Update News

တင္ခ်င္းဆက္အမႊာ မိန္းကေလး (၂)ဦးကို မေကြးတုိင္းျပည္သူ႕ေဆးရံုရွိ ကေလးအထူးၾကပ္မတ္ကုသေဆာင္တြင္ ကုသေပးေန




မႏၱေလးဗဟိုအမ်ိဳးသမီးေဆးရံုႀကီးတြင္ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၃၁)ရက္ေန႔က ေမြးဖြားခဲ့သည့္ တင္ခ်င္းဆက္ အမႊာမိန္းကေလး(၂)ဦးကို လက္ရိွတြင္ မေကြးတိုင္းျပည္သူေဆး႐ုံႀကီး၏ ကေလးအထူးၾကပ္မတ္ ေဆာင္တြင္ ေစာင့္ေရွာက္ေပးေနၿပီး ကေလးမ်ားကို ခြဲစိတ္ကုသႏုိင္ရန္ အသက္(၃)ႏွစ္အရြယ္ထိ ေစာင့္ရန္လိုအပ္ေၾကာင္း သိရသည္။

"ကေလးေတြ ခြဲစိတ္ကုသဖို႔က  အသက္(၃)ႏွစ္ေလာက္အထိ ေစာင့္ရမယ္လို႔ မႏၱေလးေဆးရံုႀကီးက ဆရာဝန္ေတြက ေျပာလုိက္ပါတယ္။ အခုကေတာ့ ကေလးေတြကို ေအာက္ဆီဂ်င္ေပးထားၿပီး ကုေပးေနၾကတယ္။ ေျခလက္အဂၤါက်န္တာေတြေတာ့ အားလံုးစံုၾကပါတယ္။ စအိုကေတာ့ တစ္ေပါက္ထဲ ေဖါက္ေပးထားတယ္။ အေမႏို႔ေတာ့ တုိက္လို႔မရဘူး။ ႏို႔မႈန္႔တုိက္ေပးေနေတာ့ ႏို႔မႈန္႔ဝယ္ဝယ္ၿပီး ဆရာမေတြဆီ ေပးရတယ္။ က်န္တဲ့လိုအပ္တဲ့ ဝယ္ခုိင္းတာေလးေတြေတာ့ ဝယ္ေပးေနရတယ္”ဟု အမႊာကေလးမ်ား၏ ဖခင္ ဦးေဝယံဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ကေလးအမႊာအတြက္ လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနက ႏိုဝင္ဘာလ(၃၀)ရက္ေန႔တြင္ ေထာက္ပံံ့ေငြက်ပ္(၅) သိန္းပံ့ပိုးေပးထားေၾကာင္း သိရသည္။

“လူမႈဝန္ထမ္းကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနက က်ပ္(၅)သိန္းပံ့ပိုးတယ္။ တစ္ေန႔က ဘယ္အဖြဲ႕လဲမသိဘူး က်ပ္(၈)ေသာင္း လာေရာက္ကူညီေပးပါတယ္။ အခက္အခဲေတြ႔ေနခ်ိန္မွာ အခုလို ေထာက္ပံေပးတဲ့အတြက္ အရမ္းေက်းဇူးတင္ရပါတယ္”ဟု အမႊာကေလးမ်ား၏ဖခင္ ဦးေဝယံဦးက ေျပာသည္။

မေကြးၿမိဳ႕ သိဂၤါဂီရိရပ္ကြက္၊ ျမသီတာလမ္းမွ ေဒၚသဲစုလႈိင္က ၂၀၁၈ခုႏွစ္ ေအာက္တိုဘာလ (၃၁)ရက္ေန႔က မႏၱေလး ဗဟိုအမ်ိဳးသမီးေဆးရံုႀကီးတြင္ (၃)မႊာပူးေမြးဖြားခဲ့သည့္အနက္ (၂)ဦးမွာ တင္ပါးခ်င္း ဆက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

“ဒီလို တင္ခ်င္းဆက္အမႊာဆိုတာ သူတို႔က အေရျပားခ်င္းဆက္ေနလား၊ အရိုးေတြပါ ဆက္ေနလား၊ ကိုယ္တြင္းအဂၤါေတြက သူတို႔ၾကားမွာ ဘယ္လိုပါေနလဲ။ ဥပမာ ေက်ာက္ကပ္တစ္လံုးထဲ ပါေနတာမ်ိဳးလား စသျဖင့္ သူတုိ႔ေတြကို ခြဲစိတ္ကုသရမယ့္ အေျခအေနကို ေသခ်ာစစ္ေဆးရတယ္။ ၿပီးရင္ ဒီကေလးေတြ ခြဲစိတ္ကုသမႈကို ခံယူႏုိင္မယ့္ အသက္အရြယ္ကိုလည္း ေစာင့္ရတယ္။ ဒီလိုအမႊာေလးေတြရဲ႕ အေျခအေနကိုလုိက္ၿပီး တစ္ခ်ဳိ႕လည္း ခြဲစိတ္ႏုိင္မယ့္ အသက္အရြယ္အထိ အိမ္မွာပဲ ေစာင့္ေရွာက္လို႔ ရတယ္။ အခ်ိဳ႕ကေတာ့ အထူးၾကပ္မတ္ေစာင့္ေရွာက္မႈမ်ိဳး လိုအပ္တတ္တယ္”ဟု ကေလးအထူးကုဆရာဝန္ ေဒါက္တာေက်ာ္စြာျမင့္က ရွင္းလင္းေျပာျပသည္။

