ထိုင်းနိုင်ငံတွင် ဆေးခြောက်နှင့် ဘိန်းစာရွက် စိုက်ပျိုးထုတ်လုပ်သုံးစွဲရောင်းချခွင့် အတည်ပြုလိုက်သော်လည်း သတ်မှတ်ချက် ကျော်လွန်ပါက ထောင်ဒဏ် (၁၅)နှစ်အထိ ချမှတ်ခံရနိုင်

ထိုင်းနိုင်ငံတွင် ဆေးခြောက်နှင့် ဘိန်းစာရွက် စိုက်ပျိုးထုတ်လုပ်သုံးစွဲရောင်းချခွင့် အတည်ပြုလိုက်သော်လည်း သတ်မှတ်ချက် ကျော်လွန်ပါက ထောင်ဒဏ် (၁၅)နှစ်အထိ ချမှတ်ခံရနိုင်
ဒီဇင်ဘာ 26, 2018
By Tachileik News Agency





အဆိုပါ ဥပဒေပြဌာန်းချက်များကို ချိုးဖေါက်သူများ အနေဖြင့် လက်ဝယ်တွေ့ရှိသည့် ပမာဏပေါ်မူတည်၍ ထောင်ဒဏ် (၅)နှစ်မှ (၁၅)နှစ်အထိ လည်းကောင်း၊ ဘတ် (၁)သန်း အထိ ဒဏ်ငွေကို လည်းကောင်း ချမှတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဥပဒေကို အစိုးရက တရားဝင်ထုတ်ပြန်ပြီးသည့်ကာလတွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref; bangkokpost


~~~~~~~~⊰❂Unicode Version ~~~~~~~~

ထိုင်းနိုင်ငံတွင် ဆေးခြောက်နှင့် ဘိန်းစာရွက်တို့ကို စိုက်ပျိုးထုတ်လုပ်၊ သုံးစွဲရောင်းချခွင့်ပြုမည့် ဥပဒေကို ကန့်ကွက်မဲမရှိ အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

ဆေးခြောက်နှင့် ဘိန်းစာရွက်ထုတ်ကုန်များကို ဆေးဝါးအဖြစ် အသုံးပြုရန် စိုက်ပျိုး၊ ထုတ်လုပ်၊ တင်သွင်း၊ တင်ပို့၊ သုံးစွဲခွင့်များနှင့် ပတ်သက်၍ ပြင်ဆင်နေသည့် ဥပဒေကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၅)ရက်နေ့က ထောက်ခံမဲ (၁၆၆)မဲ၊ ကြားနေမဲ (၁၃)မဲနှင့် ကန့်ကွက်မဲမရှိ အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဥပဒေအရ တိုင်းရင်းဆေးနှင့် ဆေးပညာကုထုံးအရ ကုသမှု လိုအပ်ချက်အရ ဆရာဝန်များ၊ ဆေးပညာရှင်များက ထောက်ခံခွင့်ပြုသည့် ပမာဏကို လက်ဝယ်သယ်ဆောင်ခွင့်ပြုထားမည်ဖြစ်ကြောင်း သိရသည်။

ဆေးခြောက်နှင့် ဘိန်းစာရွက်ပင်များ စိုက်ပျိုးထုတ်လုပ်ခြင်း၊ တင်ပို့ခြင်း၊ တင်သွင်းခြင်း၊ ရောင်းဝယ်ခြင်း တို့ကို ဆေးပညာ၊ စိုက်ပျိုးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနလုပ်ငန်းများဆောင်ရွက်သည့် အစိုးရ အဖွဲ့အစည်းများနှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီးက ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဥပဒပြေဌာန်းချက်များကို ချိုးဖောက်သူများ အနဖြေင့် လက်ဝယ်တွေ့ရှိသည့် ပမာဏပေါ်မူတည်၍ ထောင်ဒဏ် (၅)နှစ်မှ (၁၅)နှစ်အထိ လည်းကောင်း၊ ဘတ် (၁)သန်း အထိ ဒဏ်ငွေကို လည်းကောင်း ချမှတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဥပဒေကို အစိုးရက တရားဝင်ထုတ်ပြန်ပြီးသည့်ကာလတွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း သိရသင်္ည်။

Tachileik News Agency
Ref; bangkokpost

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~