ေက်ာက္မဲၿမိဳ႕တြင္ တစ္လနီးပါးခိုလႈံေနသည့္ စစ္ေဘးေရွာင္(၂၀၀)ေက်ာ္အနက္ (၁၂၀)ေက်ာ္ ေနရပ္ျပန္

ေက်ာက္မဲၿမိဳ႕တြင္ တစ္လနီးပါးခိုလႈံေနသည့္ စစ္ေဘးေရွာင္(၂၀၀)ေက်ာ္အနက္ (၁၂၀)ေက်ာ္ ေနရပ္ျပန္
ဒီဇင်ဘာ 7, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕တြင္ တစ္လနီးပါးခိုလံႈေနသည့္ စစ္ေဘးေရွာင္ (၂၀၀)ရိွသည့္ အနက္ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ (၆)ရက္ေန႔တြင္ ေနရပ္ျပန္သြားၿပီး စစ္ေဘးေရွာင္ (၇၅)ဦးသာ က်န္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ စစ္ေဘးေရွာင္မ်ားမွာ မိုင္းေငါ့ၿမိဳ႕နယ္ခြဲ၊ ခ်ံဳးေဟာင္းေက်းရြာမွ ေဒသခံ (၁၂၅) ဦးႏွင့္ နမ့္မန္းေက်းရြာမွ (၇၅)ဦးတုိ႔မွာ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၁၁) ရက္ေန႔မွ စ၍ စစ္ေဘးေရွာင္ လာၾကျခင္းျဖစ္ၿပီး လက္ရိွတြင္ ခ်ံဳေဟာင္းေက်းရြာမွ ေဒသခံမ်ား ေနရပ္ျပန္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

"နမ့္မန္းေက်းရြာက စစ္ေဘးေရွာင္ (၇၅) ဦးကေတာ့ သုစိတၱကာရံုေက်ာင္းတိုက္မွာ က်န္ေနေသးတယ္။ သူတို႔အတြက္ စားနပ္ရိကၡာနဲ႔ အေျခခံလိုအပ္ခ်က္ေတြကို ေက်ာက္မဲစစ္ေဘးေရွာင္ေကာ္မတီကေနပဲ ေထာက္ပံ့ေပးထားပါတယ္။ ျပန္သြားတဲ့သူေတြအတြက္လည္း ေထာက္ပံ့မႈအခ်ိဳ႕ေပးထားပါတယ္" ဟု ေက်ာက္မဲစစ္ေဘးေရွာင္ေကာ္မတီမွ ဦးတင္ဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

