တာခ်ီလိတ္ၿမိဳ႕နယ္ ဟိုတယ္ေပါင္းစံု ေဘာလံုးၿပိဳင္ပြဲ၏ ဗိုလ္လုပြဲတြင္ ဇန္းမြန္ႏွင့္ အလူရာ အသင္းတုိ႔ ယွဥ္ၿပိဳင္မည္

တာခ်ီလိတ္ၿမိဳ႕နယ္ ဟိုတယ္ေပါင္းစံု ေဘာလံုးၿပိဳင္ပြဲ၏ ဗိုလ္လုပြဲတြင္ ဇန္းမြန္ႏွင့္ အလူရာ အသင္းတုိ႔ ယွဥ္ၿပိဳင္မည္
ဒီဇင်ဘာ 30, 2018
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္ ဟိုတယ္ေပါင္းစံု ေဘာလံုးၿပိဳင္ပြဲ၏ ဗိုလ္လုပြဲအျဖစ္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၃၁)ရက္ေန႔ ညေန(၃)နာရီတြင္ ဇန္းမြန္ဟိုတယ္အသင္းႏွင့္ အလူရာဟိုတယ္အသင္းတို႔ ၿမိဳ႕နယ္အားကစားကြင္းတြင္ ယွဥ္ၿပိဳင္ၾကမည္ျဖစ္သည္။

“မနက္ျဖန္က ဇန္းမြန္ နဲ႔ အလူရာ ကိုယ္စားျပဳအသင္းေတြ ၿပိဳင္ၾကမွာပါ။ ညေန (၃)နာရီ ၿမိဳ႕မေဘာလံုးကြင္းမွာ ယွဥ္ၿပိဳင္ၾကမွာပါ”ဟု  တာခ်ီလိတ္ ၿမိဳ႕နယ္အားကစားမွဴး ဦးသန္းလိႈင္က တာခ်ီိလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ဟိုတယ္ေပါင္းစံု အမ်ိဳးသား(အလြတ္တန္း) ေဘာလံုးပြဲကို ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၁၄)ရက္ေန႔မွစ၍ က်င္းပလာျခင္းျဖစ္ၿပီး ၿမိဳ႕နယ္အတြင္းရိွ အလူရာ၊ ဇန္းမြန္၊ ေရႊဘူးသီး၊ ဖီးနစ္(စ္)၊ 1G1၊ Regina၊ SP ေရႊျမန္မာ၊ မဲေခါင္ျမစ္ ဟိုတယ္  စသည့္ ဟိုတယ္(၈)ခုကိုယ္စားျပဳအသင္းမ်ား ယွဥ္ၿပိဳင္ ေနၾကျခင္းျဖစ္သည္။

အဆိုပါ အသင္း(၈)သင္းအနက္ အုပ္စု (က)မွ အလူရာဟိုတယ္အသင္းႏွင့္ ဇန္းမြန္ဟိုတယ္အသင္းတို႔ ဗိုလ္လုပြဲတက္လာၾကျခင္းျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕နယ္ အားကစားႏွင့္ ကာယာပညာဦးစီးဌာနက ႀကီးမွဴး၍ ကေလး၊ လူငယ္၊ လူႀကီး၊ အလြတ္တန္း၊ ဌာနဆိုင္ရာ၊ ေလေၾကာင္း၊ ဆုိင္ကယ္ကယ္ရီအဖြဲ႕မ်ား၏ အားကစားၿပိဳင္ပြဲမ်ားကို က်င္းပေပးခဲ့ၿပီးေနာက္ ၂၀၁၈ ခုႏွစ္အတြက္ ေနာက္ဆံုးပြဲၿပိဳင္ပြဲအျဖစ္ ဟိုတယ္ေပါင္းစံု ေဘာလံုးၿပိဳင္ပြဲကို က်င္းပေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ် ဟိုတယ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲအဖြစ် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်နေ့ ညနေ(၃)နာရီတွင် ဇန်းမွန်ဟိုတယ်အသင်းနှင့် အလူရာဟိုတယ်အသင်းတို့ မြို့နယ်အားကစားကွင်းတွင် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

“မနက်ဖြန်က ဇန်းမွန် နဲ့ အလူရာ ကိုယ်စားပြုအသင်းတွေ ပြိုင်ကြမှာပါ။ ညနေ (၃)နာရီ မြို့မဘောလုံးကွင်းမှာ ယှဉ်ပြိုင်ကြမှာပါ”ဟု တာချီလိတ် မြို့နယ်အားကစားမှူး ဦးသန်းလှိုင်က တာချိီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့နယ်ဟိုတယ်ပေါင်းစုံ အမျိုးသား(အလွတ်တန်း) ဘောလုံးပွဲကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၄)ရက်နေ့မှစ၍ ကျင်းပလာခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ အလူရာ၊ ဇန်းမွန်၊ ရွှေဘူးသီး၊ ဖီးနစ်(စ်)၊ 1G1၊ Regina၊ SP ရွှမြေန်မာ၊ မဲခေါင်မြစ် ဟိုတယ် စသည့် ဟိုတယ်(၈)ခုကိုယ်စားပြုအသင်းများ ယှဉ်ပြိုင် နကြခြေင်းဖြစ်သည်။

အဆိုပါ အသင်း(၈)သင်းအနက် အုပ်စု (က)မှ အလူရာဟိုတယ်အသင်းနှင့် ဇန်းမွန်ဟိုတယ်အသင်းတို့ ဗိုလ်လုပွဲတက်လာကြခြင်းဖြစ်သည်။

တာချီလိတ်မြို့နယ် အားကစားနှင့် ကာယာပညာဦးစီးဌာနက ကြီးမှူး၍ ကလေး၊ လူငယ်၊ လူကြီး၊ အလွတ်တန်း၊ ဌာနဆိုင်ရာ၊ လေကြောင်း၊ ဆိုင်ကယ်ကယ်ရီအဖွဲ့များ၏ အားကစားပြိုင်ပွဲများကို ကျင်းပပေးခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်အတွက် နောက်ဆုံးပွဲပြိုင်ပွဲအဖြစ် ဟိုတယ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ကျင်းပပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~