ေတာင္ႀကီးၿမိဳ႕၌ လူ႔အခြင့္ေရးေန႔ပြဲအား ဗိုလ္ခ်ဳပ္ပန္းၿခံအတြင္း က်င္းပခြင့္မရ၍ ရႈခင္းသာပန္းျခံတြင္ ေျပာင္းလဲ က်င္းပမည္

ေတာင္ႀကီးၿမိဳ႕၌ လူ႔အခြင့္ေရးေန႔ပြဲအား ဗိုလ္ခ်ဳပ္ပန္းၿခံအတြင္း က်င္းပခြင့္မရ၍ ရႈခင္းသာပန္းျခံတြင္ ေျပာင္းလဲ က်င္းပမည္
ဒီဇင်ဘာ 5, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕တြင္ လူ႔အခြင့္အေရးေန႔အထိမ္းအမွတ္ အခမ္းအနားကို ဗိုလ္ခ်ဳပ္ပန္းၿခံအတြင္း၌ က်င္းပခြင့္မျပဳသျဖင့္ ရႈခင္းသာပန္းၿခံတြင္ ေျပာင္းလဲက်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

"ေခါင္းစဥ္ေျပာင္းၿပီး တင္ၾကည့္ပါလားလို႔ ေျပာေပမဲ့ ကြ်န္မတို႔ ေခါင္းစဥ္ေတာ့မေျပာင္းႏိုင္ဘူးေပါ့ေလ။ ႏွစ္အဆက္ဆက္ အဲဒီလိုေျပာင္းၿပီး က်င္းပလာရတာ။ ဒီအစိုးရလက္ထပ္မွာေတာ့ မေျပာင္း ခ်င္ေတာ့ဘူးေပါ့။ ခြင့္မျပဳတာကို ျပန္ရွင္းျပဖို႕ စာတင္ထားေပမဲ့ အစိုးရကေတာ့ ဘာမွ အေၾကာင္းျပန္မလာဘူးေပါ့။ ကၽြန္မတို႔က နာမည္အခ်ိန္းအေျပာင္းလည္း မလုပ္ႏိုင္ဘူး။ ကၽြန္မတို႔က လူ႔အခြင့္အေရးေန႔ လုပ္မွာေပါ့ေလ။ ရႈခင္းသာပန္းၿခံမွာ လုပ္ဖို႔ စီစဥ္လိုက္တာ။ အဓိကေတာ့ ကၽြန္မတို႔ ေပးခ်င္တဲ့ မက္ေဆ့ေတြကို လူေတြ သိသြားေအာင္ လုပ္ခ်င္တာေပါ့။ ပန္းၿခံက ပုဂၢလိကပိုင္ဆိုေတာ့ ပိုင္ရွင္နဲ႔ပဲညိႇၿပီး စီစဥ္လိုက္တာပါ “ ဟု Human Right Educator Network ေတာင္ႀကီး တာဝန္ခံ ေဒၚႏွင္းနႏၵာေအာင္က  တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဒီဇင္ဘာလ (၁၀) ရက္ေန႔တြင္ က်ရာက္မည့္ လူ႔အခြင့္အေရးေန႔ အခမ္းအနားအား ေတာင္ႀကီးၿမိဳ႕ ဗုိလ္ခ်ဳပ္ပန္းၿခံအတြင္း က်င္းပခြင့္ျပဳရန္ ၂၀၁၈ ခုႏွစ္၊ ႏုိဝင္ဘာလ (၁၆) ရက္ေန႔က ရွမ္းျပည္နယ္အစိုးရထံ တင္ျပခဲ့ရာတြင္ အမ်ားျပည္သူအပန္းေျဖေနရာျဖစ္သျဖင့္ ေဖ်ာ္ေျဖခြင့္ မျပဳႏိုင္ေၾကာင္း ႏိုဝင္ဘာလ ၂၆ ရက္ေန႕တြင္  ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ အေၾကာင္းျပန္ျခင္းျဖစ္ေၾကာင္း သိရသည္။

