ထိုင္းႏိုင္ငံတြင္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား (၁၂)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္း

ထိုင္းႏိုင္ငံတြင္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား (၁၂)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္း
ဒီဇင်ဘာ 28, 2018
By Tachileik News Agency
ထုိင္းႏုိင္ငံတြင္း ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသားမ်ားကို ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕သို႔ လႊဲေျပာင္းေပးေနရာ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၂၈)ရက္ေန႔ ေန႔လယ္(၁)နာရီခြဲဝန္းက်င္က အမ်ိဳးသား (၆)ဦး၊ အမ်ိဳးသမီး(၆)ဦးတို႔ကို လႊဲေျပာင္းေပးလာေၾကာင္း သိရသည္။

အဆိုပါ ျမန္မာႏုိင္ငံသားမ်ားကို ထုိင္းႏုိင္ငံတာဝန္ရိွသူမ်ားက ျမန္မာ-ထုိင္း ခ်စ္ၾကည္ေရး တံတားအမွတ္(၂) တာခ်ီလိတ္ဘက္ျခမ္းသို႔ လာေရာက္ လႊဲေျပာင္းေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လႊဲေျပာင္းလာသည့္ ျမန္မာႏုိင္ငံသားမ်ားအား အလုပ္သမား လူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔ အင္အားဆုိင္ရာ ဦးစီးဌာန၊ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ၿမိဳ႕နယ္အလုပ္သမား ညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရးရဲတပ္ဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံမယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရးေကာ္မတီ (CNCMC) တို႔က စိစစ္လက္ခံၾကေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕သို႔ ထုိင္းႏုိင္ငံမွ လႊဲေျပာင္းေပးလာသည့္ ျမန္မာႏုိင္ငံသားဦးေရမွာ ၂၀၁၈ ခုႏွစ္အတြင္း ဇန္နဝါရီလ (၁)ရက္ေန႔မွ ဒီဇင္ဘာလ (၂၈)ရက္ေန႔အထိ အမ်ိဳးသား (၈၂၁) ဦး၊ အမ်ိဳးသမီး (၃၆၉)ဦး၊ ကေလး (၃၉)ဦး စုစုေပါင္း (၁,၂၂၉)ဦးရိွၿပီျဖစ္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံတြင္း တရားမဝင္သြားေရာက္ျခင္း၊ နယ္ေျမေက်ာ္လြန္သြားလာျခင္း၊ ရက္ေက်ာ္ေနထုိင္ျခင္း မ်ားေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏိုင္ငံသားမ်ားကို ထုိင္းႏုိင္ငံက ျမန္မာဘက္သို႔ ျပန္လည္ လႊဲေျပာင္းေပးၿပီး ျမန္မာႏုိင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္သည့္ ထိုင္းႏုိင္ငံသားမ်ားအေနျဖင့္ အျခားျပစ္မႈမ်ား က်ဴးလြန္ျခင္းမရိွပါက ျပည္ႏွင္ဒဏ္ျဖင့္ ျမန္မာဘက္က ထိုင္းႏုိင္ငံသို႔ ျပန္လႊဲေပးေလ့ရိွေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - CNCMC



~~~~~~~~⊰❂Unicode Version ~~~~~~~~

ထိုင်းနိုင်ငံတွင်း ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများကို ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ လွှဲပြောင်းပေးနေရာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့ နေ့လယ်(၁)နာရီခွဲဝန်းကျင်က အမျိုးသား (၆)ဦး၊ အမျိုးသမီး(၆)ဦးတို့ကို လွှဲပြောင်းပေးလာကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံတာဝန်ရှိသူများက မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားအမှတ်(၂) တာချီလိတ်ဘက်ခြမ်းသို့ လာရောက် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသားများအား အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) တို့က စိစစ်လက်ခံကြကြောင်း သိရသည်။

တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားဦးရေမှာ ၂၀၁၈ ခုနှစ်အတွင်း ဇန်နဝါရီလ (၁)ရက်နေ့မှ ဒီဇင်ဘာလ (၂၈)ရက်နေ့အထိ အမျိုးသား (၈၂၁) ဦး၊ အမျိုးသမီး (၃၆၉)ဦး၊ ကလေး (၃၉)ဦး စုစုပေါင်း (၁,၂၂၉)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း တရားမဝင်သွားရောက်ခြင်း၊ နယ်မြေကျော်လွန်သွားလာခြင်း၊ ရက်ကျော်နေထိုင်ခြင်း များကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံက မြန်မာဘက်သို့ ပြန်လည် လွှဲပြောင်းပေးပြီး မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်သည့် ထိုင်းနိုင်ငံသားများအနဖြေင့် အခြားပြစ်မှုများ ကျူးလွန်ခြင်းမရှိပါက ပြည်နှင်ဒဏ်ဖြင့် မြန်မာဘက်က ထိုင်းနိုင်ငံသို့ ပြန်လွှဲပေးလေ့ရှိကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - CNCMC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~