ကြတ္ခိုင္ ႏွင့္ မူဆယ္အၾကားရွိ ေက်းရြာအုပ္စု(၄)စု ဆက္သြယ္ထားသည့္ လမ္းပိုင္းအား နယ္ေျမလံုၿခံုေရး အေျခအေနေၾကာင့္ လမ္းအဆင့္ျမႇင့္တင္ေပးႏိုင္မႈ မေဆာင္ရြက္ႏိုင္ေသး

ကြတ္ခိုင္ ႏွင့္ မူဆယ္အၾကားရွိ ေက်းရြာအုပ္စု(၄)စု ဆက္သြယ္ထားသည့္ လမ္းပိုင္းအား နယ္ေျမလံုၿခံုေရး အေျခအေနေၾကာင့္ လမ္းအဆင့္ျမႇင့္တင္ေပးႏိုင္မႈ မေဆာင္ရြက္ႏိုင္ေသး
ဒီဇင်ဘာ 5, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ကြတ္ခိုင္ၿမိဳ႕နယ္ ႏွင့္ မူဆယ္ၿမိဳ႕နယ္အၾကား ေက်းရြာအုပ္စု(၄)စုအား ဆက္သြယ္ ထားသည့္ လမ္းပိုင္းကို ကတၱရာလမ္းအျဖစ္ အဆင့္ျမႇင့္တင္ျခင္းကိစၥ နယ္ေျမလုံျခံဳေရး အေျခအေနအရ အခက္အခဲရွိေန၍ လတ္တေလာတြင္ ေဆာင္ရြက္ေပးႏိုင္ျခင္း မရွိေသးေၾကာင္း သိရသည္။

မူဆယ္ခရုိင္၊ ကြက္ခိုင္ၿမိဳ႕နယ္တြင္းမွ မိုင္းစီးေက်းရြာအုပ္စု၊ မိုင္းဟြမ္ေက်းရြာအုပ္စု ၊ မိုင္းယေက်းရြာအုပ္စု ႏွင့္ မူဆယ္ၿမိဳ႕နယ္ မုံးကိုးေက်းရြာအုပ္စုအထိ ေက်းရြာအုပ္စု(၄)စု ဆက္သြယ္ထားေသာ လမ္းပိုင္းမွာ အရွည္ (၅၆)မိုင္ခန႔္ ရွည္လ်ားၿပီး  သြားလာရ ခက္ေနသည့္ အတြက္ အဆိုပါ လမ္းပိုင္းအား ျပဳျပင္ေပးရန္ ေဒသခံမ်ားမွ တင္ျပေတာင္းခံလာျခင္း ကိစၥႏွင့္ ပတ္သက္၍ ၂၀၁၈ခုႏွစ္ ဒီဇင္ဘာလ (၅)ရက္ေန႔တြင္ က်င္းပ ျပဳလုပ္သည့္ ဒုတိယအႀကိမ္ အမ်ိဳးသားလႊတ္ေတာ္ ဒသမပုံမွန္ အစည္းအေဝးတြင္ ရွမ္းျပည္နယ္ မဲဆႏၵနယ္ အမွတ္(၃) မွ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းဝမ္းလိႈင္းခမ္းက ေမးခြန္း ေမးျမန္းလိုက္ျခင္း ျဖစ္သည္။

"ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း ေက်းရြာအုပ္စု(၃)စုမွ ေက်းရြာေပါင္း(၄၈)ရြာ၊ အိမ္ေျခေပါင္း(၂,၁၇၃)အိမ္ (၁၃,၇၁၄)ဦး အတြက္ ေဒသဖြံ႔ၿဖဳိးေရး အက်ဳိး ျဖစ္ထြန္းေစမည့္ အျပင္ မူဆယ္ၿမိဳ႕နယ္ မံုးကိုးေက်းရြာအုပ္စု အတြင္းရွိ ေက်းရြာေနသူမ်ား အတြက္ပါ ေဒသဖြံ႔ၿဖဳိးေရး အက်ဳိးျဖစ္ထြန္းေစမည္ ျဖစ္သည့္ အတြက္ အဆိုပါ လမ္းအား အဆင့္ျမႇင့္တင္ ျပဳျပင္ေပးရန္ အစီအစဥ္ ရွိမရွိ ႏွင့္ အစီအစဥ္ရွိပါက မည္သည့္ ဘ႑ာေရး ႏွစ္တြင္ ေဆာင္ရြက္သြားမည္ကို သိရွိလိုပါေၾကာင္း"ေမးျမန္းျခင္းျဖစ္သည္။

