တာခ်ီလိတ္တြင္ က်င္းပျပဳလုပ္သည့္ အာခါတုိင္းရင္းသားမ်ား၏ ရိုးရာႏွစ္သစ္ကူး ပြဲေတာ္တြင္ ႏုိင္ငံ(၅)ႏိုင္ငံ၌ ပ်ံ႕ႏွံ႔ေနထုိင္သည့္ အာခါ တုိင္းရင္းသားမ်ား၏ ဝတ္စုံမ်ားကို ဝတ္ဆင္ျပသ

တာခ်ီလိတ္တြင္ က်င္းပျပဳလုပ္သည့္ အာခါတုိင္းရင္းသားမ်ား၏ ရိုးရာႏွစ္သစ္ကူး ပြဲေတာ္တြင္ ႏုိင္ငံ(၅)ႏိုင္ငံ၌ ပ်ံ႕ႏွံ႔ေနထုိင္သည့္ အာခါ တုိင္းရင္းသားမ်ား၏ ဝတ္စုံမ်ားကို ဝတ္ဆင္ျပသ
ဒီဇင်ဘာ 11, 2018
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသတြင္ အမ်ားစုေနထုိင္ၾကသည့္ အာခါတုိင္းရင္းသားမ်ား၏ ရိုးရာႏွစ္သစ္ကူး ပြဲေတာ္ (ခါးေထာင္းဖားပြဲေတာ္)ကို တာခ်ီလိတ္ၿမိဳ႕တြင္(၁၁)ႀကိမ္ေျမာက္အျဖစ္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ(၁၁)ရက္ေန႔ နံနက္ကက်င္းပရာ ျမန္မာအပါအဝင္ ႏုိင္ငံ(၅)ႏိုင္ငံ၌ ပ်ံ႕ႏွံ႔ေနထုိင္သည့္ အာခါ တုိင္းရင္းသားမ်ား၏ ဝတ္စုံမ်ားကို ဝတ္ဆင္ ျပသခဲ့ၾကသည္။

ျမန္မာႏုိင္ငံအေရွ႕ပိုင္းအပါအဝင္ တရုတ္၊ ဗီယက္နမ္၊ လာအိုႏွင့္ ထုိင္းႏုိင္ငံတို႔တြင္ ပ်ံ႕ႏွံ႕ေနထုိင္ၾကသည့္ အာခါတုိင္းရင္းသားမ်ားသည္ ဝတ္စားဆင္ယင္မႈ အနည္းငယ္ကြဲျပားၾကေသာ္လည္း စကားမွာ (၉၅)ရာခိုင္ႏႈန္းေက်ာ္ တူညီၾကသည္ဟု သိရၿပီး မိမိတို႔၏ ရိုးရာဝတ္စားဆင္ယင္မႈကို ထိန္းသိမ္း ထားႏိုင္ဆဲျဖစ္ေၾကာင္း သိရသည္။

အာခါတိုင္းရင္းသားမ်ားအမ်ိဳးသမီးမ်ား၏ ဝတ္စားဆင္ယင္မႈကိုၾကည့္ၿပီး မ်ိဳးႏြယ္ကို သိရိွႏုိင္ေၾကာင္းႏွင့္ ေဆာင္းထားသည့္ ဦးထုပ္ပံုစံျဖင့္ အိမ္ေထာင္မရိွသူႏွင့္ အိမ္ေထာင္ရိွသူတို႔ကို ခြဲျခားသိႏုိင္ျခင္းျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသတြင္ အမ်ားစုေနထုိင္ၾကသည့္ အာခါတုိင္းရင္းသားမ်ား၏ ရိုးရာႏွစ္သစ္ကူး ပြဲေတာ္ (ခါးေထာင္းဖားပြဲေတာ္)ကို ေဒသအလိုက္ က်င္းပၾကျခင္းျဖစ္ၿပီး တာခ်ီလိတ္ၿမိဳ႕တြင္ ရွမ္းရိုးမကြင္း အတြင္း၌ ဒီဇင္ဘာလ (၁၀)ရက္ေန႔မွစ၍ (၃)ရက္ၾကာ က်င္းပေနျခင္းျဖစ္ကာ ဒီဇင္ဘာလ (၁၁)ရက္ေန႔တြင္ ဖြင့္ပြဲအခမ္းအနားကို က်င္းပျခင္းျဖစ္သည္။

ခါးေထာင္းဖားပြဲေတာ္ဖြင့္ပြဲသို႔ ေဒသတြင္းမွ ေဒသအုပ္ခ်ဳပ္ေရးဆိုင္ရာအႀကီးအကဲမ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ဌာနဆုိင္ရာမ်ား၊ တိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႔မ်ား၊ ေဒသအသီးသီးမွ အာခါတိုင္းရင္းသားမ်ား၊ တရုတ္၊ ထုိင္းႏွင့္ လာအိုႏုိင္ငံမ်ားမွ အာခါတုိင္းရင္းသားမ်ားလည္း တက္ေရာက္ၾကသည္ကို ေတြ႔ရသည္။

ဖြင့္ပြဲအခမ္းအနားသို႔ တက္ေရာက္လာသည့္ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး  ဗိုလ္ခ်ဳပ္ခင္လိႈင္က အာခါစာေပႏွင့္ယဥ္ေက်းမႈအဖြဲ႕သို႔ အမွတ္တရလက္ေဆာင္မ်ားႏွင့္ အလွဴေငြမ်ားေပးအပ္ၿပီး ထုိင္းႏုိင္ငံဘက္မွ TBC (နယ္ျခားေကာ္မတီ) အဖြဲ႕တာဝန္ရိွသူမ်ားကလည္း လက္ေဆာင္ ပစၥည္းမ်ားေပးအပ္ကာ အာခါတုိင္းရင္းသားမ်ားကလည္း အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား ျပန္လည္ ေပးအပ္သည္ကို ေတြ႔ရသည္။

