ကုန္ပစၥည္းအညႊန္းမ်ားကို ျမန္မာဘာသာျဖင့္ ေဖၚျပျခင္းမရိွပါက အေရးယူရန္ လားရိႈးၿမိဳ႕မေစ်းတြင္ ပညာေပး

ကုန္ပစၥည္းအညႊန္းမ်ားကို ျမန္မာဘာသာျဖင့္ ေဖၚျပျခင္းမရိွပါက အေရးယူရန္ လားရိႈးၿမိဳ႕မေစ်းတြင္ ပညာေပး
ဒီဇင်ဘာ 4, 2018
By Tachileik News Agency

ျမန္မာဘာသာျဖင့္ အညႊန္းထည့္သြင္း ေဖၚျပျခင္းမရိွသည့္ စားေသာက္ကုန္ႏွင့္ ကုန္ပစၥည္းမ်ားကို ေရာင္းခ်ပါက ၂၀၁၉ ခုႏွစ္ ဧၿပီလ (၂၆)ရက္မွစ၍ အေရးယူေဆာင္ရြက္ေတာ့မည္ျဖစ္ေၾကာင္း ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ ၿမိဳ႕မေစ်းအတြင္းမွ ေစ်းသည္မ်ားကို ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၄)ရက္ေန႔ နံနက္ပိုင္းက အသိေပးေဆြးေႏြးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။

"ျပည္ပႏိုင္ငံေတြကေန ျမန္မာႏိုင္ငံအတြင္းကို ဝင္လာတဲ့ ကုန္စည္ေတြ၊ ျမန္မာျပည္တြင္းက ထုတ္လုပ္တဲ့ ကုန္စည္ေတြမွာ သူတို႔ဘာသာစကားေတြအျပင္ ျမန္မာဘာသာနဲ႔ ေရးသားေဖၚျပထားတဲ့ အညႊန္းေတြ ပါရမယ္ဆိုတာကို အမိန္႔ညႊန္ၾကားစာလည္း ထြက္ထားပါတယ္။ ႏိုင္ငံပိုင္သတင္းစာေတြမွာလည္း ေၾကညာထားပါတယ္။ အဲဒါကို လားရိႈးၿမိဳ႕မွာ ေစ်းေရာင္းခ်ေနသူေတြအားလံုးကို အခုလို အသိပညာေပး ရွင္းလင္းျခင္းျဖစ္ပါတယ္" ဟု စားသံုးသူေရးရာဦးစီးဌာန ဒုတိယျပည္နယ္ဦးစီးမွဴး  ဦးေဇာ္မင္းသန္းက ေျပာသည္။

ေစ်းကြက္တြင္ ေရာင္းခ်သည့္ စားေသာက္ကုန္ အပါအဝင္ ကုန္ပစၥည္းမ်ားတြင္ အညႊန္း၊ ပါဝင္ပစၥည္း စသည့္ ကုန္ပစၥည္း အေၾကာင္းအရာမ်ားကို ျမန္မာဘာသာ သို႔မဟုတ္ ျမန္မာႏွင့္ အျခားဘာသာ (ႏွစ္ဘာသာ)ျဖင့္ ေဖၚျပရမည္ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္မႈဦးစီးဌာန၊ စားသံုးသူေရးရာ ဦးစီးဌာနက ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ ၂၆ ရက္ေန႔တြင္ ထုတ္ျပန္လုိက္ျခင္းျဖစ္ၿပီး ၂၀၁၉ ခုႏွစ္ ဧၿပီလ (၂၆)ရက္ေန႔အထိ ပညာေပးကာလသတ္မွတ္လုိက္ျခင္းျဖစ္သည္။

