တာခ်ီလိတ္ၿမိဳ႕ လြယ္စီတံုေအာက္ရြာတြင္ လူငယ္တစ္ဦးထံက စိတ္ၾကြေဆးျပား ေထာင့္သံုးရာေက်ာ္ ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ လြယ္စီတံုေအာက္ရြာတြင္ လူငယ္တစ္ဦးထံက စိတ္ၾကြေဆးျပား ေထာင့္သံုးရာေက်ာ္ ဖမ္းဆီးရမိ
ဒီဇင်ဘာ 5, 2018
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ ၀မ္လံုးေက်းရြာအုပ္စု၊ လြယ္စီတံု(ေအာက္)ရြာတြင္ လူငယ္တစ္ဦးထံက စိတ္ၾကြေဆးျပား (၁,၃၀၀)ေက်ာ္ကို ဖမ္းဆီးရမိ၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သက္ဆိုင္ရာရဲတပ္ဖြဲ႔၀င္မ်ားႏွင့္ ပူးေပါင္းအဖြဲ႔တို႔က မူးယစ္ေဆး၀ါးသတင္းအရ ၂၀၁၈ခုႏွစ္ ဒီဇင္ဘာလ(၅)ရက္ေန႔ ေန႔လည္ပိုင္းက  တာခ်ီလိတ္ၿမိဳ႕ ၊ ဝမ္လုံေက်းရြာအုပ္စု ၊ လြယ္စီတုံ(ေအာက္ရြာ) ရွိ ထက္စိုးလိႈင္၏ ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ ၎အား ေနအိမ္တြင္အသင့္ ေတြ႕ရွိရၿပီး ေနအိမ္ အိပ္ခန္းအတြင္း၌ Wy စာတမ္းပါ စိတ္ၾကြေဆးျပား စုစုေပါင္း (၁၃၆၀) ျပားအား ရွာေဖြ ေတြ႔ရွိရျခင္း ျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါး မ်ား နွင့္အတူ ဖမ္းဆီးရမိသည့္ အသက္(၁၉)ႏွစ္အရြယ္ ထက္စိုးလႈိင္ဆိုသူအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၂၃/၂၀၁၈၊  မူး/စိတ္ပုဒ္မ ၁၉(က)အရ အမႈဖြင့္အေရးယူ ထားရွိေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ လွယ်စီတုံ(အောက်)ရွာတွင် လူငယ်တစ်ဦးထံက စိတ်ကြွဆေးပြား (၁,၃၀၀)ကျော်ကို ဖမ်းဆီးရမိ၍ တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့တို့က မူးယစ်ဆေးဝါးသတင်းအရ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၅)ရက်နေ့ နေ့လည်ပိုင်းက တာချီလိတ်မြို့၊ ဝမ်လုံကျေးရွာအုပ်စု၊ လွယ်စီတုံ(အောက်ရွာ) ရှိ ထက်စိုးလှိုင်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ၎င်းအား နေအိမ်တွင်အသင့် တွေ့ရှိရပြီး နေအိမ် အိပ်ခန်းအတွင်း၌ Wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၁၃၆၀) ပြားအား ရှာဖွေ တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါး များ နှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၁၉)နှစ်အရွယ် ထက်စိုးလှိုင်ဆိုသူအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၁၂၃/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)အရ အမှုဖွင့်အရေးယူ ထားရှိကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~