ရန္ကုန္ၿမိဳ႕ ၃၅ လမ္း ေနာက္ေဖးလမ္းၾကားမွ အမိႈက္ကင္းစင္လမ္းၾကားဥယ်ာဥ္တြင္ စာၾကည့္တုိက္ ဖြင့္လွစ္မည္

ရန္ကုန္ၿမိဳ႕ ၃၅ လမ္း ေနာက္ေဖးလမ္းၾကားမွ အမိႈက္ကင္းစင္လမ္းၾကားဥယ်ာဥ္တြင္ စာၾကည့္တုိက္ ဖြင့္လွစ္မည္
ဒီဇင်ဘာ 1, 2018
By Tachileik News Agency
ရန္ကုန္ၿမိဳ႕ ေက်ာက္တံတားၿမိဳ႕နယ္ (၃၅) လမ္း (၂) ရပ္ကြက္ႏွင့္ (၃) ရပ္ကြက္ၾကားရွိ ေနာက္ေဖးလမ္းၾကားတြင္ အမိႈက္ကင္းစင္ လမ္းၾကား ဥယ်ာဥ္ေဆာင္ရြက္ထားၿပီးေနာက္ ေရရွည္တြင္ လမ္းၾကားသန္႔ရွင္း သာယာလွပေရးအတြက္ လက္ဖက္သုပ္ စကားဝိုင္းမ်ား လုပ္ေဆာင္ေနၿပီး စာၾကည့္တိုက္မ်ားပါ ဖြင့္လွစ္သြားရန္ အစီအစဥ္ရွိေၾကာင္း သိရသည္။

“ပိုၿပီးသန္႔ရွင္းတဲ့ စိတ္ခ်ရတဲ့ လူေနလို႔ရတဲ့ ေနရာတစ္ခုျဖစ္ေအာင္ ဖန္တီးထားတာပါ။ ဒီပြင့္လင္း ရာသီမွာလည္း ေနာက္ထပ္ ေနာက္ေဖးလမ္းၾကားေတြကို အခုလို ဖန္တီးဖို႔ Surveyေတြ လုပ္သြားဖို႔ ရွိပါတယ္“ ဟု ဦးေဆာင္ ေဆာင္ရြက္ေနသည့္ ဒို႔အိမ္အဖြဲ႕မွ Project Manager Thomas Sale  က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လက္ရွိတြင္ အမိႈက္ကင္းစင္လမ္းၾကားဥယ်ာဥ္အား ေန႔စဥ္ ေန႔လယ္ (၁၂) နာရီမွ (၂) နာရီထိသာ ပိတ္ထားၿပီး က်န္အခ်ိန္မ်ားတြင္ ပုံမွန္ ဖြင့္လွစ္ေပးထားျခင္းျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္ၿမိဳ႕ရိွ အေဆာက္အအံုမ်ား၏ ေနာက္ေဖးလမ္းၾကားမ်ားတြင္ စြန္႔ပစ္အမိႈက္မ်ား စည္းကမ္းမဲ့ စြန္႔ပစ္မႈမ်ား ရိွေနသျဖင့္ ရွင္းလင္းၿပီး နံရံပန္းခ်ီမ်ား၊ အသုံးမျပဳေတာ့သည့္ပစၥည္းမ်ားျဖင့္ ပန္းစိုက္ပ်ိဳးစင္မ်ား ျပဳလုပ္၍ သစ္ပင္ပန္းစိုက္ပ်ိဳးဥယ်ာဥ္မ်ားဖန္တီးျခင္းတို႔ကို ဒို႔အိမ္အဖြဲ႕က ရပ္ကြက္တာဝန္ရိွသူမ်ားျဖင့္ ပူးေပါင္း လုပ္ေဆာင္ခဲ့ျခင္းျဖစ္ၿပီး ပံုမွန္အမိႈက္ရွင္းလင္းျခင္းကိုလည္း ေဆာင္ရြက္ေနေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ ေန႔လယ္ခဏပိတ္တာက ဒီခ်ိန္ေတြမွာ လူႀကီးေတြ၊ နာတာရွည္က်န္းမာေရးမေကာင္းတဲ့ လူႀကီးေတြ အိပ္ခ်ိန္ေတြမွာ အေႏွာက္ယွက္ျဖစ္မွာစိုးလို႔ပါ။  ညေနဆို ဒီနားတစ္ဝိုက္က ကေလးေတြ အကုန္ လာေဆာ့ၾကတယ္။ ဒီမွာ ျခင္းလုံးခတ္တယ္။ ေဘာလုံးကန္တယ္ေပါ့။ ဒီလိုျပဳျပင္ၿပီး သန္႔ရွင္းေအာင္လုပ္ၿပီး ေနာက္ပိုင္း ျခင္ေတြ နည္းလာတယ္။ ၾကြက္ေတြနည္းလာတယ္ေပါ့။ အမႈိက္ေတြ အရင္ကဆို ဒူးေလာက္ထိ ျမဳပ္တယ္။ အရမ္းသိသာပါတယ္။ ဒို႔အိမ္အဖြဲ႕နဲ႕ ပူးေပါင္းၿပီး စာၾကည့္တိုက္ဖြင့္သြားဖို႕ရွိတယ္”ဟု ရပ္ကြက္မွေကာ္မတီဝင္တစ္ဦးက ေျပာသည္။

