ရွမ္းျပည္နယ္တြင္း ေလာင္းကစားဝိုင္းမ်ား တားဆီးေရး နယ္လံုဝန္ႀကီးကိုယ္တုိင္ ေထာက္ခံအတည္ျပဳၿပီးေသာ္လည္း (၃)လၾကာသည္အထိ ထိေရာက္စြာ လုပ္ေဆာင္ႏုိင္ျခင္း မရိွေသး

ရွမ္းျပည္နယ္တြင္း ေလာင္းကစားဝိုင္းမ်ား တားဆီးေရး နယ္လံုဝန္ႀကီးကိုယ္တုိင္ ေထာက္ခံအတည္ျပဳၿပီးေသာ္လည္း (၃)လၾကာသည္အထိ ထိေရာက္စြာ လုပ္ေဆာင္ႏုိင္ျခင္း မရိွေသး
ဒီဇင်ဘာ 21, 2018
By Tachileik News Agency

ရွမ္းျပည္နယ္တြင္း ေလာင္းကစားဝိုင္းမ်ား ပေပ်ာက္ေရးအတြက္ တင္းၾကပ္ တားဆီးပိတ္ပင္သြားရန္ ျပည္နယ္ အစိုးရအား တိုက္တြန္းသည့္ အဆိုကို ျပည္နယ္အစိုးရအဖြဲ႕ဝင္ နယ္စပ္ေရးရာႏွင့္ လံုၿခံဳေရး ဝန္ႀကီး ကိုယ္တိုင္ ေထာက္ခံအတည္ျပဳထားေသာ္လည္း ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ ထိေရာက္သည့္ လုပ္ေဆာင္ခ်က္မေတြ႔ရေသးေၾကာင္း ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္က ေျပာၾကားလုိက္သည္။

“အဲဒီတုန္းက ေျပာသြားတဲ့ နယ္လံုကလည္း လုပ္မယ္လို႔ေျပာသြားတယ္။ ဒါေပမဲ့ ရာထူးတုိးၿပီး ေျပာင္းသြားၿပီေပါ့။ အခုလက္ရိွေျပာင္းလာတဲ့ နယ္လံုကလည္း ဘယ္လိုလုပ္မယ္ေတာ့ ကၽြန္ေတာ္တို႔ မသိေသးဘူး”ဟု တာခ်ီလိတ္ၿမိဳ႕မွ ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျပည္သူမ်ား စီးပြားေရး အၾကပ္အတည္း ျဖစ္ေပၚေစျခင္း၊ မူးယစ္ေဆးဝါး ေရာင္းဝယ္မႈႏွင့္ သံုးစြဲမႈ မ်ားျပားလာျခင္း၊ စားဝတ္ေနေရးအတြက္ စိန္ေခၚမႈမ်ားရိွလာ၍ ခိုးဆိုးတိုက္ခို္က္မႈမ်ား၊ အုပ္စုဖြဲ႕ ရိုက္ႏွက္မႈမ်ား၊ လုယက္မႈမ်ား၊ လိမ္လည္မႈမ်ားစသည့္ ေလာင္းကစားဝိုင္းမ်ားႏွင့္ဆက္စပ္သည့္ မႈခင္းမ်ား ျဖစ္ပြားမႈမ်ားျပားလာျခင္းတုိ႔ေၾကာင့္ ေလာင္းကစားဝိုင္းမ်ား ပေပ်ာက္ေရးအတြက္ တင္းၾကပ္ တားဆီး ပိတ္ပင္သြားရန္ ျပည္နယ္အစိုးရအား တိုက္တြန္းသည့္အဆိုကို  ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၂၁)ရက္ေန႔က ရွမ္းျပည္နယ္ လႊတ္ေတာ္တြင္ သိႏၷီမဲဆႏၵနယ္မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚနန္းခင္ထားရီက တင္သြင္းခဲ့ျခင္းျဖစ္သည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕နယ္တြင္ ရပ္ကြက္မ်ားအတြင္း ေလာင္းကစားဂိမ္းခံုမ်ား ဖြင့္လွစ္ျခင္း မရိွေစရန္ႏွင့္ ဖြင့္လွစ္ထားပါက သက္ဆိုင္ရာသို႔ အေၾကာင္းၾကားရန္ ရပ္/ေက်း အုပ္ခ်ဳပ္ေရးမွဴးမ်ားကို ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလအတြင္း လက္မွတ္ ထိုးထားေစခဲ့ေၾကာင္း သိရသည္။