ပညာေပးကာလေက်ာ္လြန္ပါက အစားအေသာက္မ်ား၊ အိမ္သံုးပစၥည္းမ်ား၊ ကေလးအသံုးအေဆာင္ ပစၥည္းမ်ား၊ ဆက္သြယ္ေရးသံုးပစၥည္းမ်ား၊ ေဆးဝါးႏွင့္ ျဖည့္စြက္အစာမ်ား၊ ဓါတုေဗဒပစၥည္းမ်ား၊ အလွကုန္ပစၥည္းမ်ား၊ လူသံုးကုန္ပစၥည္းမ်ားႏွင့္ လုပ္ငန္းသံုးပစၥည္းကိရိယာမ်ားတြင္ ျမန္မာဘာသာျဖင့္ ေဖၚျပထားသည့္အညြန္းမပါဝင္ပါက ေရာင္းခ်သူ/ဝန္ေဆာင္မႈေပးသူမ်ား၏ တာဝန္ယူျခင္းမရွိ/ တာဝန္ မေက်သည့္ ျဖစ္စဥ္မ်ားႏွင့္ ပတ္သက္၍ျဖစ္ေစ စားသံုးသူအျငင္းပြားမႈေျဖရွင္းေပးေရး အဖြဲ႔ထံသို႔ စာျဖင့္/ လူကိုယ္တိုင္ လာေရာက္တိုင္ၾကားႏိုင္ၿပီး ၎အဖြဲ႔မွ ကြင္းဆင္းစစ္ေဆးမႈမ်ားျပဳလုပ္ျခင္း၊ အေရးယူျခင္း တို႔ကို ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အေရးယူျခင္းတြင္ သတိေပးျခင္း၊ ျပင္းထန္စြာသတိေပးျခင္း၊ နစ္နာသည့္စားသံုးသူအား ေလ်ာ္ေၾကး ေပးေစျခင္း၊ အျငင္းပြားလ်က္ရွိသည့္ ကုန္စည္/ဝန္ေဆာင္မႈကို ကာလအကန္႔အသတ္ျဖင့္ ရပ္တန္႔ေစျခင္း၊ ေစ်းကြက္အတြင္းမွ ျပန္လည္သိမ္းဆည္းျခင္း၊ လုပ္ငန္းလိုင္စင္ ယာယီ/ အၿမဲတမ္း ပိတ္သိမ္းျခင္း တို႔ကိုလည္း ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

လားရိႈးၿမိဳ႕ ၿမိဳ႕မေစ်းႀကီးအတြင္း ကုန္ပစၥည္းမ်ားတြင္ ျမန္မာဘာသာျဖင့္ အညႊန္း/သတိေပးခ်က္ မ်ားထည့္သြင္း ေဖၚျပရန္ႏွင့္ ပတ္သက္၍ ပထမဦးဆံုးအႀကိမ္အျဖစ္ ျပဳလုပ္သည့္ အသိပညာေပး ရွင္းလင္းေဟာေျပာပြဲ သို႔ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲမႈဦးစီးဌာန၊ ၿမိဳ႕နယ္စည္ပင္သာယာေရး(ေစ်း) မွ တာဝန္ရွိသူမ်ားႏွင့္ ေစ်းေရာင္းခ်ေနသူ ဦးေရ ၁၂၀ ခန္႔ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္
ဓါတ္ပံု - လားရိႈးစားသံုးသူေရးရာ



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာဘာသာဖြင့် အညွှန်းထည့်သွင်း ဖော်ပြခြင်းမရှိသည့် စားသောက်ကုန်နှင့် ကုန်ပစ္စည်းများကို ရောင်းချပါက ၂၀၁၉ ခုနှစ် ဧပြီလ (၂၆)ရက်မှစ၍ အရေးယူဆောင်ရွက်တော့မည်ဖြစ်ကြောင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ မြို့မဈေးအတွင်းမှ ဈေးသည်များကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၄)ရက်နေ့ နံနက်ပိုင်းက အသိပေးဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