"ကြ်န္ေတာ္တို႔ မူဆယ္ခရုိင္ကေန အငယ္တန္းအင္ဂ်င္နီယာ(၂) ၿမိဳ႕ျပ ဦးညီညီခိုင္ လြန္ခဲ့တဲ့ ေလးႏွစ္ေလာက္ကေန ၿပီးေတာ့ လမ္းလုပ္ငန္းေတြ ေဆာင္ရြက္ေနရင္း မည္သည့္ အဖြဲ႕အစည္းကမွန္း မသိတဲ့ အဖြဲ႕ကေန ဖမ္းဆီး သြားခဲ့ပါတယ္။ ယေန႔ထိ အသက္ရွင္လား အသက္ရွင္လွ်က္ရွိ မရွိ သတင္းမၾကားတဲ့ အတြက္ သုံးႏွစ္ျပည့္တဲ့ အခါ သတင္း အစအန မရေတာ့တဲ့ အတြက္ ကြယ္လြန္သည္ဟု ယူဆၿပီး တာ၀န္က ရပ္စဲလိုက္ရတဲ့ အျဖစ္မ်ဳိးလည္း ရွိပါတယ္၊ လက္ရွိမွာလည္း တာဝန္ထမ္းေဆာင္ေနတဲ့ လုပ္သားေတြကို ဖမ္းဆီးေခၚေဆာင္ သြားၿပီးမွ ျပန္လႊတ္ေပးတာေတြလည္း ရွိပါတယ္။ ဒါေၾကာင့္မို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတာ္ႀကီး ေမးျမန္းထားတဲ့ လမ္းပိုင္းမွာ လက္ရွိအေန အေျခအေနမွာေတာ့ လုံျခံဳေရး အေျခအေနအရ အခက္အခဲေလးရွိေနပါေသးတယ္၊  နယ္ေျမေအးခ်မ္းသြားၿပီ ဆိုရင္ေတာ့ ကြ်န္ေတာ္တို႔ အဖြဲ႔ေတြ ၀င္ေရာက္ၿပီးေတာ့မွ လမ္းအဆင့္ျမႇင့္တင္ျခင္း လုပ္ငန္းမ်ားကို ေဆာင္ရြက္ ေပးသြားမွာ ျဖစ္ပါတယ္"ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေက်ာ္လင္း က ျပန္လည္ ေျဖၾကားခဲ့သည္။

ယခင္က အဆိုပါ လမ္းပိုင္းမွာ ရွမ္းျပည္နယ္အစိုးရမွ စီမံခန္႔ခြဲေသာ ေဆာက္လုပ္ေရးဝန္ႀကီးဌာနပိုင္ လမ္းျဖစ္ၿပီး လက္ရွိတြင္ ေျမသာလမ္း အျဖစ္ ေန႔စဥ္ ယာဥ္အစီးေရ (၄၀) ေက်ာ္ ျဖတ္သန္း သြားလာ လ်က္ရွိၿပီး ၂၀၁၅ ခုႏွစ္ေနာက္ပိုင္းမွစ၍ နယ္ေျမလုံျခံဳေရး အေျခအေနအရ လုပ္ငန္းဝင္ေရာက္ ေဆာင္ရြက္ႏိုင္ျခင္း မရွိပဲ သာမာန္ျပင္ဆင္ ထိန္းသိမ္းျခင္းမ်ားကိုသာ ေဆာင္ရြက္ခဲ့ရေၾကာင္း  သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နှင့် မူဆယ်မြို့နယ်အကြား ကျေးရွာအုပ်စု(၄)စုအား ဆက်သွယ် ထားသည့် လမ်းပိုင်းကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းကိစ္စ နယ်မြေလုံခြုံရေး အခြေအနေအရ အခက်အခဲရှိနေ၍ လတ်တလောတွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

မူဆယ်ခရိုင်၊ ကွက်ခိုင်မြို့နယ်တွင်းမှ မိုင်းစီးကျေးရွာအုပ်စု၊ မိုင်းဟွမ်ကျေးရွာအုပ်စု၊ မိုင်းယကျေးရွာအုပ်စု နှင့် မူဆယ်မြို့နယ် မုံးကိုးကျေးရွာအုပ်စုအထိ ကျေးရွာအုပ်စု(၄)စု ဆက်သွယ်ထားသော လမ်းပိုင်းမှာ အရှည် (၅၆)မိုင်ခန့် ရှည်လျားပြီး သွားလာရ ခက်နေသည့် အတွက် အဆိုပါ လမ်းပိုင်းအား ပြုပြင်ပေးရန် ဒေသခံများမှ တင်ပြတောင်းခံလာခြင်း ကိစ္စနှင့် ပတ်သက်၍ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့တွင် ကျင်းပ ပြုလုပ်သည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေးတွင် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၃) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝမ်းလှိုင်းခမ်းက မေးခွန်း မေးမြန်းလိုက်ခြင်း ဖြစ်သည်။

