Writen by
Web Admin
10:20:00 PM
-
0
Comments
ထုိင္းႏုိင္ငံက အသစ္ထုတ္ေဝလုိက္သည့္ ဘတ္တစ္ေထာင္တန္၏ ဒီဇိုင္းႏွင့္ အတုျပဳလုပ္ရန္ခက္ခဲသည့္ လံုၿခံဳေရးစနစ္တုိ႔ေၾကာင့္ ေဒသတြင္း လံုၿခံဳမႈအျမင့္ဆံုးေငြစကၠဴအျဖစ္ ဆုေရြးခ်ယ္ခ်ီးျမႇင့္ခံရေၾကာင္း ဘန္ေကာက္ပို႔စ္သတင္း၏ ေဖၚျပခ်က္အရ သိရသည္။ဗီယက္နမ္ႏုိင္ငံ၊ ဟႏိြဳင္းၿမိဳ႕၌ သံုးရက္တာက်င္းပခဲ့သည့္ အာရွ၏ အဆင့္ျမင့္လံုၿခံဳေရးပံုႏွိပ္ဖိုရမ္ ၂၀၁၈ က ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလ (၇)ရက္ေန႔တြင္ ေၾကညာလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ထုိင္းဘတ္ေငြ တစ္ေထာင္တန္မွာ လက္ရိွဘုရင္၏ (၆၆)ႏွစ္ေျမာက္ေမြးေန႔အထိမ္းအမွတ္အျဖစ္ ဘတ္ (၅၀၀)တန္ႏွင့္အတူ အသစ္ ထုတ္ေဝထားျခင္းျဖစ္ၿပီး ဘတ္တစ္ေထာင္တန္မွာ လံုၿခံဳမႈစနစ္ အေကာင္းဆံုးႏွင့္ တီထြင္ဆန္းသစ္မႈ အျမင့္ဆံုးအျဖစ္ အသိအမွတ္ျပဳခံရျခင္းျဖစ္ေၾကာင္း သိရသည္။
ထုိင္းႏုိင္ငံ၏ ေငြစကၠဴမ်ား အတုျပဳလုပ္ရန္ ခက္ခဲေစသည့္ လံုၿခံဳေရးအဆင့္ျမင့္မားမႈႏွင့္ ပတ္သက္၍ ဆုခ်ီးျမႇင့္ခံရမႈမွာ ဒုတိယအႀကိမ္ျဖစ္လာၿပီး ပထမဆံုးအျဖစ္ ဘုရင္ဘူမိေဘာအဒူလ်ာဒက္လက္ထက္ ၂၀၁၅ ခုႏွစ္ စက္တင္ဘာလက ရိုက္ႏွိပ္ထုတ္ေဝလိုက္သည့္ ဘတ္တစ္ေထာင္တန္မွာ လံုၿခံဳမႈ စနစ္အျမင့္ဆံုး ေငြစကၠဴအျဖစ္ ဆုခ်ီးျမႇင့္ခံခဲ့ရျခင္းျဖစ္သည္။
Tachileik News Agency
Ref; BangKokPost
ထိုင်းနိုင်ငံက အသစ်ထုတ်ဝေလိုက်သည့် ဘတ်တစ်ထောင်တန်၏ ဒီဇိုင်းနှင့် အတုပြုလုပ်ရန်ခက်ခဲသည့် လုံခြုံရေးစနစ်တို့ကြောင့် ဒေသတွင်း လုံခြုံမှုအမြင့်ဆုံးငွေစက္ကူအဖြစ် ဆုရွေးချယ်ချီးမြှင့်ခံရကြောင်း ဘန်ကောက်ပို့စ်သတင်း၏ ဖော်ပြချက်အရ သိရသည်။
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ သုံးရက်တာကျင်းပခဲ့သည့် အာရှ၏ အဆင့်မြင့်လုံခြုံရေးပုံနှိပ်ဖိုရမ် ၂၀၁၈ က ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၇)ရက်နေ့တွင် ကြေညာလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ထိုင်းဘတ်ငွေ တစ်ထောင်တန်မှာ လက်ရှိဘုရင်၏ (၆၆)နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် ဘတ် (၅၀၀)တန်နှင့်အတူ အသစ် ထုတ်ဝေထားခြင်းဖြစ်ပြီး ဘတ်တစ်ထောင်တန်မှာ လုံခြုံမှုစနစ် အကောင်းဆုံးနှင့် တီထွင်ဆန်းသစ်မှု အမြင့်ဆုံးအဖြစ် အသိအမှတ်ပြုခံရခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၏ ငွေစက္ကူများ အတုပြုလုပ်ရန် ခက်ခဲစေသည့် လုံခြုံရေးအဆင့်မြင့်မားမှုနှင့် ပတ်သက်၍ ဆုချီးမြှင့်ခံရမှုမှာ ဒုတိယအကြိမ်ဖြစ်လာပြီး ပထမဆုံးအဖြစ် ဘုရင်ဘူမိဘောအဒူလျာဒက်လက်ထက် ၂၀၁၅ ခုနှစ် စက်တင်ဘာလက ရိုက်နှိပ်ထုတ်ဝေလိုက်သည့် ဘတ်တစ်ထောင်တန်မှာ လုံခြုံမှု စနစ်အမြင့်ဆုံး ငွေစက္ကူအဖြစ် ဆုချီးမြှင့်ခံခဲ့ရခြင်းဖြစ်သည်။
Tachileik News Agency
Ref; BangKokPost
No comments
Post a Comment
:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::