ဘိန္းစိမ္းေရာင္းခ်သူ(၁)ဦးႏွင့္ ဝယ္ယူရန္ ေရာက္ရိွေနသူ (၂)ဦးအား ဘိန္းစိမ္း(၁၂၀)ဂရမ္ႏွင့္အတူ ဖမ္းမိ

ဘိန္းစိမ္းေရာင္းခ်သူ(၁)ဦးႏွင့္ ဝယ္ယူရန္ ေရာက္ရိွေနသူ (၂)ဦးအား ဘိန္းစိမ္း(၁၂၀)ဂရမ္ႏွင့္အတူ ဖမ္းမိ
ဒီဇင်ဘာ 28, 2018
By Tachileik News Agency

မေကြးတုိင္းေဒသႀကီး၊ ငဖဲၿမိဳ႕တြင္ မူးယစ္ေဆးဝါးေရာင္းဝယ္မႈ လုပ္ေဆာင္သည္ဟု သတင္းရသည့္ လယ္ေစာင့္တဲအား ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၂၇)ရက္ေန႔ နံနက္(၁၁)နာရီအခ်ိန္က ဝင္ေရာက္ရွာေဖြရာ လယ္တဲပိုင္ရွင္ႏွင့္ မူးယစ္ေဆးဝါးဝယ္ယူရန္ေရာက္ရိွေနသူ(၂)ဦးတို႔ကို ဘိန္းစိမ္း အေလးခ်ိန္(၁၂၀)ဂရမ္ခန္႔ႏွင့္အတူ ဖမ္းမိေၾကာင္း သိရသည္။

 မူးယစ္တပ္ဖဲြ႔စု(၁၅) မေကြး ႏွင့္ ငဖဲၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖဲြ႔ဝင္မ်ားပူးေပါင္းအဖဲြ႔သည္ သက္ေသမ်ားႏွင့္အတူ ငဖဲၿမိဳ႕ေက်ာင္းတြင္းရပ္ကြက္၏ အေနာက္ဘက္ (၁)မိုင္ေက်ာ္အကြာရိွ ပမယ္(ခ) လွလွဝင္း၏ လယ္ေစာင့္တဲကို ဝင္ေရာက္ရွာေဖြရာ ပမယ္ႏွင့္အတူ ဦးနယ္ႏွင့္ျမင့္ျမင့္ဝါတို႔(၂)ဦးအား ေတြ႔ရိွရၿပီး တဲအတြင္း မီးဖိုခန္း အမိုးဝါးလံုးတန္း၌ ခ်ိတ္ဆဲြထားေသာ ဆိုင္ကယ္ဦးထုပ္အတြင္း ကၽြတ္ကၽြတ္အိတ္ျဖင့္ ထည့္ထားသည့္ ဘိန္းစိမ္း (၇၆)ထုပ္၊ ေငြက်ပ္(၂၅၀၀၀၀) တို႔ကို သိမ္းဆည္းရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ားႏွင့္အတူေတြ႔ရသည့္ ပမယ္၊ ဦးနယ္ႏွင့္ ျမင့္ျမင့္ဝါတို႔အား ငဖဲၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၉/၂၀၁၈၊မူး/စိတ္ ပုဒ္မ ၁၉(က)/၂၀(က)/၂၁ တို႔ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း -  ဖီးနစ္
ဓာတ္ပံု - ရဲတပ္ဖြဲ႔



~~~~~~~~⊰❂Unicode Version ~~~~~~~~


မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့တွင် မူးယစ်ဆေးဝါးရောင်းဝယ်မှု လုပ်ဆောင်သည်ဟု သတင်းရသည့် လယ်စောင့်တဲအား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၇)ရက်နေ့ နံနက်(၁၁)နာရီအချိန်က ဝင်ရောက်ရှာဖွေရာ လယ်တဲပိုင်ရှင်နှင့် မူးယစ်ဆေးဝါးဝယ်ယူရန်ရောက်ရှိနေသူ(၂)ဦးတို့ကို ဘိန်းစိမ်း အလေးချိန်(၁၂၀)ဂရမ်ခန့်နှင့်အတူ ဖမ်းမိကြောင်း သိရသည်။

 မူးယစ်တပ်ဖွဲ့စု(၁၅) မကွေး နှင့် ငဖဲမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ငဖဲမြို့ကျောင်းတွင်းရပ်ကွက်၏ အနောက်ဘက် (၁)မိုင်ကျော်အကွာရှိ ပမယ်(ခ) လှလှဝင်း၏ လယ်စောင့်တဲကို ဝင်ရောက်ရှာဖွေရာ ပမယ်နှင့်အတူ ဦးနယ်နှင့်မြင့်မြင့်ဝါတို့(၂)ဦးအား တွေ့ရှိရပြီး တဲအတွင်း မီးဖိုခန်း အမိုးဝါးလုံးတန်း၌ ချိတ်ဆွဲထားသော ဆိုင်ကယ်ဦးထုပ်အတွင်း ကျွတ်ကျွတ်အိတ်ဖြင့် ထည့်ထားသည့် ဘိန်းစိမ်း (၇၆)ထုပ်၊ ငွေကျပ်(၂၅၀၀၀၀) တို့ကို သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူတွေ့ရသည့် ပမယ်၊ ဦးနယ်နှင့် မြင့်မြင့်ဝါတို့အား ငဖဲမြို့မရဲစခန်းတွင် မယ(ပ)၉/၂၀၁၈၊မူး/စိတ် ပုဒ်မ ၁၉(က)/၂၀(က)/၂၁ တို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~