နေပြည်တော် အပါအ၀င် ပြည်နယ်(၃)ခုရှိ နေရာဒေသ (၁၉)ခုတွင် ကယန်းနှစ်သစ်ကူးပွဲတော်များ ကျင်းပမည်

နေပြည်တော် အပါအ၀င် ပြည်နယ်(၃)ခုရှိ နေရာဒေသ (၁၉)ခုတွင် ကယန်းနှစ်သစ်ကူးပွဲတော်များ ကျင်းပမည်
ဒီဇငျဘာ 4, 2018
By Tachileik News Agency

ဒီဇင်ဘာလ (၈)ရက်နေ့တွင် ကျရောက်မည့် ၂၇၅၈ ခုနှစ် မြောက် ကယန်းနှစ်သစ်ကူးပွဲတော်အား ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ် နှင့် နေပြည်တော်ကောင်စီ နယ်မြေတို့ရှိ နေရာ (၁၉) ခုတွင် အသီးသီး ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ကယန်းနှစ်သစ်ကူးပွဲတော်အား ကျင်းပရာတွင် ရှမ်းပြည်နယ်တောင်ပိုင်း  ဖယ်ခုံမြို့နယ်တွင် (၆)နေရာ၊ ပင်လောင်းမြို့နယ်တွင် (၃)နေရာ၊ နမ့်စန်မြို့နယ်တွင် (၁)နေရာ၊  ကယားပြည်နယ်၌ လွိုင်ကော်မြို့နယ်တွင် (၁)နေရာ၊ ဒီးမော့ဆိုမြို့နယ်တွင် (၅)နေရာ၊ မယ်စဲ့မြို့နယ်တို့တွင် (၁) နေရာ၊ ကရင်ပြည်နယ် သံတောင် ကြီးမြို့နယ်တွင် (၁)နေရာ နှင့် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်တို့တွင် (၁) နေရာဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကယန်းနှစ်သစ်ကူးပွဲတော်အတွက် ကယန်းဒေသများရှိ ကျေးရွာနေအိမ်များတွင် ကယန်းအမျိုးသား အလံတော်အား လွှင့်ထားကြရန် ကယန်းစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီမှ တိုက်တွန်းထားပြီး ပွဲတော်များတွင် ကယန်းရိုးရာပြိုင်ပွဲများ၊ ဗုံပလွေပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများ၊ ရိုးရာအကပြိုင်ပွဲများ ထည့်သွင်းကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ဆန်းဖြိုးထွန်း


~~~~~~~~⊰❂ unicode ~~~~~~~~

ဒီဇင်ဘာလ (၈)ရက်နေ့တွင် ကျရောက်မည့် ၂၇၅၈ ခုနှစ် မြောက် ကယန်းနှစ်သစ်ကူးပွဲတော်အား ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ် နှင့် နပြေည်တော်ကောင်စီ နယ်မြေတို့ရှိ နေရာ (၁၉) ခုတွင် အသီးသီး ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ကယန်းနှစ်သစ်ကူးပွဲတော်အား ကျင်းပရာတွင် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် (၆)နေရာ၊ ပင်လောင်းမြို့နယ်တွင် (၃)နေရာ၊ နမ့်စန်မြို့နယ်တွင် (၁)နေရာ၊ ကယားပြည်နယ်၌ လွိုင်ကော်မြို့နယ်တွင် (၁)နေရာ၊ ဒီးမော့ဆိုမြို့နယ်တွင် (၅)နေရာ၊ မယ်စဲ့မြို့နယ်တို့တွင် (၁) နေရာ၊ ကရင်ပြည်နယ် သံတောင် ကြီးမြို့နယ်တွင် (၁)နေရာ နှင့် နပြေည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်တို့တွင် (၁) နေရာဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကယန်းနှစ်သစ်ကူးပွဲတော်အတွက် ကယန်းဒေသများရှိ ကျေးရွာနေအိမ်များတွင် ကယန်းအမျိုးသား အလံတော်အား လွှင့်ထားကြရန် ကယန်းစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီမှ တိုက်တွန်းထားပြီး ပွဲတော်များတွင် ကယန်းရိုးရာပြိုင်ပွဲများ၊ ဗုံပလွပြေိုင်ပွဲများ၊ အားကစားပြိုင်ပွဲများ၊ ရိုးရာအကပြိုင်ပွဲများ ထည့်သွင်းကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်မှ စ၍ ကယန်းလူမျိုးများ နေထိုင်ရာ ဒေသအသီးသီးတွင် နှစ်သစ်ကူးပွဲတော်များကို နှစ်စဉ် ကယန်းအဖွဲ့အစည်းများမှ စုပေါင်း၍ ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~