ေတာင္ႀကီးၿမိဳ႕ ရႈခင္းသာပန္းၿခံတြင္ ျပဳလုပ္မည့္ ႏိုင္ငံတကာ လူ႔အခြင့္အေရးေန႔အခမ္းအနားတြင္ အဆိုေတာ္ ေစာဖိုးခြားႏွင့္အတူ ေတာင္ႀကီးေဒသခံ အဆိုေတာ္မ်ား ပါဝင္ေဖ်ာ္ေျဖမည္ ျဖစ္ၿပီး လူ႔အခြင့္အေရး သမိုင္းေၾကာင္းႏွင့္  အခ်က္အလက္မ်ားအား အသိပညာေပးျခင္း၊ အေမးအေျဖျပဳလုပ္ျခင္း ၊လူ႔အခြင့္အေရး ပညာေပး မွတ္တမ္းရုပ္ရွင္မ်ား ျပသျခင္းတို႔ ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် လူ့အခွင့်အရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ဗိုလ်ချုပ်ပန်းခြံအတွင်း၌ ကျင်းပခွင့်မပြုသဖြင့် ရှုခင်းသာပန်းခြံတွင် ပြောင်းလဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

"ခေါင်းစဉ်ပြောင်းပြီး တင်ကြည့်ပါလားလို့ ပြောပေမဲ့ ကျွန်မတို့ ခေါင်းစဉ်တော့မပြောင်းနိုင်ဘူးပေါ့လေ။ နှစ်အဆက်ဆက် အဲဒီလိုပြောင်းပြီး ကျင်းပလာရတာ။ ဒီအစိုးရလက်ထပ်မှာတော့ မပြောင်း ချင်တော့ဘူးပေါ့။ ခွင့်မပြုတာကို ပြန်ရှင်းပြဖို့ စာတင်ထားပေမဲ့ အစိုးရကတော့ ဘာမှ အကြောင်းပြန်မလာဘူးပေါ့။ ကျွန်မတို့က နာမည်အချိန်းအပြောင်းလည်း မလုပ်နိုင်ဘူး။ ကျွန်မတို့က လူ့အခွင့်အရေးနေ့ လုပ်မှာပေါ့လေ။ ရှုခင်းသာပန်းခြံမှာ လုပ်ဖို့ စီစဉ်လိုက်တာ။ အဓိကတော့ ကျွန်မတို့ ပေးချင်တဲ့ မက်ဆေ့တွေကို လူတွေ သိသွားအောင် လုပ်ချင်တာပေါ့။ ပန်းခြံက ပုဂ္ဂလိကပိုင်ဆိုတော့ ပိုင်ရှင်နဲ့ပဲညှိပြီး စီစဉ်လိုက်တာပါ “ ဟု Human Right Educator Network တောင်ကြီး တာဝန်ခံ ဒေါ်နှင်းနန္ဒါအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ကျရာက်မည့် လူ့အခွင့်အရေးနေ့ အခမ်းအနားအား တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံအတွင်း ကျင်းပခွင့်ပြုရန် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့က ရှမ်းပြည်နယ်အစိုးရထံ တင်ပြခဲ့ရာတွင် အများပြည်သူအပန်းဖြေနေရာဖြစ်သဖြင့် ဖျော်ဖြေခွင့် မပြုနိုင်ကြောင်း နိုဝင်ဘာလ ၂၆ ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးဌာနမှ အကြောင်းပြန်ခြင်းဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့ ရှုခင်းသာပန်းခြံတွင် ပြုလုပ်မည့် နိုင်ငံတကာ လူ့အခွင့်အရေးနေ့အခမ်းအနားတွင် အဆိုတော် စောဖိုးခွားနှင့်အတူ တောင်ကြီးဒေသခံ အဆိုတော်များ ပါဝင်ဖျော်ဖြေမည် ဖြစ်ပြီး လူ့အခွင့်အရေး သမိုင်းကြောင်းနှင့် အချက်အလက်များအား အသိပညာပေးခြင်း၊ အမေးအဖြပြေုလုပ်ခြင်း၊လူ့အခွင့်အရေး ပညာပေး မှတ်တမ်းရုပ်ရှင်များ ပြသခြင်းတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~