တာခ်ီလိတ္ၿမိဳ႕မွ ေက်ာင္းသူ ေက်ာင္းသားမ်ားကို မုိဘုိင္းျဖင့္ အင္တာနက္ေဘးကင္းစြာ အသံုးျပဳနည္း ေဟာေျပာ ေဆြးေႏြး

တာခ်ီလိတ္ၿမိဳ႕မွ ေက်ာင္းသူ ေက်ာင္းသားမ်ားကို မုိဘုိင္းျဖင့္ အင္တာနက္ေဘးကင္းစြာ အသံုးျပဳနည္း ေဟာေျပာ ေဆြးေႏြး
ဒီဇင်ဘာ 7, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ အေျခခံပညာ ေက်ာင္းသား ေက်ာင္းသူမ်ားကို အင္တာနက္ အသံုးျပဳရာ၌ သတိထားသင့္သည့္ အေၾကာင္းအရာမ်ားႏွင့္ ပတ္သက္၍ ျမန္မာ့ဆက္သြယ္ေရး လုပ္ငန္း(MPT) က ဒီဇင္ဘာလ (၇)ရက္ေန႔ နံနက္က တာခ်ီလိတ္ၿမိဳ႕ ေအာင္ျမတ္ခန္းမတြင္ ေဆြးေႏြးရွင္းလင္းပြဲ ျပဳလုပ္သည္။

လူငယ္မ်ား မိုဘုိင္းဖုန္းျဖင့္ အင္တာနက္အသံုးျပဳမႈမ်ားေနသျဖင့္ အြန္လိုင္းေပၚမွ လိမ္လည္မႈမ်ား၊ အခ်က္အလက္မ်ား၊ ဓါတ္ပံုမ်ား ခိုးယူခံရျခင္း၊ အြန္လိုင္းမွ ေႏွာင့္ယွက္ခံရျခင္း စသည္တို႔ကို သတိထား မိေစၿပီး ေဘးကင္းစြာ အသံုးျပဳတတ္ေစရန္အတြက္ အေျခခံပညာေက်ာင္းမ်ားမွ ေက်ာင္းသား ေက်ာင္းသူမ်ားႏွင့္ ေဆြးေႏြးေဟာေျပာမႈမ်ား လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း ျမန္မာ့ဆက္သြယ္ေရး လုပ္ငန္း(MPT)မွ ဦးေဆာင္ ေဟာေျပာသူ ေဒၚလြင္လြင္မိုးထံမွ သိရသည္။

မိုဘိုင္းျဖင့္ အင္တာနက္ကို ေဘးကင္းစြာ အသံုးျပဳႏုိင္ေစေရးအတြက္ တိုင္းႏွင့္ျပည္နယ္ အသီးသီးရွိ ေက်ာင္းမ်ား၊ တကၠသိုလ္မ်ား၊ အမ်ားျပည္သူႏွင့္ သက္ဆုိင္ေသာေနရာမ်ားတြင္ အလားတူ ေဆြးေႏြးမႈမ်ားကို  ၂၀၁၉ ခုႏွစ္ မတ္လအထိ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

MPT Mobile Seminar ေဟာေျပာပြဲတြင္ မိုဘိုင္းလ္အင္တာနက္ဝန္ေဆာင္မႈအား  အျပည့္အဝ အသုံးခ် တတ္လာႏိုင္ေစရန္၊  မိုဘိုင္းဖုန္းမ်ားကို ေဘးကင္းလုံၿခဳံစြာျဖင့္ ကုန္က်စရိတ္ သက္သက္သာသာ အသုံးျပဳႏိုင္ရန္၊ အင္တာနက္ဆိုင္ရာ ေကာင္းက်ိဳး ဆိုးက်ိဳး သိေကာင္း စရာအေၾကာင္းအရာမ်ားအား ေဆြးေႏြး ေဟာေျပာျခင္း၊ ေက်ာင္းသူ၊ ေက်ာင္းသားမ်ားနွင့္ အေမးအေျဖ ျပဳလုပ္ျခင္းတို႔ လုပ္ေဆာင္ၾကေၾကာင္း သိရသည္။

အခမ္းအနားတြင္ ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္းမွ  ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) ျပည္နယ္မန္ေနဂ်ာ ဦးသိန္းေဌးျမင့္ ဦးေဆာင္ေသာအဖြဲ႕က ေဟာေျပာခဲ့ၿပီး တာခ်ီလိတ္ၿမိဳ႕နယ္ပညာေရးမွဴး ႏွင့္ အေျခခံပညာ အစိုးရေက်ာင္းမ်ား ၊ ကိုယ္ပိုင္အထက္တန္းေက်ာင္းမ်ားမွ ေက်ာင္းသူေက်ာင္းသားမ်ား တက္ေရာက္ၾကသည္။

သတင္း/ဓါတ္ပံု -  ဆန္းၿဖိဳးထြန္း



 


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ အခြေခံပညာ ကျောင်းသား ကျောင်းသူများကို အင်တာနက် အသုံးပြုရာ၌ သတိထားသင့်သည့် အကြောင်းအရာများနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း(MPT) က ဒီဇင်ဘာလ (၇)ရက်နေ့ နံနက်က တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် ဆွေးနွေးရှင်းလင်းပွဲ ပြုလုပ်သည်။

လူငယ်များ မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုမှုများနေသဖြင့် အွန်လိုင်းပေါ်မှ လိမ်လည်မှုများ၊ အချက်အလက်များ၊ ဓာတ်ပုံများ ခိုးယူခံရခြင်း၊ အွန်လိုင်းမှ နှောင့်ယှက်ခံရခြင်း စသည်တို့ကို သတိထား မိစပြေီး ဘေးကင်းစွာ အသုံးပြုတတ်စေရန်အတွက် အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများနှင့် ဆွေးနွေးဟောပြောမှုများ လုပ်ဆောင်နခြေင်းဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း(MPT)မှ ဦးဆောင် ဟောပြောသူ ဒေါ်လွင်လွင်မိုးထံမှ သိရသည်။

မိုဘိုင်းဖြင့် အင်တာနက်ကို ဘေးကင်းစွာ အသုံးပြုနိုင်စေရေးအတွက် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ကျောင်းများ၊ တက္ကသိုလ်များ၊ အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် အလားတူ ဆွေးနွေးမှုများကို ၂၀၁၉ ခုနှစ် မတ်လအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

MPT Mobile Seminar ဟောပြောပွဲတွင် မိုဘိုင်းလ်အင်တာနက်ဝန်ဆောင်မှုအား အပြည့်အဝ အသုံးချ တတ်လာနိုင်စေရန်၊ မိုဘိုင်းဖုန်းများကို ဘေးကင်းလုံခြုံစွာဖြင့် ကုန်ကျစရိတ် သက်သက်သာသာ အသုံးပြုနိုင်ရန်၊ အင်တာနက်ဆိုင်ရာ ကောင်းကျိုး ဆိုးကျိုး သိကောင်း စရာအကြောင်းအရာများအား ဆွေးနွေး ဟောပြောခြင်း၊ ကျောင်းသူ၊ ကျောင်းသားများနှင့် အမေးအဖြေ ပြုလုပ်ခြင်းတို့ လုပ်ဆောင်ကြကြောင်း သိရသည်။

အခမ်းအနားတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်မန်နေဂျာ ဦးသိန်းဌေးမြင့် ဦးဆောင်သောအဖွဲ့က ဟောပြောခဲ့ပြီး တာချီလိတ်မြို့နယ်ပညာရေးမှူး နှင့် အခြေခံပညာ အစိုးရကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသူကျောင်းသားများ တက်ရောက်ကြသည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~