"ကွတ်ခိုင်မြို့နယ်အတွင်း ကျေးရွာအုပ်စု(၃)စုမှ ကျေးရွာပေါင်း(၄၈)ရွာ၊ အိမ်ခြေပေါင်း(၂,၁၇၃)အိမ် (၁၃,၇၁၄)ဦး အတွက် ဒေသဖွံ့ဖြိုးရေး အကျိုး ဖြစ်ထွန်းစေမည့် အပြင် မူဆယ်မြို့နယ် မုံးကိုးကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာနေသူများ အတွက်ပါ ဒေသဖွံ့ဖြိုးရေး အကျိုးဖြစ်ထွန်းစေမည် ဖြစ်သည့် အတွက် အဆိုပါ လမ်းအား အဆင့်မြှင့်တင် ပြုပြင်ပေးရန် အစီအစဉ် ရှိမရှိ နှင့် အစီအစဉ်ရှိပါက မည်သည့် ဘဏ္ဍာရေး နှစ်တွင် ဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း"မေးမြန်းခြင်းဖြစ်သည်။

"ကျွန်တော်တို့ မူဆယ်ခရိုင်ကနေ အငယ်တန်းအင်ဂျင်နီယာ(၂) မြို့ပြ ဦးညီညီခိုင် လွန်ခဲ့တဲ့ လေးနှစ်လောက်ကနေ ပြီးတော့ လမ်းလုပ်ငန်းတွေ ဆောင်ရွက်နေရင်း မည်သည့် အဖွဲ့အစည်းကမှန်း မသိတဲ့ အဖွဲ့ကနေ ဖမ်းဆီး သွားခဲ့ပါတယ်။ ယနေ့ထိ အသက်ရှင်လား အသက်ရှင်လျှက်ရှိ မရှိ သတင်းမကြားတဲ့ အတွက် သုံးနှစ်ပြည့်တဲ့ အခါ သတင်း အစအန မရတော့တဲ့ အတွက် ကွယ်လွန်သည်ဟု ယူဆပြီး တာဝန်က ရပ်စဲလိုက်ရတဲ့ အဖြစ်မျိုးလည်း ရှိပါတယ်၊ လက်ရှိမှာလည်း တာဝန်ထမ်းဆောင်နေတဲ့ လုပ်သားတွေကို ဖမ်းဆီးခေါ်ဆောင် သွားပြီးမှ ပြန်လွှတ်ပေးတာတွေလည်း ရှိပါတယ်။ ဒါကြောင့်မို့ လွှတ်တော်ကိုယ်စားလှယ်တော်ကြီး မေးမြန်းထားတဲ့ လမ်းပိုင်းမှာ လက်ရှိအနေ အခြေအနေမှာတော့ လုံခြုံရေး အခြေအနေအရ အခက်အခဲလေးရှိနေပါသေးတယ်၊ နယ်မြေအေးချမ်းသွားပြီ ဆိုရင်တော့ ကျွန်တော်တို့ အဖွဲ့တွေ ဝင်ရောက်ပြီးတော့မှ လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်"ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း က ပြန်လည် ဖြကြေားခဲ့သည်။

ယခင်က အဆိုပါ လမ်းပိုင်းမှာ ရှမ်းပြည်နယ်အစိုးရမှ စီမံခန့်ခွဲသော ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် လမ်းဖြစ်ပြီး လက်ရှိတွင် မြေသာလမ်း အဖြစ် နေ့စဉ် ယာဉ်အစီးရေ (၄၀) ကျော် ဖြတ်သန်း သွားလာ လျက်ရှိပြီး ၂၀၁၅ ခုနှစ်နောက်ပိုင်းမှစ၍ နယ်မြေလုံခြုံရေး အခြေအနေအရ လုပ်ငန်းဝင်ရောက် ဆောင်ရွက်နိုင်ခြင်း မရှိပဲ သာမာန်ပြင်ဆင် ထိန်းသိမ်းခြင်းများကိုသာ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~