မိုင်းဖုန်းဆရာတော်၏ (၅၆)နှစ်ပြည့် ဝိဇာတမွေးနေ့အတွက် ကြိုတင်ပြင်ဆင်နေ

မိုင်းဖုန်းဆရာတော်၏ (၅၆)နှစ်ပြည့် ဝိဇာတမွေးနေ့အတွက် ကြိုတင်ပြင်ဆင်နေ
ဒီဇငျဘာ 27, 2018
By Tachileik News Agency


သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မိုင်းဖုန်း ဆရာတော် ဘဒ္ဒန္တဉာဏသံဝရ၏ သက်တော် (၅၆)နှစ်ပြည့်မွေးနေ့သည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ(၅)ရက်နေ့တွင် ကျရောက်မည်ဖြစ်ပြီး ဝိဇာတမွေးနေ့ တရားပွဲကို ၂၀၁၉ ခုနှစ် ဇန်န၀ါရီလ (၁)ရက်နေ့မှ (၅)ရက်နေ့အထိ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က) ကျေးရွာအုပ်စု၊ ပါဆာကျေးရွာရှိ (မိုင်းဖုန်းဆရာတော် ကျောင်းတိုက်) လွမ်းလိန်းကျောင်းတိုက်တွင် ကျင်းပမည်ဖြစ်ရာ ပြည်တွင်းပြည်ပ ဒေသအသီးသီးမှ ဆရာတော်ကို ဖူးမျှော်လိုသူများ လာရောက်ကြမည်ဖြစ်၍ ဆရာတော်၏ တပည့်ဒါယိကာ၊ ဒါယိကာမများနှင့် ဒေသတွင်း ဌာနဆိုင်ရာအသီးသီးက ပြင်ဆင်မှုများ ဆောင်ရွက်နေကြခြင်း ဖြစ်သည်။



ဆရာတော်၏မွေးနေ့တရားပွဲကာလတွင် ကျောင်းတိုက်ဧရိယာအတွင်းအပါအဝင် မိုင်းဖုန်း(က) နယ်မြေအတွင်း ၀မ်ပုံအထိ ဧရိယာအတွင်း ပွဲဈေးကဲ့သို့ ခင်းကျင်းရောင်းချခြင်းများ မပြုလုပ်ကြရန်၊ တရားနာ ကြွရောက်ကြမည့် ဧည့်ပရိတ်သတ်များအား လှူဒါန်းလိုသူများအနေဖြင့်လည်း သက်သက်လွတ် ထမင်းဟင်းများ၊ စတုဒိသာများ လှူဒါန်းကြရန်၊ စားသောက်ဖွယ်ရာများ လှူဒါန်းရာတွင် ပလပ်စတစ်၊ တစ်ခါသုံးခွက်၊ တစ်ခါသုံး ပန်းကန်၊ ဖော့ဗူးများ အသုံးမပြုကြရန်နှင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်ကြရန်၊ ကျောင်းတိုက်ပရဝုဏ်အတွင်း သဲပုံစေတီများတွင် စိုက်ထိုးပူဇော်ကြသည့် တံခွန်ကုက္ကား အလံများ ရောင်းချခြင်း မပြုကြရန်တို့ကို ဆရာတော်က မိန့်ကြားထားကြောင်း သိရသည်။