ခါးေထာင္းဖားပြဲေတာ္တြင္ ေဒသအသီးသီးမွ အာခါတုိင္းရင္းသားရိုးရာ လူငယ္အကအဖြဲ႕မ်ား၊ အဘိုးအဘြားမ်ား၏ ရိုးရာေတးသီခ်င္းေဖ်ာ္ေျဖမႈမ်ားျဖင့္ ဆက္လက္က်င္းပေနၿပီး ဖြင့္ပြဲတက္ေရာက္သည့္ ဧည့္သည္မ်ားကို အာခါတုိင္းရင္းသားရိုးရာအစားအေသာက္မ်ားျဖင့္ ဧည့္ခံေကၽြးေမြးၾကသည္ကို ေတြ႔ရသည္။

Tachileik News Agency
ဓါတ္ပံု - ခ်ယ္ရီထိုက္ ၊ ဆန္းၿဖဳိးထြန္း



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် အများစုနေထိုင်ကြသည့် အာခါတိုင်းရင်းသားများ၏ ရိုးရာနှစ်သစ်ကူး ပွဲတော် (ခါးထောင်းဖားပွဲတော်)ကို တာချီလိတ်မြို့တွင်(၁၁)ကြိမ်မြောက်အဖြစ် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ(၁၁)ရက်နေ့ နံနက်ကကျင်းပရာ မြန်မာအပါအဝင် နိုင်ငံ(၅)နိုင်ငံ၌ ပျံ့နှံ့နေထိုင်သည့် အာခါ တိုင်းရင်းသားများ၏ ဝတ်စုံများကို ဝတ်ဆင် ပြသခဲ့ကြသည်။

မြန်မာနိုင်ငံအရှေ့ပိုင်းအပါအဝင် တရုတ်၊ ဗီယက်နမ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့တွင် ပျံ့နှံ့နေထိုင်ကြသည့် အာခါတိုင်းရင်းသားများသည် ဝတ်စားဆင်ယင်မှု အနည်းငယ်ကွဲပြားကြသော်လည်း စကားမှာ (၉၅)ရာခိုင်နှုန်းကျော် တူညီကြသည်ဟု သိရပြီး မိမိတို့၏ ရိုးရာဝတ်စားဆင်ယင်မှုကို ထိန်းသိမ်း ထားနိုင်ဆဲဖြစ်ကြောင်း သိရသည်။

အာခါတိုင်းရင်းသားများအမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုကိုကြည့်ပြီး မျိုးနွယ်ကို သိရှိနိုင်ကြောင်းနှင့် ဆောင်းထားသည့် ဦးထုပ်ပုံစံဖြင့် အိမ်ထောင်မရှိသူနှင့် အိမ်ထောင်ရှိသူတို့ကို ခွဲခြားသိနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် အများစုနေထိုင်ကြသည့် အာခါတိုင်းရင်းသားများ၏ ရိုးရာနှစ်သစ်ကူး ပွဲတော် (ခါးထောင်းဖားပွဲတော်)ကို ဒေသအလိုက် ကျင်းပကြခြင်းဖြစ်ပြီး တာချီလိတ်မြို့တွင် ရှမ်းရိုးမကွင်း အတွင်း၌ ဒီဇင်ဘာလ (၁၀)ရက်နေ့မှစ၍ (၃)ရက်ကြာ ကျင်းပနခြေင်းဖြစ်ကာ ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် ဖွင့်ပွဲအခမ်းအနားကို ကျင်းပခြင်းဖြစ်သည်။

ခါးထောင်းဖားပွဲတော်ဖွင့်ပွဲသို့ ဒေသတွင်းမှ ဒေသအုပ်ချုပ်ရေးဆိုင်ရာအကြီးအကဲများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ဒေသအသီးသီးမှ အာခါတိုင်းရင်းသားများ၊ တရုတ်၊ ထိုင်းနှင့် လာအိုနိုင်ငံများမှ အာခါတိုင်းရင်းသားများလည်း တက်ရောက်ကြသည်ကို တွေ့ရသည်။

ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်က အာခါစာပေနှင့်ယဉ်ကျေးမှုအဖွဲ့သို့ အမှတ်တရလက်ဆောင်များနှင့် အလှူငွေများပေးအပ်ပြီး ထိုင်းနိုင်ငံဘက်မှ TBC (နယ်ခြားကော်မတီ) အဖွဲ့တာဝန်ရှိသူများကလည်း လက်ဆောင် ပစ္စည်းများပေးအပ်ကာ အာခါတိုင်းရင်းသားများကလည်း အမှတ်တရ လက်ဆောင်ပစ္စည်းများ ပြန်လည် ပေးအပ်သည်ကို တွေ့ရသည်။

ခါးထောင်းဖားပွဲတော်တွင် ဒေသအသီးသီးမှ အာခါတိုင်းရင်းသားရိုးရာ လူငယ်အကအဖွဲ့များ၊ အဘိုးအဘွားများ၏ ရိုးရာတေးသီချင်းဖျော်ဖြေမှုများဖြင့် ဆက်လက်ကျင်းပနပြေီး ဖွင့်ပွဲတက်ရောက်သည့် ဧည့်သည်များကို အာခါတိုင်းရင်းသားရိုးရာအစားအသောက်များဖြင့် ဧည့်ခံကျွေးမွေးကြသည်ကို တွေ့ရသည်။

Tachileik News Agency
ဓာတ်ပုံ - ချယ်ရီထိုက်၊ ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~