"ပြည်ပနိုင်ငံတွေကနေ မြန်မာနိုင်ငံအတွင်းကို ဝင်လာတဲ့ ကုန်စည်တွေ၊ မြန်မာပြည်တွင်းက ထုတ်လုပ်တဲ့ ကုန်စည်တွေမှာ သူတို့ဘာသာစကားတွေအပြင် မြန်မာဘာသာနဲ့ ရေးသားဖော်ပြထားတဲ့ အညွှန်းတွေ ပါရမယ်ဆိုတာကို အမိန့်ညွှန်ကြားစာလည်း ထွက်ထားပါတယ်။ နိုင်ငံပိုင်သတင်းစာတွေမှာလည်း ကြေညာထားပါတယ်။ အဲဒါကို လားရှိုးမြို့မှာ ဈေးရောင်းချနေသူတွေအားလုံးကို အခုလို အသိပညာပေး ရှင်းလင်းခြင်းဖြစ်ပါတယ်" ဟု စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်းက ပြောသည်။

ဈေးကွက်တွင် ရောင်းချသည့် စားသောက်ကုန် အပါအဝင် ကုန်ပစ္စည်းများတွင် အညွှန်း၊ ပါဝင်ပစ္စည်း စသည့် ကုန်ပစ္စည်း အကြောင်းအရာများကို မြန်မာဘာသာ သို့မဟုတ် မြန်မာနှင့် အခြားဘာသာ (နှစ်ဘာသာ)ဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်မှုဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနက ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် ဧပြီလ (၂၆)ရက်နေ့အထိ ပညာပေးကာလသတ်မှတ်လိုက်ခြင်းဖြစ်သည်။

ပညာပေးကာလကျော်လွန်ပါက အစားအသောက်များ၊ အိမ်သုံးပစ္စည်းများ၊ ကလေးအသုံးအဆောင် ပစ္စည်းများ၊ ဆက်သွယ်ရေးသုံးပစ္စည်းများ၊ ဆေးဝါးနှင့် ဖြည့်စွက်အစာများ၊ ဓာတုဗေဒပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် လုပ်ငန်းသုံးပစ္စည်းကိရိယာများတွင် မြန်မာဘာသာဖြင့် ဖော်ပြထားသည့်အညွန်းမပါဝင်ပါက ရောင်းချသူ/ဝန်ဆောင်မှုပေးသူများ၏ တာဝန်ယူခြင်းမရှိ/ တာဝန် မကျေသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ဖြစ်စေ စားသုံးသူအငြင်းပွားမှုဖြေရှင်းပေးရေး အဖွဲ့ထံသို့ စာဖြင့်/ လူကိုယ်တိုင် လာရောက်တိုင်ကြားနိုင်ပြီး၎င်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခြင်း၊ အရေးယူခြင်း တို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အရေးယူခြင်းတွင် သတိပေးခြင်း၊ ပြင်းထန်စွာသတိပေးခြင်း၊ နစ်နာသည့်စားသုံးသူအား လျော်ကြေး ပေးစခြေင်း၊ အငြင်းပွားလျက်ရှိသည့် ကုန်စည်/ဝန်ဆောင်မှုကို ကာလအကန့်အသတ်ဖြင့် ရပ်တန့်စခြေင်း၊ ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းခြင်း၊ လုပ်ငန်းလိုင်စင် ယာယီ/ အမြဲတမ်း ပိတ်သိမ်းခြင်း တို့ကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့ မြို့မဈေးကြီးအတွင်း ကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြင့် အညွှန်း/သတိပေးချက် များထည့်သွင်း ဖော်ပြရန်နှင့် ပတ်သက်၍ ပထမဦးဆုံးအကြိမ်အဖြစ် ပြုလုပ်သည့် အသိပညာပေး ရှင်းလင်းဟောပြောပွဲ သို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး(ဈေး) မှ တာဝန်ရှိသူများနှင့် ဈေးရောင်းချနေသူ ဦးရေ ၁၂၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - လားရှိုးစားသုံးသူရေးရာ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~