တတိယအကြိမ် Tachileik Bike Week ၏ ပထမနေ့တွင် အမျိုးသမီး (၅)ဦး အပါအဝင် မြန်မာနှင့် နိုင်ငံတကာမှ Biker (၃၅၀)ပါဝင်

တတိယအကြိမ် Tachileik Bike Week ၏ ပထမနေ့တွင် အမျိုးသမီး (၅)ဦး အပါအဝင် မြန်မာနှင့် နိုင်ငံတကာမှ Biker (၃၅၀)ပါဝင်
ဒီဇငျဘာ 14, 2018
By Tachileik News Agency


(၂)ရက်တာ ကျင်းပမည့် 3rd Tachileik Bike Week ၏ ဖွင့်ပွဲအခမ်းအနားကို ဒေသတာဝန်ရှိသူများက တက်ရောက် ဖွင့်လှစ်ပေးကြပြီး ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းလိုက်နာရေးလှုံ့ဆော်ရေးအတွက် Biker များအနေဖြင့် ပါဝင်ကြရန်ကိုလည်း တိုက်တွန်းသွားသည်။

“မိတ်ဆွေတို့ဟာ အပြည်ပြည်ဆိုင်ရာ စီးနင်းနေကြတဲ့ Professional Rider များဖြစ်တာကြောင့် တာချီလိတ်က လူငယ်လူရွယ်ဆိုင်ကယ်စီးနင်းသူတွေရဲ့ စံနမူနာဖြစ်အောင် ဆိုင်ကယ်ကို စနစ်တကျဘေးကင်းစွာစီးနင်းရင်း ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာရန် စံပြအနေဖြင့် လိုက်နာစီးနင်းပေးသွားကြဖို့ ပြောကြားလိုပါတယ်”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ဖွင့်ပွဲ အခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင်  တာချီလိတ်ခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့စု (၁၁၉)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးဇော်မင်းသိန်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေးလှုံ့ဆော်မှုစာတမ်းများပါသည့် တီရှပ်များကို Biker အဖွဲ့ထံပေးအပ်ပြီး ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းလိုက်နာစေရေး လှုံ့ဆော်မှုတွင် Biker များအနေဖြင့် ပါဝင်ကူညီပေးရေး လုပ်ဆောင်ခဲ့သည်။



Tachileik News Agency



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ကျင်းပသည့် တတိယအကြိမ် Tachileik Bike Week ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၄)ရက်နေ့ ည(၆)နာရီခွဲဝန်းကျင်က စတင်ဖွင့်လှစ်လိုက်ပြီး အမျိုးသမီး Biker (၅)ဦးအပါအဝင် မြန်မာနှင့် နိုင်ငံတကာမှ Biker ပေါင်း (၃၅၀)ပါဝင်ကြောင်း သိရသည်။

(၂)ရက်တာ ကျင်းပမည့် 3rd Tachileik Bike Week၏ ဖွင့်ပွဲအခမ်းအနားကို ဒေသတာဝန်ရှိသူများက တက်ရောက် ဖွင့်လှစ်ပေးကြပြီး ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းလိုက်နာရေးလှုံ့ဆော်ရေးအတွက် Biker များအနဖြေင့် ပါဝင်ကြရန်ကိုလည်း တိုက်တွန်းသွားသည်။

“မိတ်ဆွေတို့ဟာ အပြည်ပြည်ဆိုင်ရာ စီးနင်းနကြေတဲ့ Professional Rider များဖြစ်တာကြောင့် တာချီလိတ်က လူငယ်လူရွယ်ဆိုင်ကယ်စီးနင်းသူတွေရဲ့ စံနမူနာဖြစ်အောင် ဆိုင်ကယ်ကို စနစ်တကျဘေးကင်းစွာစီးနင်းရင်း ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာရန် စံပြအနဖြေင့် လိုက်နာစီးနင်းပေးသွားကြဖို့ ပြောကြားလိုပါတယ်”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ဖွင့်ပွဲ အခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် တာချီလိတ်ခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့စု (၁၁၉)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးဇော်မင်းသိန်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေးလှုံ့ဆော်မှုစာတမ်းများပါသည့် တီရှပ်များကို Biker အဖွဲ့ထံပေးအပ်ပြီး ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းလိုက်နာစေရေး လှုံ့ဆော်မှုတွင် Biker များအနဖြေင့် ပါဝင်ကူညီပေးရေး လုပ်ဆောင်ခဲ့သည်။

အဆိုပါပွဲမှ ရရှိသည့် ရန်ပုံငွေအားလုံးကို တာချီလိတ်ခရိုင်အတွင်း လိုအပ်သည့်နေရာများတွင် ပြန်လည် လှူဒါန်းမည်ဖြစ်ပြီး ပွဲဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီပေးသူများအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့သည်။

3rd Tachileik Bike Week ကျင်းပနေသည့် (၂)ရက်တာအတွင်း ရှမ်းရိုးမကွင်း၌ Biker များ၏ အသုံးအဆောင်ပစ္စည်းမျိုးစုံဆိုင်ခန်းများနှင့် အဆိုတော်များ၏ဖျော်ဖြေမှုများ ရှိနေမည်ဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ချယ်ရီထိုက်၊ ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~