းမံနိုင်ရန်အတွက် ဌာန၏ ဦးစားပေးပြုပြင်မည့် အဆောက်အအုံ စာရင်းတွင် ယခုအချိန်၌ ပါဝင်ခြင်း မရှိသေးသော်လည်း ဒေသအစီအစဉ်ဖြင့် ပြုပြင် ထိန်းသိမ်းမှု ဆောင်ရွက်လိုပါက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက နည်းပညာအကူအညီပံ့ပိုး ဆောင်ရွက်သွားပေးမည် ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~