အဆိုပါေက်းရြာမ်ားအနီး တစ္ဝိုက္တြင္ SSPP/ SSA ၊TNLA  ပူးေပါင္းအဖြဲ႕ႏွင့္ RCSS/SSA တို႔ၾကား တုိက္ပြဲမ်ားျဖစ္ပြားခဲ့သျဖင့္ ေဒသခံမ်ား တုိက္ပြဲေရွာင္လာၾကျခင္းျဖစ္ၿပီးေနာက္ တစ္လနီးပါးအၾကာတြင္ နယ္ေျမေအးခ်မ္းသြားသည္ဟု ယူဆၾကသည့္အတြက္ ဒီဇင္ဘာလ (၆) ရက္ေန႔တြင္ ခ်ံဳေဟာင္းေက်းရြာမွ ေဒသခံမ်ားမွာ ေနရပ္သို႔ျပန္သြားၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ေနရပ္ျပန္သူမ်ားကို တစ္ဦးလ်ွင္ က်ပ္ (၅၀၀၀)ႏွင့္ ဆန္၊ ရိကၡာတို႔ကို ေက်ာက္မဲစစ္ေဘးေရွာင္ေကာ္မတီက ကူညီေထာက္ပံ့မႈေပးခဲ့ၿပီး ေက်ာက္မဲကေမၻာဇဘဏ္ခြဲက အေႏြးထည္မ်ား လွဴဒါန္းေပးခဲ့ေၾကာင္း သိရသည္။
ေက်ာက္မဲတြင္ ၂၀၁၆ ခုႏွစ္က စစ္ေဘးေရွာင္ဦးေရ (၃၆၀၀) ေက်ာ္အထိ စံခ်ိန္တင္ေရာက္ရွိခဲ့ၿပီး စစ္ေဘးေရွာင္စခန္း (၁၂) ခု ဖြင့္လွစ္လက္ခံခဲ့ရသည့္ ျဖစ္စဥ္ရွိခဲ့ေၾကာင္း ေကာ္မတီထံမွ သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓါတ္ပံု - ေစာမင္းၾကဴ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် တစ်လနီးပါးခိုလှုံနေသည့် စစ်ဘေးရှောင် (၂၀၀)ရှိသည့် အနက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၆)ရက်နေ့တွင် နေရပ်ပြန်သွားပြီး စစ်ဘေးရှောင် (၇၅)ဦးသာ ကျန်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဘေးရှောင်များမှာ မိုင်းငေါ့မြို့နယ်ခွဲ၊ ချုံးဟောင်းကျေးရွာမှ ဒေသခံ (၁၂၅) ဦးနှင့် နမ့်မန်းကျေးရွာမှ (၇၅)ဦးတို့မှာ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့မှ စ၍ စစ်ဘေးရှောင် လာကြခြင်းဖြစ်ပြီး လက်ရှိတွင် ချုံဟောင်းကျေးရွာမှ ဒေသခံများ နေရပ်ပြန်သွားခြင်းဖြစ်ကြောင်း သိရသည်။

"နမ့်မန်းကျေးရွာက စစ်ဘေးရှောင် (၇၅) ဦးကတော့ သုစိတ္တကာရုံကျောင်းတိုက်မှာ ကျန်နေသေးတယ်။ သူတို့အတွက် စားနပ်ရိက္ခါနဲ့ အခြေခံလိုအပ်ချက်တွေကို ကျောက်မဲစစ်ဘေးရှောင်ကော်မတီကနေပဲ ထောက်ပံ့ပေးထားပါတယ်။ ပြန်သွားတဲ့သူတွေအတွက်လည်း ထောက်ပံ့မှုအချို့ပေးထားပါတယ်" ဟု ကျောက်မဲစစ်ဘေးရှောင်ကော်မတီမှ ဦးတင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါကျေးရွာများအနီး တစ်ဝိုက်တွင် SSPP/ SSA၊TNLA ပူးပေါင်းအဖွဲ့နှင့် RCSS/SSA တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့သဖြင့် ဒေသခံများ တိုက်ပွဲရှောင်လာကြခြင်းဖြစ်ပြီးနောက် တစ်လနီးပါးအကြာတွင် နယ်မြေအေးချမ်းသွားသည်ဟု ယူဆကြသည့်အတွက် ဒီဇင်ဘာလ (၆) ရက်နေ့တွင် ချုံဟောင်းကျေးရွာမှ ဒေသခံများမှာ နေရပ်သို့ပြန်သွားကြခြင်းဖြစ်ကြောင်း သိရသည်။

နေရပ်ပြန်သူများကို တစ်ဦးလျှင် ကျပ် (၅၀၀၀)နှင့် ဆန်၊ ရိက္ခါတို့ကို ကျောက်မဲစစ်ဘေးရှောင်ကော်မတီက ကူညီထောက်ပံ့မှုပေးခဲ့ပြီး ကျောက်မဲကမ္ဘောဇဘဏ်ခွဲက အနွေးထည်များ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ကျောက်မဲတွင် ၂၀၁၆ ခုနှစ်က စစ်ဘေးရှောင်ဦးရေ (၃၆၀၀) ကျော်အထိ စံချိန်တင်ရောက်ရှိခဲ့ပြီး စစ်ဘေးရှောင်စခန်း (၁၂) ခု ဖွင့်လှစ်လက်ခံခဲ့ရသည့် ဖြစ်စဉ်ရှိခဲ့ကြောင်း ကော်မတီထံမှ သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - စောမင်းကြူ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~