ထိုင္းေရနံကုမၸဏီ ႏွင့္ MOGEတို႔ အက်ိဳးတူပူးေပါင္းၿပီး မေကြးတုိင္းအတြင္း ေရနံတြင္း စမ္းသပ္တူးေဖၚမႈ စတင္

ထိုင္းေရနံကုမၸဏီ ႏွင့္ MOGEတို႔ အက်ိဳးတူပူးေပါင္းၿပီး မေကြးတုိင္းအတြင္း ေရနံတြင္း စမ္းသပ္တူးေဖၚမႈ စတင္
ဒီဇင်ဘာ 3, 2018
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး သရက္ၿမိဳ႕နယ္၊ ပိေတာက္ပင္ေက်းရြာရိွ ျမန္မာ့ေရနံႏွင့္ သဘာဝဓါတ္ေငြ႔လုပ္ငန္း လုပ္ကြက္အမွတ္(၃)၌  ေရနံအစမ္းတြင္းကို ၂၀၁၈ခုႏွစ္၊ ဒီဇင္ဘာလ(၁)ရက္ေန႔ နံနက္ပိုင္းက စတင္တူးေဖာ္ေၾကာင္း သိရသည္။

“ဒီေရနံေျမေပၚထြန္းလာေရးဟာ ကၽြန္ေတာ္တုိ႔ တုိင္းေဒသႀကီးအတြက္ အလြန္အေရးႀကီးပါတယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ေဒသခံေတြ အတြက္ အလုပ္အကိုင္ အခြင့္အလမ္းေတြအမ်ားႀကီး ေပၚထြန္းလာမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ေရနံေျမေပၚထြန္းလာေရးေဆာင္ရြက္ေနတဲ့ PTTEP ထုိင္းကုမၸဏီနဲ႔တကြ MOGE ကို ျပည္သူလူထုကိုယ္စား ေက်းဇူးတင္ေၾကာင္း တုိင္းေဒသႀကီး အစိုးရအဖြဲ႕အေနနဲ႔ ေျပာၾကားလိုပါတယ္”ဟု ေရနံအစမ္းတြင္း တူးေဖာ္ပဲြအခမ္းအနားတြင္ မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳက ေျပာၾကားသြားသည္။

အဆိုပါ လုပ္ကြက္ထဲမွာ စုစုေပါင္း အစမ္းတြင္း (၄)တြင္း စမ္းသပ္တူးေဖၚမည္ျဖစ္ၿပီး အက်ဳိးအျမတ္ကို ထိုင္းေရနံကုမၸဏီျဖစ္သည့္ PTTEP က (၁၃)ရာခုိင္ႏႈန္း၊ ျမန္မာ့ေရနံႏွင့္ သဘာဝဓါတ္ေငြ႔လုပ္ငန္း MOGE က (၈၇) ရာခုိင္ႏႈန္း ရရိွမည္ျဖစ္ေၾကာင္း သိရသည္။

ေရနံအစမ္းတြင္းတစ္တြင္း(၁)တြင္းအတြက္ ကုန္က်စရိတ္မွာ အေမရိကန္ေဒၚလာသန္း (၂၀)ခန္႔ကုန္က်၍ တြင္းတူးစက္ငွားရမ္းခမွာ တစ္ရက္လွ်င္ အေမရိကန္ေဒၚလာ (၃)ေသာင္းခန္႔က်သင့္မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္
ဓါတ္ပံု - Aung Moe Nyo (FB)



~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်၊ ပိတောက်ပင်ကျေးရွာရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း လုပ်ကွက်အမှတ်(၃)၌ ရေနံအစမ်းတွင်းကို ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်နေ့ နံနက်ပိုင်းက စတင်တူးဖော်ကြောင်း သိရသည်။

“ဒီရေနံမြေပေါ်ထွန်းလာရေးဟာ ကျွန်တော်တို့ တိုင်းဒေသကြီးအတွက် အလွန်အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒေသခံတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေအများကြီး ပေါ်ထွန်းလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရေနံမြေပေါ်ထွန်းလာရေးဆောင်ရွက်နေတဲ့ PTTEP ထိုင်းကုမ္ပဏီနဲ့တကွ MOGE ကို ပြည်သူလူထုကိုယ်စား ကျေးဇူးတင်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ပြောကြားလိုပါတယ်”ဟု ရေနံအစမ်းတွင်း တူးဖော်ပွဲအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားသွားသည်။

အဆိုပါ လုပ်ကွက်ထဲမှာ စုစုပေါင်း အစမ်းတွင်း (၄)တွင်း စမ်းသပ်တူးဖော်မည်ဖြစ်ပြီး အကျိုးအမြတ်ကို ထိုင်းရေနံကုမ္ပဏီဖြစ်သည့် PTTEP က (၁၃)ရာခိုင်နှုန်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE က (၈၇) ရာခိုင်နှုန်း ရရှိမည်ဖြစ်ကြောင်း သိရသည်။

ရေနံအစမ်းတွင်းတစ်တွင်း(၁)တွင်းအတွက် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာသန်း (၂၀)ခန့်ကုန်ကျ၍ တွင်းတူးစက်ငှါးရမ်းခမှာ တစ်ရက်လျှင် အမေရိကန်ဒေါ်လာ (၃)သောင်းခန့်ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - Aung Moe Nyo (FB) 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~