ႏိုင္ငံတကာမွ ပါ၀င္ဆင္ႏႊဲမည့္ တတိယအႀကိမ္ Tachileik Bike Week သို႔ ျပည္တြင္းျပည္ပမွ Biker မ်ား ေရာက္ရွိလာေန

ႏိုင္ငံတကာမွ ပါ၀င္ဆင္ႏႊဲမည့္ တတိယအႀကိမ္ Tachileik Bike Week သို႔ ျပည္တြင္းျပည္ပမွ Biker မ်ား ေရာက္ရွိလာေန
ဒီဇင်ဘာ 14, 2018
By Tachileik News Agency
ျမန္မာႏွင့္ ႏုိင္ငံတကာမွ Biker မ်ားပါဝင္သည့္ တတိယအႀကိမ္ Tachileik Bike Week ကို ရွမ္းျပည္နယ္ အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းတြင္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၁၄) ရက္ေန႔ညေန၌ အခမ္းအနားျဖင့္ စတင္ ဖြင့္လွစ္မည္ျဖစ္ၿပီး Biker မ်ားႏွင့္ ပတ္သက္သည့္ ဆုိင္ခန္း၊ျပခန္းမ်ားကို ေလ့လာႏုိင္ၿပီျဖစ္ေၾကာင္းႏွင့္ ျပည္တြင္းႏွင့္ျပည္ပမွ Biker မ်ားလည္း ေရာက္ရွိေနလွ်က္ရွိေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕အေျခစိုက္ Eastern Eagle Motorcycle Club က စီစဥ္သည့္ အဆိုပါ Tachileik Bike Week တြင္ ျမန္မာႏုိင္ငံမွ Biker မ်ားအျပင္ ဘရူႏုိင္း၊ အင္ဒိုနီးရွား၊ မေလးရွား၊ ထုိင္း၊ စကၤာပူ၊ လာအို၊ ကေမၻာဒီးယားႏွင့္ အျခားႏုိင္ငံမ်ားမွလည္း ပါဝင္ၾကမည္ျဖစ္သည္။

ဖြင့္ပြဲေန႔ညေနတြင္ ရွမ္းအဆိုေတာ္ စိုင္းဟန္လင္း၊ အဆိုေတာ္ သအို၊ ေဝလ၊ ဖိုးျပည့္ ႏွင့္ ျဖဴျဖဴေက်ာ္သိန္းတို႔၏ သီဆိုေဖ်ာ္ေျဖမႈမ်ား ပါဝင္မည္ျဖစ္ၿပီး တစ္ဦးလွ်င္ ဝင္ေၾကး ဘတ္(၂၀၀)သတ္မွတ္ထားေၾကာင္း သိရသည္။

Tachileik Bike Week  က်င္းပသည့္ႏွစ္ရက္အတြင္း ရွမ္းရိုးမကြင္း၌ AGB-TACHILEIK ႏွင့္ Golden Triangle Broadbands Co., Ltd. ( GTB ) တို႔က Wi-Fi အခမဲ့အသံုးျပဳခြင့္ေပးထားမည္ျဖစ္ရာ ျပပြဲအဝင္ရိွ AGB-TACHILEIK ႏွင့္ Golden Triangle Broadbands Co., Ltd. (GTB) အေရာင္းျပခန္းတြင္ Wi-Fi Password ရယူနုိင္ေၾကာင္း သိရသည္။

ဓါတ္ပံု - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနှင့် နိုင်ငံတကာမှ Biker များပါဝင်သည့် တတိယအကြိမ် Tachileik Bike Week ကို ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်နေ့ညနေ၌ အခမ်းအနားဖြင့် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး Biker များနှင့် ပတ်သက်သည့် ဆိုင်ခန်း၊ပြခန်းများကို လေ့လာနိုင်ပြီဖြစ်ကြောင်းနှင့် ပြည်တွင်းနှင့်ပြည်ပမှ Biker များလည်း ရောက်ရှိနေလျှက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့အခြေစိုက် Eastern Eagle Motorcycle Club က စီစဉ်သည့် အဆိုပါ Tachileik Bike Week တွင် မြန်မာနိုင်ငံမှ Biker များအပြင် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ စင်္ကာပူ၊ လာအို၊ ကမ္ဘောဒီးယားနှင့် အခြားနိုင်ငံများမှလည်း ပါဝင်ကြမည်ဖြစ်သည်။

ဖွင့်ပွဲနေ့ညနေတွင် ရှမ်းအဆိုတော် စိုင်းဟန်လင်း၊ အဆိုတော် သအို၊ ဝေလ၊ ဖိုးပြည့် နှင့် ဖြူဖြူကျော်သိန်းတို့၏ သီဆိုဖျော်ဖြေမှုများ ပါဝင်မည်ဖြစ်ပြီး တစ်ဦးလျှင် ဝင်ကြေး ဘတ်(၂၀၀)သတ်မှတ်ထားကြောင်း သိရသည်။

Tachileik Bike Week ကျင်းပသည့်နှစ်ရက်အတွင်း ရှမ်းရိုးမကွင်း၌ AGB-TACHILEIK နှင့် Golden Triangle Broadbands Co., Ltd. ( GTB ) တို့က Wi-Fi အခမဲ့အသုံးပြုခွင့်ပေးထားမည်ဖြစ်ရာ ပြပွဲအဝင်ရှိ AGB-TACHILEIK နှင့် Golden Triangle Broadbands Co., Ltd. (GTB) အရောင်းပြခန်းတွင် Wi-Fi Password ရယူနိုင်ကြောင်း သိရသည်။

ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~