“အရင္က သူတုိ႔ကို လက္မွတ္ထိုးခိုင္းထားတယ္ဆိုတာ သိရပါတယ္။ ကၽြန္ေတာ္ တာဝန္ယူၿပီးတဲ့အခ်ိန္မွာ ရပ္ကြက္တစ္ခုကေတာ့ အေၾကာင္းၾကားဖူးပါတယ္။ အဲဒီတုန္းကလည္း သက္ဆုိင္ရာၿမိဳ႕နယ္ရဲတပ္ဖြဲ႕ကို အေၾကာင္းၾကားေပးခဲ့ေတာ့ သြားဖမ္းၾကတယ္။ ဒါေပမဲ့ ရဲတပ္ဖြဲ႕သြားဖမ္းေတာ့ ဂိမ္းခံုက ပိတ္ထားၿပီး ျဖစ္ေနတယ္။ ဖမ္းမမိဘူးေပါ့ဗ်ာ။ အဲဒီေနာက္ပိုင္းမွာ က်န္တဲ့ရပ္ကြက္ေတြကေတာ့ အေၾကာင္းၾကားတာ မရိွဘူး။ ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးေတြနဲ႔ အစည္းအေဝးမွာ ရပ္/ေက်းဥပေဒအရ ေလာင္းကစားဝိုင္းေတြ ရိွရင္ ရပ္/ေက်းေတြကိုယ္တုိင္ ဒုရဲအုပ္ထက္မနိမ့္တဲ့ ရဲတပ္ဖြဲ႕ဝင္ကို အေၾကာင္းၾကားၿပီး ဖမ္းဝရမ္း ထုတ္ေပးခြင့္ရိွတယ္ ဆိုတာကိုေတာ့ ရပ္/ေက်းဥေပဒအရ ျပဌာန္းထားတာကို ေျပာျပထားပါတယ္”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာက ေျပာသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္တြင္ ေလာင္းကစားဂိမ္းခံုမ်ားေၾကာင့္ ထိခိုက္ ခံစားရမႈမ်ားရိွေနသျဖင့္ ပိတ္သိမ္းေပးေရးကို ရပ္ကြက္လူထုက လက္မွတ္ေရးထိုးကာ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၁၂)ရက္ေန႔၌ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနသို႔ တင္ျပေတာင္းဆိုခဲ့ၾကျခင္း ျဖစ္သည္။

“ရပ္ကြက္ထဲက ဂိမ္းခံုေတြကေတာ့ ဂိမ္းကစားတာအျပင္ မူးယစ္ေဆးဝါးျပႆနာေတြပါရိွေနတာေပါ့။ လက္ရိွဥပမာျပႏုိင္တာက သခ်ၤ ိဳင္းကုန္းမွာေရာက္ေနတဲ့၊ လမ္းေဘးေလလြင့္ေရာက္ေနတဲ့ မူးယစ္ေဆး စြဲေတြက ဂိမ္းခံုေတြက ထြက္လာတာေတြပဲ။ အမ်ားစုက အသက္(၂၀)ေက်ာ္နဲ႔ (၃၀)ၾကားမွာ အေတာ္ထိခိုက္ခံစားရတယ္။ ဒါေတြ တကယ္တမ္း လုပ္ရခက္ခဲေနတာက ရဲမွာလည္း အတားအဆီးေတြ ရိွေနသလို အဖြဲ႕အစည္းေတြရိွေနတာ၊ နယ္စပ္ၿမိဳ႕ျဖစ္ေနတာလည္း ပါပါတယ္။ ဒါေတြကို ဘယ္လို ထိန္းေၾကာင္းရမလဲဆိုတာ ရွာေဖြဖို႔ အေတာ္ခက္ခဲတဲ့ကိစၥျဖစ္ေနတယ္ေပါ့။ ကၽြန္ေတာ္တို႔ေဒသမွာရိွတဲ့ ကေလးေတြရဲ႕ဘဝေတြ ျမႇင့္တင္ဖို႔ဆိုတာ ကၽြန္ေတာ္တုိ႔ေတြအပါအဝင္ ျပည္သူေတြက သတင္းေပး စနစ္ေတြ၊ ျပည္သူေတြက ဝိုင္းၿပီးႏိႈးေဆာ္တဲ့စနစ္ေတြ လုပ္ဖို႔လိုတယ္။ အားလံုးပူးေပါင္းၿပီး လုပ္ၾကမယ္ ဆိုရင္ေတာ့ ေအာင္ျမင္ႏုိင္ပါမယ္။ မဟုတ္ရင္ေတာ့ ဒါႀကီးက ေအာင္ျမင္ဖို႔ မလြယ္ပါဘူး။ ”ဟု ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္က ေျပာသည္။