ဒို႔အိမ္အဖြဲ႕က ရန္ကုန္ၿမိဳ႕ရိွ ေနာက္ေဖးလမ္းၾကားမ်ားကို အမိႈက္ကင္းစင္လမ္းၾကား ဥယ်ာဥ္မ်ား ဆက္လက္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း
ဓါတ္ပံု - ကိုေဇာင္း



~~~~~~~~⊰❂ unicode ~~~~~~~~

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် (၃၅) လမ်း (၂) ရပ်ကွက်နှင့် (၃) ရပ်ကွက်ကြားရှိ နောက်ဖေးလမ်းကြားတွင် အမှိုက်ကင်းစင် လမ်းကြား ဥယျာဉ်ဆောင်ရွက်ထားပြီးနောက် ရေရှည်တွင် လမ်းကြားသန့်ရှင်း သာယာလှပရေးအတွက် လက်ဖက်သုပ် စကားဝိုင်းများ လုပ်ဆောင်နပြေီး စာကြည့်တိုက်များပါ ဖွင့်လှစ်သွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

“ပိုပြီးသန့်ရှင်းတဲ့ စိတ်ချရတဲ့ လူနေလို့ရတဲ့ နေရာတစ်ခုဖြစ်အောင် ဖန်တီးထားတာပါ။ ဒီပွင့်လင်း ရာသီမှာလည်း နောက်ထပ် နောက်ဖေးလမ်းကြားတွေကို အခုလို ဖန်တီးဖို့ Surveyတွေ လုပ်သွားဖို့ ရှိပါတယ်“ ဟု ဦးဆောင် ဆောင်ရွက်နေသည့် ဒို့အိမ်အဖွဲ့မှ Project Manager Thomas Sale က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် အမှိုက်ကင်းစင်လမ်းကြားဥယျာဉ်အား နေ့စဉ် နေ့လယ် (၁၂) နာရီမှ (၂) နာရီထိသာ ပိတ်ထားပြီး ကျန်အချိန်များတွင် ပုံမှန် ဖွင့်လှစ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ အဆောက်အအုံများ၏ နောက်ဖေးလမ်းကြားများတွင် စွန့်ပစ်အမှိုက်များ စည်းကမ်းမဲ့ စွန့်ပစ်မှုများ ရှိနေသဖြင့် ရှင်းလင်းပြီး နံရံပန်းချီများ၊ အသုံးမပြုတော့သည့်ပစ္စည်းများဖြင့် ပန်းစိုက်ပျိုးစင်များ ပြုလုပ်၍ သစ်ပင်ပန်းစိုက်ပျိုးဥယျာဉ်များဖန်တီးခြင်းတို့ကို ဒို့အိမ်အဖွဲ့က ရပ်ကွက်တာဝန်ရှိသူများဖြင့် ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပုံမှန်အမှိုက်ရှင်းလင်းခြင်းကိုလည်း ဆောင်ရွက်နေကြောင်း သိရသည်။

"ကျွန်တော်တို့ နေ့လယ်ခဏပိတ်တာက ဒီချိန်တွေမှာ လူကြီးတွေ၊ နာတာရှည်ကျန်းမာရေးမကောင်းတဲ့ လူကြီးတွေ အိပ်ချိန်တွေမှာ အနှောက်ယှက်ဖြစ်မှာစိုးလို့ပါ။ ညနေဆို ဒီနားတစ်ဝိုက်က ကလေးတွေ အကုန် လာဆော့ကြတယ်။ ဒီမှာ ခြင်းလုံးခတ်တယ်။ ဘောလုံးကန်တယ်ပေါ့။ ဒီလိုပြုပြင်ပြီး သန့်ရှင်းအောင်လုပ်ပြီး နောက်ပိုင်း ခြင်တွေ နည်းလာတယ်။ ကြွက်တွေနည်းလာတယ်ပေါ့။ အမှိုက်တွေ အရင်ကဆို ဒူးလောက်ထိ မြုပ်တယ်။ အရမ်းသိသာပါတယ်။ ဒို့အိမ်အဖွဲ့နဲ့ ပူးပေါင်းပြီး စာကြည့်တိုက်ဖွင့်သွားဖို့ရှိတယ်”ဟု ရပ်ကွက်မှကော်မတီဝင်တစ်ဦးက ပြောသည်။

ဒို့အိမ်အဖွဲ့က ရန်ကုန်မြို့ရှိ နောက်ဖေးလမ်းကြားများကို အမှိုက်ကင်းစင်လမ်းကြား ဥယျာဉ်များ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ - ကိုဇောင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~