Tachileik News Agency
ဓါတ်ပုံ - ရဲမြင့်ဦး


~~~~~~~~⊰❂Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်ရှိ မိုင်းဖုန်းဆရာတော်ကျောင်းတိုက်တွင် ကျင်းပမည့် မိုင်းဖုန်း ဆရာတော်၏ သက်တော်(၅၆)နှစ်ပြည့် ဝိဇာတမွေးနေ့ပွဲအတွက် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၇)ရက်နေ့တွင် ပြင်ဆင်မှုများ ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မိုင်းဖုန်း ဆရာတော် ဘဒ္ဒန္တဉာဏသံဝရ၏ သက်တော် (၅၆)နှစ်ပြည့်မွေးနေ့သည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ(၅)ရက်နေ့တွင် ကျရောက်မည်ဖြစ်ပြီး ဝိဇာတမွေးနေ့ တရားပွဲကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ (၅)ရက်နေ့အထိ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က) ကျေးရွာအုပ်စု၊ ပါဆာကျေးရွာရှိ (မိုင်းဖုန်းဆရာတော် ကျောင်းတိုက်) လွမ်းလိန်းကျောင်းတိုက်တွင် ကျင်းပမည်ဖြစ်ရာ ပြည်တွင်းပြည်ပ ဒေသအသီးသီးမှ ဆရာတော်ကို ဖူးမျှော်လိုသူများ လာရောက်ကြမည်ဖြစ်၍ ဆရာတော်၏ တပည့်ဒါယိကာ၊ ဒါယိကာမများနှင့် ဒေသတွင်း ဌာနဆိုင်ရာအသီးသီးက ပြင်ဆင်မှုများ ဆောင်ရွက်နကြခြေင်း ဖြစ်သည်။

မိုင်းဖုန်းဆရာတော်ဘုရားကြီး၏ မွေးနေ့ပွဲတွင် အိမ်နီးချင်းနိုင်ငံများနှင့် အနယ်နယ်အရပ်ရပ်မှ လူပေါင်းများစွာ လာရောက်လေ့ရှိပြီး ကားလမ်း ပိတ်ဆို့မှုများလည်း ဖြစ်လေ့ရှိသဖြင့် အဆင်ပြေစွာ သွားလာနိုင်ရေးနှင့် အိမ်နီးချင်းနိုင်ငံများမှ လာရောက်သူများအတွက် လူဝင်မှုကြီးကြပ်ရေးဌာန၏ လုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးတို့ကို သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၃)ရက်နေ့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ဆရာတော်၏ တရားပွဲကာလအတွင်း လမ်းပိတ်ဆို့မှု မဖြစ်စေရေးအတွက် လမ်းပိုင်းအချို့ ချဲ့ထွင်ခြင်း၊ မော်တော်ယာဉ် ရပ်နားကွင်းများ သတ်မှတ်ခြင်း၊ အဝင်လမ်း၊အထွက်လမ်းသတ်မှတ်ပေးခြင်းတို့ လုပ်ဆောင်ပေးမည့်အပြင် လမ်းညွှန်မြေပုံများကို ဗီနိုင်းများဖြင့် ကပ်ပေးထားမည်ဖြစ်ကြောင်း သိရသည်။

ဆရာတော်၏မွေးနေ့တရားပွဲကာလတွင် ကျောင်းတိုက်ဧရိယာအတွင်းအပါအဝင် မိုင်းဖုန်း(က) နယ်မြေအတွင်း ဝမ်ပုံအထိ ဧရိယာအတွင်း ပွဲဈေးကဲ့သို့ ခင်းကျင်းရောင်းချခြင်းများ မပြုလုပ်ကြရန်၊ တရားနာ ကြွရောက်ကြမည့် ဧည့်ပရိတ်သတ်များအား လှူဒါန်းလိုသူများအနဖြေင့်လည်း သက်သက်လွတ် ထမင်းဟင်းများ၊ စတုဒိသာများ လှူဒါန်းကြရန်၊ စားသောက်ဖွယ်ရာများ လှူဒါန်းရာတွင် ပလပ်စတစ်၊ တစ်ခါသုံးခွက်၊ တစ်ခါသုံး ပန်းကန်၊ ဖော့ဗူးများ အသုံးမပြုကြရန်နှင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်ကြရန်၊ ကျောင်းတိုက်ပရဝုဏ်အတွင်း သဲပုံစေတီများတွင် စိုက်ထိုးပူဇော်ကြသည့် တံခွန်ကုက္ကား အလံများ ရောင်းချခြင်း မပြုကြရန်တို့ကို ဆရာတော်က မိန့်ကြားထားကြောင်း သိရသည်။

ဆရာတော်၏ ဝိဇာတမွေးနေ့တရားပွဲကို နှစ်စဉ်နှစ်တိုင်း အနယ်နယ်အရပ်ရပ်မှ တရားနာယူသည့် ပရိတ်သတ်များစွာနှင့် လာရောက်လှူဒါန်းသူများ လာရောက်ကြလေ့ရှိပြီး ယခုနှစ်တွင် မွေးနေ့အကြို တရားစခန်းကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၂)ရက်နေ့မှ (၂၁)ရက်နေ့အထိ မဲခေါင်မြစ်ကမ်းဘေးရှိ သုံးထပ်ကျောင်းဆောင်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ရဲမြင့်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~