ေလာင္းကစားလုပ္ငန္းမ်ားကို ခြင့္ျပဳထားျခင္းမရိွဘဲ သတင္းရသည္ႏွင့္ ဖမ္းဆီးရန္ ညႊန္ၾကား ထားၿပီးျဖစ္ေၾကာင္း တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးႀကီး ေပၚထြန္းက ေျပာၾကားထားၿပီး ေလာင္းကစားခံုမ်ား ပိတ္သိမ္းေပးရန္ ေတာင္းဆိုထားသည့္ မယ္ေခါင္ရပ္ကြက္လူထုကလည္း မိမိတို႔ ရပ္ကြက္အတြင္း ေလာင္းကစားခံုမ်ား ျပန္လည္ဖြင့္လွစ္ျခင္းမရိွေစရန္ ရပ္ကြက္လူထုျဖင့္ ကင္းလွည့္ျခင္းႏွင့္ ေစာင့္ၾကည့္ျခင္းအား ေဆာင္ရြက္ေနေၾကာင္း သိရသည္

Tachileik News Agecny


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်တွင်း လောင်းကစားဝိုင်းများ ပပျောက်ရေးအတွက် တင်းကြပ် တားဆီးပိတ်ပင်သွားရန် ပြည်နယ် အစိုးရအား တိုက်တွန်းသည့် အဆိုကို ပြည်နယ်အစိုးရအဖွဲ့ဝင် နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီး ကိုယ်တိုင် ထောက်ခံအတည်ပြုထားသော်လည်း ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ထိရောက်သည့် လုပ်ဆောင်ချက်မတွေ့ရသေးကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ပြောကြားလိုက်သည်။

“အဲဒီတုန်းက ပြောသွားတဲ့ နယ်လုံကလည်း လုပ်မယ်လို့ပြောသွားတယ်။ ဒါပေမဲ့ ရာထူးတိုးပြီး ပြောင်းသွားပြီပေါ့။ အခုလက်ရှိပြောင်းလာတဲ့ နယ်လုံကလည်း ဘယ်လိုလုပ်မယ်တော့ ကျွန်တော်တို့ မသိသေးဘူး”ဟု တာချီလိတ်မြို့မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြည်သူများ စီးပွားရေး အကြပ်အတည်း ဖြစ်ပေါ်စခြေင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် သုံးစွဲမှု များပြားလာခြင်း၊ စားဝတ်နေရေးအတွက် စိန်ခေါ်မှုများရှိလာ၍ ခိုးဆိုးတိုက်ခို်က်မှုများ၊ အုပ်စုဖွဲ့ ရိုက်နှက်မှုများ၊ လုယက်မှုများ၊ လိမ်လည်မှုများစသည့် လောင်းကစားဝိုင်းများနှင့်ဆက်စပ်သည့် မှုခင်းများ ဖြစ်ပွားမှုများပြားလာခြင်းတို့ကြောင့် လောင်းကစားဝိုင်းများ ပပျောက်ရေးအတွက် တင်းကြပ် တားဆီး ပိတ်ပင်သွားရန် ပြည်နယ်အစိုးရအား တိုက်တွန်းသည့်အဆိုကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၂၁)ရက်နေ့က ရှမ်းပြည်နယ် လွှတ်တော်တွင် သိန္နီမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက တင်သွင်းခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် ရပ်ကွက်များအတွင်း လောင်းကစားဂိမ်းခုံများ ဖွင့်လှစ်ခြင်း မရှိစေရန်နှင့် ဖွင့်လှစ်ထားပါက သက်ဆိုင်ရာသို့ အကြောင်းကြားရန် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလအတွင်း လက်မှတ် ထိုးထားစေခဲ့ကြောင်း သိရသည်။