မေကြးတိုင္းေဒသႀကီး အတြင္း၌ ၂၀၁၈ ခုႏွစ္အတြင္း သုံးမႊားပူး ေမြးဖြားသူ (၂)ဦးရိွခဲ့ရာ မေကြးတိုင္း လူမႈဝန္ထမ္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာနက က်ပ္(၅)သိန္းစီ ပံ့ပိုးေပးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ကေလးမ်ားအတြက္ ပံ့ပိုးကူညီလိုသူမ်ား အေနျဖင့္ ဦးေဝယံဦး ဖုန္း  09970411621 သို႔ ဆက္သြယ္ႏုိင္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု -  ဖီးနစ္





~~~~~~~~⊰❂ unicode ~~~~~~~~



မန္တလေးဗဟိုအမျိုးသမီးဆေးရုံကြီးတွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၃၁)ရက်နေ့က မွေးဖွားခဲ့သည့် တင်ချင်းဆက် အမွှာမိန်းကလေး(၂)ဦးကို လက်ရှိတွင် မကွေးတိုင်းပြည်သူဆေးရုံကြီး၏ ကလေးအထူးကြပ်မတ် ဆောင်တွင် စောင့်ရှောက်ပေးနပြေီး ကလေးများကို ခွဲစိတ်ကုသနိုင်ရန် အသက်(၃)နှစ်အရွယ်ထိ စောင့်ရန်လိုအပ်ကြောင်း သိရသည်။

"ကလေးတွေ ခွဲစိတ်ကုသဖို့က အသက်(၃)နှစ်လောက်အထိ စောင့်ရမယ်လို့ မန္တလေးဆေးရုံကြီးက ဆရာဝန်တွေက ပြောလိုက်ပါတယ်။ အခုကတော့ ကလေးတွေကို အောက်ဆီဂျင်ပေးထားပြီး ကုပေးနကြေတယ်။ ခြေလက်အင်္ဂါကျန်တာတွေတော့ အားလုံးစုံကြပါတယ်။ စအိုကတော့ တစ်ပေါက်ထဲ ဖောက်ပေးထားတယ်။ အမေနို့တော့ တိုက်လို့မရဘူး။ နို့မှုန့်တိုက်ပေးနေတော့ နို့မှုန့်ဝယ်ဝယ်ပြီး ဆရာမတွေဆီ ပေးရတယ်။ ကျန်တဲ့လိုအပ်တဲ့ ဝယ်ခိုင်းတာလေးတွေတော့ ဝယ်ပေးနေရတယ်”ဟု အမွှာကလေးများ၏ ဖခင် ဦးဝေယံဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ကလေးအမွှာအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက နိုဝင်ဘာလ(၃၀)ရက်နေ့တွင် ထောက်ပံ့ငွေကျပ်(၅) သိန်းပံ့ပိုးပေးထားကြောင်း သိရသည်။

“လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ကျပ်(၅)သိန်းပံ့ပိုးတယ်။ တစ်နေ့က ဘယ်အဖွဲ့လဲမသိဘူး ကျပ်(၈)သောင်း လာရောက်ကူညီပေးပါတယ်။ အခက်အခဲတွေ့နေချိန်မှာ အခုလို ထောက်ပံပေးတဲ့အတွက် အရမ်းကျေးဇူးတင်ရပါတယ်”ဟု အမွှာကလေးများ၏ဖခင် ဦးဝေယံဦးက ပြောသည်။

မကွေးမြို့ သိင်္ဂါဂီရိရပ်ကွက်၊ မြသီတာလမ်းမှ ဒေါ်သဲစုလှိုင်က ၂၀၁၈ခုနှစ် အောက်တိုဘာလ (၃၁)ရက်နေ့က မန္တလေး ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် (၃)မွှာပူးမွေးဖွားခဲ့သည့်အနက် (၂)ဦးမှာ တင်ပါးချင်း ဆက်နခြေင်းဖြစ်ကြောင်း သိရသည်။

“ဒီလို တင်ချင်းဆက်အမွှာဆိုတာ သူတို့က အရပြေားချင်းဆက်နေလား၊ အရိုးတွေပါ ဆက်နေလား၊ ကိုယ်တွင်းအင်္ဂါတွေက သူတို့ကြားမှာ ဘယ်လိုပါနေလဲ။ ဥပမာ ကျောက်ကပ်တစ်လုံးထဲ ပါနေတာမျိုးလား စသဖြင့် သူတို့တွေကို ခွဲစိတ်ကုသရမယ့် အခြေအနေကို သေချာစစ်ဆေးရတယ်။ ပြီးရင် ဒီကလေးတွေ ခွဲစိတ်ကုသမှုကို ခံယူနိုင်မယ့် အသက်အရွယ်ကိုလည်း စောင့်ရတယ်။ ဒီလိုအမွှာလေးတွေရဲ့ အခြေအနေကိုလိုက်ပြီး တစ်ချို့လည်း ခွဲစိတ်နိုင်မယ့် အသက်အရွယ်အထိ အိမ်မှာပဲ စောင့်ရှောက်လို့ ရတယ်။ အချို့ကတော့ အထူးကြပ်မတ်စောင့်ရှောက်မှုမျိုး လိုအပ်တတ်တယ်”ဟု ကလေးအထူးကုဆရာဝန် ဒေါက်တာကျော်စွာမြင့်က ရှင်းလင်းပြောပြသည်။

မကွေးတိုင်းဒေသကြီး အတွင်း၌ ၂၀၁၈ ခုနှစ်အတွင်း သုံးမွှားပူး မွေးဖွားသူ (၂)ဦးရှိခဲ့ရာ မကွေးတိုင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ကျပ်(၅)သိန်းစီ ပံ့ပိုးပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကလေးများအတွက် ပံ့ပိုးကူညီလိုသူများ အနဖြေင့် ဦးဝေယံဦး ဖုန်း 09970411621 သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::