မေကြး - နတ္ေမာက္ကားလမ္းတြင္ ခရီးသည္တင္ယာဥ္ ႏွင့္ ေနာက္တြဲပါ ထြန္စက္တို႔ မ်က္ႏွာခ်င္းဆိုင္ တိုက္မိရာက (၃)ဦးေသ (၁၄)ဦး ဒဏ္ရာရ

မေကြး - နတ္ေမာက္ကားလမ္းတြင္ ခရီးသည္တင္ယာဥ္ ႏွင့္ ေနာက္တြဲပါ ထြန္စက္တို႔ မ်က္ႏွာခ်င္းဆိုင္ တိုက္မိရာက (၃)ဦးေသ (၁၄)ဦး ဒဏ္ရာရ
ဒီဇင်ဘာ 4, 2018
By Tachileik News Agency

မေကြး - နတ္ေမာက္ကားလမ္းေပၚ ကုန္းႀကီးေက်းရြာအနီးတြင္ ခရီးသည္တင္လိုက္ထရပ္ယာဥ္ႏွင့္ ေနာက္တြဲပါ ထြန္စက္တို႔ မ်က္ႏွာခ်င္းဆိုင္ တိုက္မိရာမွာ ခရီးသည္(၃)ဦး ေသဆံုးၿပီး  ဒဏ္ရာရရွိသြားသည့္ (၁၄)ဦးအနက္ တစ္ဦးမွာ စိုးရိမ္ရေၾကာင္း သိရသည္။

မေကြးၿမိဳ႕ဘက္မွ နတ္ေမာက္ၿမိဳ႕ဘက္သို႔ ဦး၀င္းႀကိဳင္ ေမာင္းႏွင္လာသည့္ ခရီးသည္တင္ လိုက္ထရပ္ယာဥ္ႏွင့္ မ်က္ႏွာခ်င္းဆိုင္မွ ဦးသာေအာင္ ေမာင္းလာလာသည့္ ေနာက္တြဲပါ ထြန္စက္တို႔သည္ ၂၀၁၈ခုႏွစ္ ဒီဇင္ဘာလ(၃)ရက္ေန႔ ည(၈)နာရီခြဲေက်ာ္က ကုန္းႀကီးေက်းရြာအနီး မိုင္တိုင္အမွတ္ (၈၅/၃)ႏွင့္(၈၅/၄)အၾကားသို႔ အေရာက္တြင္ မ်က္ႏွာခ်င္းဆိုင္ တိုက္မိၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ေၾကာင့္ လိုက္ထရပ္ယာဥ္ေပၚ လိုက္ပါလာသည့္ နတ္ေမာက္ၿမိဳ႕နယ္ သရက္ခ်ဥ္ေက်း ရြာေန ဦးလာဘ၊ ေဒၚျမညြန္႔ႏွင့္ ဦးေဇာ္ႀကီး တို႔(၃)ဦး ေသဆံုးသြားၿပီး ယာဥ္ေမာင္း ဦးဝင္းႀကိဳင္အပါ အမ်ဳိးသား (၁၃)ဦးႏွင့္ အမ်ိဳးသမီး(၁)ဦး ဒဏ္ရာ အသီးသီးရရိွရာ အဆိုပါ ဒဏ္ရာရရိွၾကသူမ်ား အနက္ က်ည္တစ္လံုး ေက်းရြာေန  အသက္(၆၂)နွစ္အရြယ္ရိွ ဦးေအာင္ဘာေလ မွာ ဒဏ္ရာျပင္းထန္၍ စိုးရိမ္ရေၾကာင္း သိရသည္။

ေသဆံုးသူမ်ားႏွင့္ ဒဏ္ရာရရိွသြားၾကသူမ်ားအား မေကြးတိုင္းျပည္သူ႔ေဆးရံုႀကီးသို႔ ပို႔ေဆာင္ထားၿပီး  ယာဥ္တိုက္မႈႏွင့္ ပတ္သက္၍ ယာဥ္ေမာင္းႏွစ္ဦးအား  မေကြးၿမိဳ႕နယ္၊ ေညာင္ကန္ နယ္ေျမရဲစခန္းတြင္ ယာဥ္(ပ)၁၇/၂၀၁၈၊ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၄-က/၃၃၇/၃၃၈ တို႔ျဖင့္ အမႈဖြင့္ စစ္ေဆး အေရးယူ ေဆာင္ရြက္လွ်က္ရိွေၾကာင္း သိရသည္။

သတင္း - ဖီးနစ္
ဓာတ္ပံု - ရဲစခန္း


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေး - နတ်မောက်ကားလမ်းပေါ် ကုန်းကြီးကျေးရွာအနီးတွင် ခရီးသည်တင်လိုက်ထရပ်ယာဉ်နှင့် နောက်တွဲပါ ထွန်စက်တို့ မျက်နှာချင်းဆိုင် တိုက်မိရာမှာ ခရီးသည်(၃)ဦး သေဆုံးပြီး ဒဏ်ရာရရှိသွားသည့် (၁၄)ဦးအနက် တစ်ဦးမှာ စိုးရိမ်ရကြောင်း သိရသည်။

မကွေးမြို့ဘက်မှ နတ်မောက်မြို့ဘက်သို့ ဦးဝင်းကြိုင် မောင်းနှင်လာသည့် ခရီးသည်တင် လိုက်ထရပ်ယာဉ်နှင့် မျက်နှာချင်းဆိုင်မှ ဦးသာအောင် မောင်းလာလာသည့် နောက်တွဲပါ ထွန်စက်တို့သည် ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၃)ရက်နေ့ ည(၈)နာရီခွဲကျော်က ကုန်းကြီးကျေးရွာအနီး မိုင်တိုင်အမှတ် (၈၅/၃)နှင့်(၈၅/၄)အကြားသို့ အရောက်တွင် မျက်နှာချင်းဆိုင် တိုက်မိကြခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် လိုက်ထရပ်ယာဉ်ပေါ် လိုက်ပါလာသည့် နတ်မောက်မြို့နယ် သရက်ချဉ်ကျေး ရွာနေ ဦးလာဘ၊ ဒေါ်မြညွန့်နှင့် ဦးဇော်ကြီး တို့(၃)ဦး သေဆုံးသွားပြီး ယာဉ်မောင်း ဦးဝင်းကြိုင်အပါ အမျိုးသား (၁၃)ဦးနှင့် အမျိုးသမီး(၁)ဦး ဒဏ်ရာ အသီးသီးရရှိရာ အဆိုပါ ဒဏ်ရာရရှိကြသူများ အနက် ကျည်တစ်လုံး ကျေးရွာနေ အသက်(၆၂)နှစ်အရွယ်ရှိ ဦးအောင်ဘာလေ မှာ ဒဏ်ရာပြင်းထန်၍ စိုးရိမ်ရကြောင်း သိရသည်။

သေဆုံးသူများနှင့် ဒဏ်ရာရရှိသွားကြသူများအား မကွေးတိုင်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ယာဉ်မောင်းနှစ်ဦးအား မကွေးမြို့နယ်၊ ညောင်ကန် နယ်မြေရဲစခန်းတွင် ယာဉ်(ပ)၁၇/၂၀၁၈၊ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ တို့ဖြင့် အမှုဖွင့် စစ်ဆေး အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - ရဲစခန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~