တာချီလိတ်မြို့နယ်အတွင်း မီးဘေးအန္တရယ်အသိပညာပေးမှုအဖြစ် ကျောင်းသား ကျောင်းသူများအား ဆက်လက်၍ အသိပညာပေးသွားမည်

တာချီလိတ်မြို့နယ်အတွင်း မီးဘေးအန္တရယ်အသိပညာပေးမှုအဖြစ် ကျောင်းသား ကျောင်းသူများအား ဆက်လက်၍ အသိပညာပေးသွားမည်
ဒီဇငျဘာ 11, 2018
By Tachileik News Agency

မီးဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ပတ်သက်၍ ကျောင်းသား ကျောင်းသူများအနေဖြင့် သိရှိရန်အတွက် တာချီလိတ်မြို့နယ်မီးသတ်တပ်ဖွဲ့မှ အသိပညာပေးမှုများ ပြုလုပ်နေပြီး ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ဒါကတော့ ပထမဆုံးကျောင်းဖြစ်ပါတယ်၊ နောက်ထပ်ကျောင်းတွေမှာလည်း ဒီလိုတွေ လုပ်ဖို့ ချိတ်ထားတာ ရှိပါတယ်၊ နောက်ပြီး ဆေးဖြတ်စခန်းတွေဖြစ်တဲ့ ပြန်လည်ထူထောင်ရေးစခန်းတွေမှာလည်း မီးသတ်ပညာနဲ့ပတ်သက်ပြီး ဟောပြောပွဲတွေ ဆောင်ရွက်ဖို့ရှိပါတယ်"ဟု တာချီလိတ်မြို့နယ် မီးသတ် ဦးစီးဌာနမှူး ဦးအောင်ဇော်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။



Tachileik News Agency



~~~~~~~~⊰❂ unicode ~~~~~~~~

မီးဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ပတ်သက်၍ ကျောင်းသား ကျောင်းသူများအနဖြေင့် သိရှိရန်အတွက် တာချီလိတ်မြို့နယ်မီးသတ်တပ်ဖွဲ့မှ အသိပညာပေးမှုများ ပြုလုပ်နပြေီး ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ဒါကတော့ ပထမဆုံးကျောင်းဖြစ်ပါတယ်၊ နောက်ထပ်ကျောင်းတွေမှာလည်း ဒီလိုတွေ လုပ်ဖို့ ချိတ်ထားတာ ရှိပါတယ်၊ နောက်ပြီး ဆေးဖြတ်စခန်းတွဖြေစ်တဲ့ ပြန်လည်ထူထောင်ရေးစခန်းတွေမှာလည်း မီးသတ်ပညာနဲ့ပတ်သက်ပြီး ဟောပြောပွဲတွေ ဆောင်ရွက်ဖို့ရှိပါတယ်"ဟု တာချီလိတ်မြို့နယ် မီးသတ် ဦးစီးဌာနမှူး ဦးအောင်ဇော်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောင်းသား၊ ကျောင်းသူများအား မီးသတ်တပ်ဖွဲ့မှ ပထမဆုံးအကြိမ် အသိပညာပေးမှုအဖြစ် တာချီလိတ်မြို့နယ် မီးသတ်ဦးစီးဌာနမှူး ဦးအောင်ဇော်လင်း ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက တာချီလိတ်မြို့နယ် မိုင်းဖုန်း(က)ကျေးရွာအုပ်စုအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ(ဝမ်ပုံ)တွင် ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၁၂)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

အသိပညာ ပေးမှုများပြုလုပ်ရာတွင် မီးလောင်မှုဖြစ်စဉ်များနှင့် ပတ်သက်၍ မီးအတန်းအစားခွဲခြားခြင်း၊ ရိုးရိုးမီးလောင်းနိုင်သော အကြောင်းအရာများ၊ မီးလောင်လွယ်ကူသော အကြောင်းအရာများ၊ မီးလောင်နိုင်သော သတ္တုအမျိုးအစား အကြောင်းအရာများ၊ လျှပ်စစ်မီးကြောင့် မီးလောင်မှုဖြစ်ပေါ်စေသော အကြောင်းအရာများကို အသိပညာပေး ရှင်းလင်းဟောပြောပြီးနောက် လက်တွေ့မီးငြှိမ်းသတ်ခြင်းကိုလည်း သရုပ်ပြစေခဲ့ကြောင်း သိရသည်

Tachileik News Agency
ဓာတ်ပုံ - မြို့နယ်မီးသတ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~