ညောင်ပင်ပေါ်တက်၍ သစ်ခေါင်းအတွင်း သင်းခွေချပ်ရှာဖွေနေသူ အမျိုးသားတစ်ဦး မျောက်ပစ်သမား၏ တူမီးသေနတ်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်တွင် ဖြစ်ပွား

ညောင်ပင်ပေါ်တက်၍ သစ်ခေါင်းအတွင်း သင်းခွေချပ်ရှာဖွေနေသူ အမျိုးသားတစ်ဦး မျောက်ပစ်သမား၏ တူမီးသေနတ်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်တွင် ဖြစ်ပွား
ဒီဇငျဘာ 5, 2018
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ နမ့်နန်း(အာခါရွာ)ရှိ တောင်ယာတွင် အမျိုးသားတစ်ဦး ညောင်ပင်ပေါ်တက်၍ သစ်ခေါင်းအတွင်း သင်းခွေချပ်ရှာဖွေနေစဉ် မျောက်ပစ်သမား၏ တူမီးသေနတ်ကြောင့် ဒဏ်ရာရရှိသွားမှု ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၄)ရက်နေ့ ညနေပိုင်းက ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၊ နမ့်နန်း(အာခါ)ကျေးရွာအပိုင်းရှိ ဦးအားခဲ၏ တောင်ယာတဲနှင့်အနီး အမြင့်ပေ (၃၀)၀န်းကျင်ရှိ ညောင်ပင်ပေါ်သို့ ဦးအားစီ ဆိုသူသည် တက်၍ သစ်ခေါင်းအတွင်း သင်းခွေချပ်ရှာဖွေနေစဉ် ညောင်ပင်အနီးရှိ မျောက်အား ပစ်ခတ်ဖမ်းဆီးရန် ရောက်ရှိနေပြီး တူမီးသေနတ်ကိုင်ဆောင်ထားသည့် မောင်ဟက်ကျိုး ဆိုသူက မျောက်အား ပစ်ခတ်ရာမှ ပေါ့ဆမှုကြောင့် သစ်ခေါင်းအတွင်း သင်းခွေချပ်ရှာဖွေနေသူအား ထိမှန်သွားခြင်း ဖြစ်ကြောင်း သိရသည်။



Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရို်င်၊ မိုင်းဖြတ်မြို့နယ်၊ နမ့်နန်း(အာခါရွာ)ရှိ တောင်ယာတွင် အမျိုးသားတစ်ဦး ညောင်ပင်ပေါ်တက်၍ သစ်ခေါင်းအတွင်း သင်းခွေချပ်ရှာဖွေနေစဉ် မျောက်ပစ်သမား၏ တူမီးသေနတ်ကြောင့် ဒဏ်ရာရရှိသွားမှု ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၄)ရက်နေ့ ညနေပိုင်းက ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၊ နမ့်နန်း(အာခါ)ကျေးရွာအပိုင်းရှိ ဦးအားခဲ၏ တောင်ယာတဲနှင့်အနီး အမြင့်ပေ (၃၀)ဝန်းကျင်ရှိ ညောင်ပင်ပေါ်သို့ ဦးအားစီ ဆိုသူသည် တက်၍ သစ်ခေါင်းအတွင်း သင်းခွေချပ်ရှာဖွေနေစဉ် ညောင်ပင်အနီးရှိ မျောက်အား ပစ်ခတ်ဖမ်းဆီးရန် ရောက်ရှိနပြေီး တူမီးသေနတ်ကိုင်ဆောင်ထားသည့် မောင်ဟက်ကျိုး ဆိုသူက မျောက်အား ပစ်ခတ်ရာမှ ပေါ့ဆမှုကြောင့် သစ်ခေါင်းအတွင်း သင်းခွေချပ်ရှာဖွေနေသူအား ထိမှန်သွားခြင်း ဖြစ်ကြောင်း သိရသည်။

မျောက်အား တူမီးသေနတ်ဖြင့် ပစ်ခတ်ရာမှ ပေါ့ဆမှုကြောင့် တူမီးသေနတ်ဒဏ်ရာရရှိသွားသည့် အသက်(၃၄)နှစ်ဝန်းကျင်ရှိ ဦးအားစီဆိုသူအား မိုင်းဖြတ်ပြည်သူ့ဆေးရုံမှတဆင့် ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

ဆက်လက်၍ တူမီးသေနတ်ဖြင့် ပစ်ခတ်သူ အသက်(၂၈)နှစ် ဝန်းကျင်ရှိ မောင်ဟက်ကျိုး ဆိုသူအား မိုင်းဖြတ်မြို့မရဲစခန်းတွင် (ပ)၂၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၃၈ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~