“အရင်က သူတို့ကို လက်မှတ်ထိုးခိုင်းထားတယ်ဆိုတာ သိရပါတယ်။ ကျွန်တော် တာဝန်ယူပြီးတဲ့အချိန်မှာ ရပ်ကွက်တစ်ခုကတော့ အကြောင်းကြားဖူးပါတယ်။ အဲဒီတုန်းကလည်း သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့ကို အကြောင်းကြားပေးခဲ့တော့ သွားဖမ်းကြတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့သွားဖမ်းတော့ ဂိမ်းခုံက ပိတ်ထားပြီး ဖြစ်နေတယ်။ ဖမ်းမမိဘူးပေါ့ဗျာ။ အဲဒီနောက်ပိုင်းမှာ ကျန်တဲ့ရပ်ကွက်တွေကတော့ အကြောင်းကြားတာ မရှိဘူး။ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ အစည်းအဝေးမှာ ရပ်/ကျေးဥပဒေအရ လောင်းကစားဝိုင်းတွေ ရှိရင် ရပ်/ကျေးတွေကိုယ်တိုင် ဒုရဲအုပ်ထက်မနိမ့်တဲ့ ရဲတပ်ဖွဲ့ဝင်ကို အကြောင်းကြားပြီး ဖမ်းဝရမ်း ထုတ်ပေးခွင့်ရှိတယ် ဆိုတာကိုတော့ ရပ်/ကျေးဥပေဒအရ ပြဌာန်းထားတာကို ပြောပြထားပါတယ်”ဟု တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်တွင် လောင်းကစားဂိမ်းခုံများကြောင့် ထိခိုက် ခံစားရမှုများရှိနေသဖြင့် ပိတ်သိမ်းပေးရေးကို ရပ်ကွက်လူထုက လက်မှတ်ရေးထိုးကာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၂)ရက်နေ့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြတောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

“ရပ်ကွက်ထဲက ဂိမ်းခုံတွေကတော့ ဂိမ်းကစားတာအပြင် မူးယစ်ဆေးဝါးပြဿနာတွေပါရှိနေတာပေါ့။ လက်ရှိဥပမာပြနိုင်တာက သင်္ချိုင်းကုန်းမှာရောက်နေတဲ့၊ လမ်းဘေးလေလွင့်ရောက်နေတဲ့ မူးယစ်ဆေး စွဲတွေက ဂိမ်းခုံတွေက ထွက်လာတာတွေပဲ။ အများစုက အသက်(၂၀)ကျော်နဲ့ (၃၀)ကြားမှာ အတော်ထိခိုက်ခံစားရတယ်။ ဒါတွေ တကယ်တမ်း လုပ်ရခက်ခဲနေတာက ရဲမှာလည်း အတားအဆီးတွေ ရှိနေသလို အဖွဲ့အစည်းတွေရှိနေတာ၊ နယ်စပ်မြို့ဖြစ်နေတာလည်း ပါပါတယ်။ ဒါတွေကို ဘယ်လို ထိန်းကြောင်းရမလဲဆိုတာ ရှာဖွေဖို့ အတော်ခက်ခဲတဲ့ကိစ္စဖြစ်နေတယ်ပေါ့။ ကျွန်တော်တို့ဒေသမှာရှိတဲ့ ကလေးတွေရဲ့ဘဝတွေ မြှင့်တင်ဖို့ဆိုတာ ကျွန်တော်တို့တွေအပါအဝင် ပြည်သူတွေက သတင်းပေး စနစ်တွေ၊ ပြည်သူတွေက ဝိုင်းပြီးနှိုးဆော်တဲ့စနစ်တွေ လုပ်ဖို့လိုတယ်။ အားလုံးပူးပေါင်းပြီး လုပ်ကြမယ် ဆိုရင်တော့ အောင်မြင်နိုင်ပါမယ်။ မဟုတ်ရင်တော့ ဒါကြီးက အောင်မြင်ဖို့ မလွယ်ပါဘူး။ ”ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။

လောင်းကစားလုပ်ငန်းများကို ခွင့်ပြုထားခြင်းမရှိဘဲ သတင်းရသည်နှင့် ဖမ်းဆီးရန် ညွှန်ကြား ထားပြီးဖြစ်ကြောင်း တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ပေါ်ထွန်းက ပြောကြားထားပြီး လောင်းကစားခုံများ ပိတ်သိမ်းပေးရန် တောင်းဆိုထားသည့် မယ်ခေါင်ရပ်ကွက်လူထုကလည်း မိမိတို့ ရပ်ကွက်အတွင်း လောင်းကစားခုံများ ပြန်လည်ဖွင့်လှစ်ခြင်းမရှိစေရန် ရပ်ကွက်လူထုဖြင့် ကင်းလှည့်ခြင်းနှင့် စောင့်ကြည့်ခြင်းအား ဆောင်ရွက်နေကြောင်း သိရသည်

Tachileik News Agecny

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~